ဝိတ်မကျမှာ စိတ်မပူပါနဲ့

ဝတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင် တဲ့သူက ပိန်ချင်မယ်၊ ပိန်လွန်းတယ်လို့ ထင်တဲ့သူက ဝချင်မယ်။ အဓိကကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေး ချိန်ရှိနေဖို့ပါ။ ဒါကို BMI (Body Mass Index) နဲ့ ကြည့်ပါ။BMI နဲ့ကြည့်ပြီး အလေးချိန် နည်းနည်းလျော့လို့ရသေး လား၊ ဘယ်လောက်ထိ အလေးချိန် တက်လို့ရသေးလဲ ဆုံးဖြတ်ပါ။ ကျန်းမာ တဲ့ Limit ဘောင်အတွင်းမှာပဲ ရှိနေပါ စေ။ အစွန်းနှစ်ဖက် မကျော်ဖို့ အရေး ကြီးပါတယ်၊ ဒါဆို ကျန်းမာရေးကောင်း ပြီး ခန္ဓာကိုယ်အလှလည်း ထိန်းနိုင်ပါ မယ်။ ဒီအချက်ကို အရင်သိထားပြီးရင် လက်တွေ့ဘဝမှာ ဝိတ်ကျဖို့ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့သူတွေရဲ့ အကြံဉာဏ်တွေ ကို အောက်မှာ ဆက်လက်ဖော်ပြထားပါ တယ်။

– ရေမကြာခဏသောက်ပါ
ရေတစ်လီတာ တစ်ဘူးကို အမြဲတမ်း သွားလေရာဆောင်သွားပြီး မကုန်မချင်း မကြာခဏ ရေသောက်ပေးပါ။

– နှစ်သက်တဲ့ကိုယ်လက်လှုပ်ရှားလုပ်ပါ
လူတစ်ဦးနဲ့တစ်ဦးမှာ အကြိုက်ချင်း မတူတာကြောင့် ကိုယ်လက်လှုပ်ရှားလုပ် ဖြစ်ဖို့ဆိုရင် သင်တကယ်ကို စိတ်ပါဝင် စားလုပ်ချင်တဲ့ အားကစားမျိုး ဖြစ်ဖို့လို ပါတယ်။ အဓိကက ခန္ဓာကိုယ်ကြီး လှုပ် လှုပ်ရှားရှား ရှိနေဖို့ပါပဲ။ ယောဂအား သန်တဲ့သူက ယောဂကစားပါ၊ Zumba အားသန်ရင် Zumba ကစားပြီး Cardio အားသန်ရင် Cardio ကစားပါ။

– အားကစားခန်းမသွားဖို့ စိတ်မပါရင် သီချင်းဖွင့်ပါ
တစ်ခါတလေ အားကစားခန်းမ သွားဖို့ အရမ်းပင်ပန်းနေတာ၊ တစ်ခုခု အဆင်မပြေတာ ဖြစ်ရင် သီချင်းမြူးမြူးလေးဖွင့်လိုက်ပြီး စိတ်လွတ်ကိုယ်လွတ် ကခုန်လိုက်ပါ။

– ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် မျှတ အောင်စားပါ
ကာဗိုဟိုက်ဒရိတ်တွေ ပိုများများ မစားသလို၊ ပရိုတင်းချည်းပဲလည်း မစား ပါနဲ့။ နှစ်မျိုးစလုံး မျှတအောင် စားပေးပါ။

– အစားအစာကို ကြိုပြင်ဆင်ပါ
ဗိုက်ဆာမှ အစာစားဖို့ လိုက်ရှာပြီး ပြင်ဆင်မယ်ဆိုရင် ကျန်းမာရေးနဲ့မညီ တာ အလွယ်တကူ စားမိတတ်သလို လို အပ်တာထက်လည်း ပိုစားမိတတ်ပါ တယ်။ ဒါကြောင့် သင်နိုင်သလောက် တစ်ပတ်စာဆို တစ်ပတ်စာ၊ နှစ်ပတ်စာဆို နှစ်ပတ်စာ ကြိုပြီး ပြင်ဆင်ထားပါ။

– အစာအာဟာရ မျှတအောင်စားပါ
ပရိုတင်း (ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး)၊ ကာဗိုဟိုက်ဒရိတ် (အုတ်ဂျုံ၊ ကန်စွန်းဥ၊ ကွီနိုရာ)၊ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့အဆီ (ထောပတ်သီး၊ အုန်းဆီ)၊ အစေ့အဆန်၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေကို မျှတအောင် စားသုံးပါ။ တတ်နိုင်သလောက် အော်ဂဲနစ် စားစရာ တွေဖြစ်ရင် ပိုကောင်းပါတယ်။

– ကိုယ်အလေးချိန်ကျဖို့ အလေးမပါ
အားကစားခန်းမမှာ နည်းပြရဲ့ လမ်း ဩန်မှုနဲ့ အလေးတုံးတွေ ကစားပါ။ ခါး မနာစေဖို့၊ ခန္ဓာကိုယ်ဝန်မပိ၊ ဒဏ်မဖြစ် စေဖို့ နည်းပြကောင်းတွေက လမ်းညွှန် ပေးနိုင်ပါတယ်။ အလေးတုံးတွေနဲ့ အား ကစားလုပ်တာက နှလုံးကြွက်သားကို သန်မာစေပြီး ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းစေပါတယ်။

– မကြာခဏစားပေးပါ
ပုံမှန် တစ်နေ့သုံးကြိမ်စားတာကနေ တစ်နေ့ကို ၅ – ၆ ကြိမ် နည်းနည်းစီ စား ပေးပါ၊ ဒါက ခန္ဓာကိုယ်ကို ကောင်း ကောင်းမွန်မွန် အစာခြေနိုင်စေတဲ့အပြင် ဗိုက်အရမ်းဆာမှ စားတဲ့အခါ အလွန် အကျွံစားမိတာမျိုး မဖြစ်စေတော့ပါဘူး။

– ဗိုက်ဆာရင် ဟင်းသီးဟင်းရွက်စားပါ
အစာစားပြီးလို့ ဗိုက်ထပ်ဆာတာ ဖြစ်ရင် အသင့်ထုပ်ပိုးထားတဲ့ Junk Food တွေ မစားပါနဲ့၊ ဟင်းသီးဟင်း ရွက်တစ်မျိုးမျိုးကို ပြုတ်စားတာ အ ကောင်းဆုံးပါ။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal