ဝိတ်တက်စေနိုင်သည့် မနက်အိပ်ရာထအမူအကျင့်များ

အ၀လွန်တာက သွေးတိုးရောဂါ၊ သွေးတွင်းမကောင်းတဲ့ကိုလက်စထရော မြင့်မားတာ၊ ထရိုင်ဂလစ်စရိုက်မြင့်မား တာ၊ သကြားဓာတ်မြင့်မားတာလိုမျိုး၊ နှလုံးရောဂါမျိုးစုံနဲ့ ဆက်စပ်နေတဲ့အပြင် ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးတာ၊ အရိုးကျန်းမာရေးမကောင်းတာ စတဲ့ ကျန်းမာရေးဆိုးကျိုးတွေ များစွာ ရှိတာ ကြောင့် အ၀လွန်တာမဖြစ်အောင် ကာ ကွယ်ထားဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာ စား တာနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေ ဟာ အ၀လွန်တာအတွက် ထိရောက်မှုရှိ တဲ့ ဘ၀နေထိုင်မှုပုံစံဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဒီလိုလုပ်နေရင်းနဲ့ပဲ တချို့လူ တွေမှာ ၀ိတ်မကျနိုင်တာက မနက် အိပ် ရာထချိန်မှာ ပြုမူတတ်တဲ့ အမူအကျင့် တွေကြောင့်ပါ။
ကိုယ်အလေးချိန်မြင့်တက်တာနဲ့ ပတ်သက်ပြီး သင် နေ့စဉ် မနက်တိုင်း ပြု လုပ်နေကျ အမူအကျင့်တွေက လွှမ်းမိုး မှု အလွန်ရှိပါတယ်။ အိပ်ရာထထချင်း ပြု လုပ်တတ်တဲ့အမှားတွေကြောင့် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားနေရင်တောင်မှ ကိုယ်အလေးချိန်ကျဆင်းသွားရမယ့်အ စား အလေးချိန်တိုးလာနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါ တို့ဟာ ကိုယ်အလေးချိန်မြင့်တက်နိုင်တဲ့ မနက်အိပ်ရာထအမူအကျင့်ဆိုးတွေပါ။

အအိပ်လွန်ခြင်း

“ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စောစောအိပ်ပြီး စော စောထတာက ကျန်းမာချမ်းသာပြီး ဉာဏ် ပညာထက်မြက်စေတယ်လို့ အယူရှိကြ ပါတယ်။ ဒါတင်မကပါဘူး၊ အိပ်ရာစော စောထတာက သင့်ကျန်းမာရေးအ တွက်ရော၊ သင့်ကိုယ်အလေးချိန်အတွက် ပါ အလွန်ကောင်းမွန်ပါတယ်။ အအိပ် များလွန်းတာကြောင့် ကိုယ်အလေးချိန် မြင့်တက်နိုင်ပါတယ်။ လေ့လာမှုတစ်ခု မှာ အိပ်ချိန် ၁၀ နာရီအထက် ရှိသူတွေ က အိပ်ချိန် ၇-၉ နာရီကြားရှိသူတွေ ထက် BMI (ကိုယ်အလေးချိန်နဲ့ အ ရပ်အချိုးအစားစံ) ပိုများတယ်လို့ တွေ့ ရှိခဲ့ပါတယ်။ အအိပ်လွန်တာ ဒါမှမဟုတ် အအိပ်နည်းတာတွေကြောင့် ခန္ဓာကိုယ် အတွင်း အစာစားချင်စိတ်ကို လှုံ့ဆော် တဲ့ဟော်မုန်းတွေ များပြားလာတာကြောင့် အစာပိုစားဖြစ်ကာ ကိုယ်အလေးချိန် တက်လာရတာလို့လည်း ဆိုပါတယ်။ ည စဉ်ညတိုင်း အိပ်စက်ချိန် ၇-၉ နာရီအ တွင်း ရရှိဖို့ လိုအပ်တယ်လို့ အိပ်စက်မှု ဆိုင်ရာအမျိုးသားကျန်းမာရေးအဖွဲ့က အကြံပေးထားပါတယ်။

နံနက်စာမစားခြင်း

နံနက်စာဟာ နေ့တစ်နေ့ရဲ့ ပထမ ဆုံးအစားအစာဖြစ်တဲ့အတွက် သင် အိမ်ကနေ အိမ်ပြင်မထွက်ခင်မှာ နံနက် စာကို မဖြစ်မနေ စားသုံးသင့်ပါတယ်။ နံနက်စာကို မစားဘဲ နေတာက ကိုယ်အ လေးချိန်ချတဲ့အခါမှာ အောင်မြင်မှုရရှိ မှာ မဟုတ်ပါဘူး။ မနက်စာကို မစားဘဲ နေတာကြောင့် ခန္ဓာကိုယ်ထဲက ဇီဝရုပ် ဖြစ်စဉ်နှေးကွေးသွားတဲ့အတွက် အဆီ လောင်ကျွမ်းနိုင်တဲ့စွမ်းအင်လည်း လျော့ နည်းသွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို စားသုံးလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါ တွေအလုပ်ကောင်းမွန်စွာ လုပ်နိုင်ဖို့ အတွက် စွမ်းအင်တွေ ရရှိသွားတဲ့အပြင် သွေးတွင်းသကြားဓာတ်အဆင့်ကိုလည်း တည်ငြိမ်မှုရရှိစေနိုင်ပါတယ်။
ဒါ့အပြင် မနက်စာ စားသုံးတာက သင့်ကို အစာကြူးမှုဖြစ်စေတဲ့ ကိုယ်တွင်း ကော်တီစောအဆင့်တွေ လျော့ကျသွား နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှု တစ်ခုအရလည်း မနက်စာရှောင်သူတွေ က အိပ်ရာမ၀င်ခင် သုံးနာရီအလိုခန့် မှာ ညစာစားသုံးသူတွေထက် ခါးအတိုင်း အတာနဲ့ BMI အချိုးအစား ပိုမိုများပြား တယ်လို့ သိရပါတယ်။ မနက်အိပ်ရာထထ ချင်း မနက်စာစားဖို့ အချိန်သိပ်မစောင့် ဆိုင်းပါနဲ့။ အိပ်ရာထပြီး အချိန်အတော် ကြာမှ အစာစားသုံးတာက အစာအိမ် အတွင်း အက်စစ်ဓာတ်ထုတ်လုပ်မှုတွေ ပိုများနိုင်ကာ အစာအိမ်ရောင်တဲ့လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

နံနက်စာကို အဆင်သင့်စာများသာ စားခြင်း

မနက်စာကိုမစားဘဲရှောင်နေတာ က ကိုယ်အလေးချိန်မြင့်တက်နိုင်သလို မျိုးပဲ မနက်စာအတွက်စားတဲ့ အစား အစာကို ရွေးချယ်မှုမှားတာကလည်း ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါ တယ်။ မနက်စာကို အဆင်သင့်စားသုံးလို့ ရတဲ့အစားအစာတွေ(ဥပမာ ကိတ်မုန့်၊ ၀က်အူချောင်း၊ ဒိုးနတ်၊ ဘာဂါလိုမျိုး) စားသုံးတာက အ၀လွန်နိုင်တာနဲ့ အလွန် ဆက်စပ်မှုရှိတယ်လို့ ၂၀၁၆ ခုနှစ်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စံအလေး ချိန်ရရှိနိုင်ဖို့အတွက် မနက်စာကို အမျှင် ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ ပါ ၀င်တဲ့ အစားအစာမျိုးကို ရွေးချယ်ရပါ မယ်။ ဒီလိုအစာမျိုးကို စားသုံးပါမှ စွမ်း အင်တွေ ရရှိပြီး ဗိုက်ပြည့်တင်းမှုလည်း ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အုတ်စ ပါး၊ ဒိန်ချဉ်၊ လက် ဖက်ရည်၊ အခွံမာသီး၊ ပဲနဲ့ သစ်သီး စတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာတွေ ပါ။

နံနက်အိပ်ရာထ နေရောင်ခြည်မရရှိခြင်း

သင် မနက်အိပ်ရာထခါစမှာ အိမ် ထဲမှာပဲ ကုပ်မနေဘဲ နေရောင်ခြည်ရရှိ အောင် ခံယူလိုက်ပါ။ မနက်အိပ်ရာထ နေရောင်ခြည်မရရှိသူတွေက ကိုယ်အ လေးချိန်ကျဆင်းနိုင်ဖို့ မလွယ်ကူလှပါ ဘူး။ နေရောင်ခြည်ဟာ ကိုယ်တွင်း ဇီဝ ရုပ်ဖြစ်ပျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါ တယ်။ နေရောင်ခြည်ကရရှိတဲ့ UV Rays တွေက အ၀လွန်တာကို ချိုးနှိမ် ပေးပါတယ်။ မနက်ခင်းအချိန်မှာ မိနစ် ၂၀-၃၀ လောက် နေရောင်ခြည်ရရှိရုံနဲ့ BMI ပေါ်မှာ အကျိုးသက်ရောက်မှု များစွာ ကောင်းမွန်သွားနိုင်ပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း

မနက်အိပ်ရာထခါစ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီမသောက်ခင်မှာ ရေတစ်ဖန်ခွက် ဒါမှမဟုတ် ရှောက်ရည် နွေး တစ်ဖန်ခွက်လောက်ကို အရင်ဆုံး သောက်လိုက်သင့်ပါတယ်။ ရေဓာတ်ရရှိ သွားတာကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန် နဲ့ အာဟာရဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေနိုင် ပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်တင်းမှုကို အ မြန်ရရှိစေနိုင်တဲ့အတွက် အစာကို လွန် လွန်ကြူးကြူး မစားနိုင်တော့ပါဘူး။ ၂၀၁၀ ပြည့်နှစ်က လေ့လာမှုတစ်ခုအရ လည်း အစာကြီးမစားခင်တိုင်း ရေတစ် ခွက်သောက်လိုက်တာက ကိုယ်အလေး ချိန် ကျဆင်းဖို့အတွက် အလွန်အသုံးဝင် တယ်လို့ သိရပါတယ်။ ရေသောက် လိုက် တဲ့အတွက် အစာစားတဲ့ပမာဏ လျော့ နည်းသွားတာကြောင့်ပါ။

လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်း

သင်ဟာ ကိုယ်အလေးချိန်ကျဆင်း ဖို့အတွက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ပိုင်းအချိန်က အကောင်းဆုံးပါ။ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ မ နက်အိပ်ရာထခါစ ဘာအစာမှ မစား သုံးခင်မှာ လေ့ကျင့်ခန်းပြုလုပ်သူတွေ က ခန္ဓာကိုယ်အဆီလောင်ကျွမ်းမှု ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တယ်လို့ သိရှိ ခဲ့ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်မယ့်အ စီအစဉ် မစတင်ခင်မှာ သင်ရဲ့ ကိုယ်အ လေးချိန်ကို တိုင်းတာထားဖို့ လိုပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုမှာပဲ မနက်တိုင်းမှာ မိမိရဲ့ ကိုယ်အလေးချိန် ကို တိုင်းတာသူတွေက ကိုယ်အလေးချိန် လျှော့ချရာမှာ အောင်မြင်မှု ပိုမိုရရှိနိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သင်ရဲ့ ကိုယ် အလေးချိန်ကို နေ့စဉ် တိုင်းတာထားတဲ့ အဖြေကြောင့် သင်ဘာကြောင့် အလေး ချိန်တက်လာရသလဲဆိုတာကို သိရှိနိုင် သလို ဘယ်လိုအစားအစာနဲ့ ဘယ်လို လေ့ကျင့်ခန်းတွေကြောင့် ကိုယ်အလေး ချိန်ကျသွားရတယ်ဆိုတာကိုလည်း သတိထားမိနိုင်ပါတယ်။
မနက်အိပ်ရာထလေ့ကျင့်ခန်းပြု လုပ်တဲ့အခါမှာလည်း အားကစားခန်းမ အထိ သွားရောက်ပြီး ပြုလုပ်စရာ မလို အပ်ပါဘူး။ လမ်းမြန်မြန်လျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ပြေးတာလိုမျိုး လေ့ကျင့်ခန်းတွေကို မိမိအနီးအနားပတ် ၀န်းကျင်မှာတင် ပြုလုပ်နိုင်ပါတယ်။ လေ့ ကျင့်ခန်းမပြုလုပ်ခင်မှာ ဆွဲဆန့်လေ့ကျင့် ခန်းပြုလုပ်ဖို့တော့ မမေ့ပါနဲ့။ ဆွဲဆန့် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကြွက် သားတွေ ပြေလျော့သွားပြီး စိတ်ရွှင်လန်း မှု ရရှိနိုင်ကာ တစ်နေ့တာအတွက် ခန္ဓာ ကိုယ်က အဆင်သင့်အနေအထားကို ရောက်ရှိသွားနိုင်တာကြောင့်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *