ဝိတ်ကျလိုတယ်ဆိုရင် အမူအကျင့်လေးတွေ ပြင်လိုက်ပါ

ဝိတ်ကျချင်ပေမယ့် အစားအ သောက်ကိုလည်း မလျှော့ချင်၊ လေ့ကျင့် ခန်း ပုံမှန်လုပ်ဖို့ကျပြန်တော့လည်း ပျင်း နေတယ်ဆိုရင်တော့ ၀ိတ်ကျဖို့ ဖြစ်နိုင် ပါတော့မလား။ ခန္ဓာကိုယ်ပင်ပန်းမှာ လည်းစိုးတယ်၊ ၀ိတ်လည်းချချင်ဆိုရင် အမူအကျင့်လေးတွေကို ပြောင်းလဲလိုက် ဖို့ လိုပါတယ်။ အောက်ပါအမူအကျင့် လေးတွေ ပြောင်းလဲလိုက်မယ်ဆိုရင် တော့ ၀ိတ်ကျပြီး လှပလာတော့မှာ အသေအချာပါ။

အသင့်စား အစာတွေကို ရှောင်ပါ
အသင့်ပြုလုပ်ထားတဲ့အစားအစာ တွေက ကိုယ်တိုင်ပြုလုပ်ပြီး စားရတဲ့ အ စားအစာလောက်တော့ အာဟာရပါဝင်မှု မကောင်းနိုင်ပါဘူး။ သဘာဝနည်းနဲ့ စိုက် ပျိုးထားတဲ့ အသီးအနှံတွေ၊ လတ်ဆတ် တဲ့ အသားငါးတွေကသာ သင့်ကျန်းမာ ရေးကို အထောက်အကူပြုပြီး အာဟာရ ပြည့်ဝစေတာပါ။ ကြာရှည်ခံအောင်ပြု လုပ်ထားတဲ့ အစားအစာတွေကြောင့် သင့်ကိုယ်အလေးချိန်ကို တိုးလာစေပါ တယ်။ ဒါကြောင့် သင်က အသင့်ပြုလုပ် ထားတဲ့ အစားအစာတွေကို ကြိုက်တတ် တဲ့သူမဟုတ်ဘူးဆိုရင်တော့ ကိုယ်အ လေး ချိန်တက်လာမှာမဟုတ်ဘဲ လှပ ကြည့်ကောင်းနေစေပါလိမ့်မယ်။

လမ်းလျှောက်ပါ
အလုပ်သွားအလုပ်ပြန် လမ်းလျှောက် တာမျိုး၊ ကားဂိတ်ကို လမ်းလျှောက်သွား တာမျိုး၊ နေ့လယ်စာစားပြီးတိုင်း ပုံမှန် လမ်းလျှောက်တာမျိုးနဲ့ သိပ်မဝေးတဲ့နေ ရာတွေကို စက်ဘီး၊ ဆိုက်ကားနဲ့ ကားမ သုံးဘဲ လမ်းလျှောက်သွားတတ်တဲ့ အကျင့် ရှိသူတွေဟာ ကျန်းမာတဲ့ ကိုယ်အလေး ချိန်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ကိုယ်အလေး ချိန်ချနေသူအနေနဲ့ တစ်နေ့တာလှုပ်ရှားမှု ထဲမှာ လမ်းလျှောက်တဲ့အကျင့်တစ်ခု ဖြစ်လာတာနဲ့ တစ်နှစ်ပြည့်ချိန်မှာတော့ ပေါင် ၄၀ လောက် ကျသွားနိုင်တယ်လို့ ဆိုပါတယ်။ လမ်းလျှောက်နည်းပြီး လှုပ် ရှားမှုနည်းတဲ့သူတွေဟာ အ၀လွန်လာ တတ်တာကြောင့် လမ်းလျှောက်တဲ့အ ကျင့်ကောင်းကို ထိန်းသိမ်းထားဖို့လိုပြီး တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ လမ်း လျှောက်လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့် ပါတယ်။

အသီးအရွက်တွေ များများစားပါ
အသီးအရွက်တွေကို ပိုပြီး ကြိုက် တတ်တဲ့သူတွေဟာ အသားငါးကို ပို ကြိုက်တဲ့သူတွေထက် ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ကြပါတယ်။ အသီးအနှံတွေထဲမှာ ခန္ဓာကိုယ်အကျိုးပြု စေတဲ့ အာနိသင်တွေ များစွာပါဝင်တဲ့ အ ပြင် ဆာလောင်မှုကို ဟန့်တားနိုင်တာ ကြောင့် ကိုယ်အလေးချိန်တက်မလာတော့ ပါဘူး။ ဒါကြောင့် သင်က အသီးအရွက်ကို အသားထက်ပိုကြိုက်တယ်ဆိုရင် ဒါဟာ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အသား တွေကို လုံးဝရှောင်ကြဉ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ မျှတအောင်စားနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အသား ငါးနဲ့ အသီးအရွက်တွေကို မျှတအောင် ပုံမှန်စားပေးတဲ့သူတွေဟာ တစ်လကြာ ချိန်မှာ ပိုနေတဲ့ကိုယ်အလေးချိန် ပေါင် ၂၀ လောက်ကျသွားစေနိုင်တယ်လို့ ဆို ပါတယ်။

ပြေးလွှားခုန်ပေါက်နေပါ
တစ်နေ့ကို မိနစ် ၂၀ လောက် အ ပြေးလေ့ကျင့်သူတွေဟာ နှစ်လကြာတဲ့ အချိန်မှာ ကိုယ်အလေးချိန် ပေါင် ၂၀ လောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် သင်က ပြေးလွှားခုန်ပေါက်နေတတ်တဲ့ အကျင့်ရှိတာကြောင့် အထူးလေ့ကျင့်နေ စရာမလိုဘဲ ကိုယ်အလေးချိန်ကို ထိန်း ထားနိုင်ပါတယ်။ ပြေးလွှားနေတတ်တာ ကြောင့် ကယ်လိုရီလောင်ကျွမ်းစေပြီး၊ အဆီပိုတွေကိုလည်း ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနေရတာမျိုး လို လေ့ကျင့်ခန်းဖြစ်တာကြောင့် ဒါဟာ ကျန်းမာရေးအတွက် အလေ့ကျင့်ကောင်း တစ်ခုပါပဲ။

ယောဂကျင့်ပါ
ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ရော စိတ်ပါ ကျန်းမာစေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ ယောဂလေ့ကျင့်ကို စိတ်ပါဝင်စားပြီး လေ့ ကျင့်တတ်သူတွေဟာ စိတ်ကိုတည်ငြိမ်စေ ပြီး ဖိစီးမှုတွေကိုလည်း ပြေပျောက်စေကာ၊ ကျန်းမာနေစေပါတယ်။ ယောဂလေ့ကျင့် ခန်းဟာ ပြင်းထန်တဲ့လှုပ်ရှားမှုမျိုးနဲ့ လေ့ ကျင့်ရတာမျိုးမဟုတ်တာကြောင့် လူတိုင်း လေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အစေ့အဆန် စားပါ
တခြားသရေစာတွေကို ကြိုက်နှစ် သက်တာထက် အစေ့အဆန်တွေကို ကြိုက်နှစ်သက်တာက ကိုယ်အလေးချိန် ကို ထိန်းထားနိုင်တဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။ အစေ့အဆန်တွေကို ပိုပြီး စားမိစေဖို့ သင့်အခန်းထဲမှာ အနက်ရောင် ချောကလက်နဲ့ အစေ့အဆန်တွေကို သိမ်းထားပေးပါ။ ဒါဆိုရင်တော့ အလွယ် တကူယူပြီး စားမိနိုင်ပါလိမ့်မယ်။ ကိုယ် အလေးချိန်ချချင်သူတွေအနေနဲ့ ည ဘက်မှာ အနက်ရောင်ချော့ကလက် တစ် လက်မအရွယ်တစ်တုံးနဲ့ ၀ိုင်တစ်ခွက် သောက်ပေးတာကြောင့် သုံးလအတွင်း မှာ ပေါင် ၂၀ ကျစေနိုင်ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *