ဝမ်းချုပ်တတ်ရင်

ဝမ်းချုပ်တာကို လူတိုင်း ကြုံတွေ့ဖူး ပါတယ်။ အမျိုးသားတွေထက် အမျိုးသ မီးတွေကပိုပြီး ၀မ်းချုပ်တတ်ပါတယ်။ ဒါ ကလည်း အမျိုးသမီးဟော်မုန်းတွေက အစာအိမ် အူလမ်းကြောင်းပေါ် သက် ရောက်မှုနဲ့ အစာတွေ အူလမ်းကြောင်း တွင်း ရွေ့လျားတာ နှေးမှုတွေနဲ့ သက် ဆိုင်နေပါတယ်။ ပုံမှန်ဝမ်းသွားနေကျ ထက် အကြိမ်ရေနည်းလာတာဆိုရင် တော့ ၀မ်းချုပ်တာ သေချာနေပါပြီ။
အရင်ဆုံးကတော့ ဆေးမသုံးဘဲ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေနဲ့ ကြိုး စားသင့်ပါတယ်။ သင်စားမယ့်အစားအစာ တွေမှာ အမျှင်ဓာတ်ပါတာတွေ ပိုစားပေး မယ်ဆိုရင် ၀မ်းသွားလွယ်စေပါတယ်။ စားသောက်ပုံစနစ်မှာ တဖြည်းဖြည်းချင်း အမျှင်ဓာတ်ကို တိုးတိုးပြီး စားသွားပါ။ နေ့ စဉ် ၂၀ – ၃၀ ဂရမ်လောက်ထိ ပါဝင် အောင်စားသွားပါ။ အမျှင်ဓာတ်ရဖို့အ တွက် ကောင်းတဲ့စားစရာတွေကတော့ ကောက်နှံတစ်ခုလုံးပါတဲ့ ပေါင်မုန့်၊ ဆီရီ ရယ်၊ ဆန်လုံးညို၊ မုန်လာဥ၊ ကညွတ်၊ စပျစ်သီးခြောက်၊ ဆီးသီး၊ ပဲအမျိုးမျိုး စတာတွေ ပါဝင်ပါတယ်။
ဝမ်းချုပ်နေရင် လျှော့စားသင့်တဲ့ စားစရာတွေကတော့ အဆီများတဲ့ အစာ တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အသားတွေ
ဖြစ်ပါတယ်။ သူတို့က ၀မ်းချုပ်တာကို ပို ဆိုးစေတတ်ပါတယ်။ ရေသောက်များဖို့ လည်း လိုပါတယ်။ တစ်နေ့ကို ရေ ရှစ်ဖန် ခွက် အနည်းဆုံးသောက်ပါ။ နောက်ပြီး ကိုယ်လက်လှုပ်ရှားလည်း လုပ်ပေးပါ။
ဝမ်းချုပ်တာနဲ့ ၀မ်းနုတ်ဆေးတွေ(Laxatives) စပြီးအားကိုးတာမျိုး မလုပ်စေချင်ပါဘူး။ အမျှင်ဓာတ်ပါတဲ့ စားစရာတွေစားမယ်၊ ရေများများ သောက် မယ်၊ ကိုယ်လက်လှုပ်ရှားလုပ်မယ် ဒါ တွေလုပ်လို့မရတော့မှ ၀မ်းနုတ်ဆေး ဘက်ကနေ ကြိုးစားသင့်ပါတယ်။
သင်ဟာ အမြဲလိုလို ၀မ်းချုပ်တတ် သူဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေး နွေးဖို့လိုနေပါပြီ။ သင်အမြဲပုံမှန် သောက် နေရတဲ့ ဆေးတွေကြောင့်လား၊ ကိုယ် လက်လှုပ်ရှားမှု အားနည်းလို့လား၊ ဘာ ကြောင့်လဲဆိုတာကို အဖြေရှာရမှာ ဖြစ်ပါ တယ်။ ၀မ်းနုတ်ဆေးတွေက ကြာရှည်စွဲ သောက်ဖို့ မကောင်းသလို၊ အူမကြီးရဲ့ ကျုံ့နိုင်ဆန့်နိုင်မှုအပေါ်မှာ သက်ရောက် နိုင်တဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး က လည်း ရှိနေပါတယ်။ ဒါကြောင့် ပုံမှန် ၀မ်းသွားနေကျအတိုင်း ၀မ်းမှန်နေတယ် ဆိုရင်တော့ ၀မ်းနုတ်ဆေးတွေ မသောက် ပါနဲ့။ မလိုပါဘူး။
ဝမ်းချူဆေး (Enemas) တွေက တော့ ၀မ်းနုတ်ဆေး (Laxatives) တွေ ထက်ပိုပြီး ဆိုးကျိုးများတယ်လို့ ပြော နိုင်ပါတယ်။ စားသောက်နေထိုင်မှု ပုံစံ အရင်ပြောင်း၊ ၀မ်းနုတ်ဆေးသောက်လို့ မသက်သာမှ သုံးသင့်တာပါ။ ကြက်ဆူဆီ အသုံးပြုတာက ရေရှည်မှာ ၀မ်းချုပ်တဲ့ ပြဿနာ ဖြစ်စေပါတယ်။ Mineral Oils တွေ အသုံးပြုတာကလည်း ဗီတာ မင် ချို့တဲ့တာဖြစ်စေပါတယ်။
ဝမ်းချုပ်လာရင်ဘယ်လို ကုထုံးပဲ အသုံးပြုပြု သင့်အတွက်သင် ရေအိမ် ထဲမှာ အချိန်လုံလုံလောက်လောက် ပေး ဖို့လည်း လိုအပ်ပါတယ်။ အချိန်မှန် ၀မ်း သွားနိုင်ဖို့ကလည်း ၀မ်းအလေ့အကျင့် လိုတာကြောင့် အချိန်တစ်ခု သတ်သတ် မှတ်မှတ်ပေးနိုင်ရင် အကောင်းဆုံးဖြစ် ပါတယ်။ နောက်ပြီး ၀မ်းချုပ်ရင် မပေါ့ဆ ပါနဲ့။ လျစ်လျူမရှုပါနဲ့။ ၀မ်းချုပ်တာ ကြာရင် Rectal Prolapse လို့ခေါ်တဲ့ အူကျ၊ အူကျွံတာမျိုးဖြစ်ရင် ခွဲစိတ်မှုခံ ယူရနိုင်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *