ဝက်ခြံပေါက်တတ်ရင် သတိပြုရမယ့် အချက် ၄ ချက်

မျက်နှာအရေပြားအလှကို ဖျက်တတ်တာ ဝက်ခြံတွေပါ။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီး ရှိပါ တယ်။ ဟော်မုန်း ဒါမှမဟုတ် ပိုးကြောင့်ဆိုရင် အရေပြားဆရာ ဝန်နဲ့တိုင်ပင်ကုသဖို့လိုပါတယ်။ သူက ဟော်မုန်းထိန်းချုပ်ဆေး ဒါမှမဟုတ် ပိုးသတ်ဆေးတွေ သောက်ဖို့ပေးပါလိမ့်မယ်။ ဒီ အချက်တွေကြောင့် မဟုတ်ဘဲ ဝက်ခြံက ဘာကြောင့်မှန်းမသိ ထွက်လာတတ်တယ်ဆိုရင်တော့ ဒါတွေကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

(၁) အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေ တည့်ရဲ့လား
အသုံးပြုနေတဲ့ အလှကုန်တွေနဲ့ မျက်နှာအရေပြား ဓာတ် မတည့်တဲ့အခါ ဝက်ခြံထွက်တတ်ပါတယ်။ ဘယ်အလှကုန် ကြောင့် ဖြစ်တယ်ဆိုတာ သေချာမသိရင် တစ်မျိုးချင်းစီ ရက် ခြားလိမ်းပြီး သတိထားကြည့်ပါ။ အလှကုန်အသစ် စမ်းသုံး ကြည့်တဲ့အခါမှာလည်း ဝက်ခြံထွက်တတ်ပါတယ်။ နောက်ပြီး အသုံးပြုနေတဲ့ အလှကုန်တွေရဲ့ သက်တမ်းကိုလည်း ပြန် ကြည့်ပါ။ ဒိတ်လွန်သွားပြီဖြစ်တဲ့ အလှကုန်တွေကို ကောင်းနေ သေးတယ်ထင်ရင်တောင် ဆက်အသုံးမပြုပါနဲ့။

(၂) မတည့်တာတွေ စားမိနေလား
အထူးသဖြင့် အငန်၊ အစပ်၊ အချိုများတဲ့စားစရာ၊ နို့နဲ့နို့ ထွက်ပစ္စည်းတွေက အခန့်မသင့်ရင် ဝက်ခြံထွက်တတ်ပါတယ်။ စားစရာကြောင့် ဟုတ်၊ မဟုတ် သိချင်ရင်လည်း အစာတစ်မျိုး စမ်းစားကြည့်ပြီး ဝက်ခြံအခြေအနေကို ဆန်းစစ်ပါ။

(၃) မျက်နှာ အရေပြား သေချာသန့်စင်ရဲ့လား
မျက်နှာသန့်စင်တဲ့နေရာမှာ မနက်တစ်ကြိမ်၊ ညအိပ်ရာဝင် ခါနီးတစ်ကြိမ် သေချာသန့်စင်ပေးဖို့ လိုပါတယ်။ အသုံးပြုတဲ့ မျက်နှာသစ်ဆေးက အရမ်းမပြင်းဖို့လည်း လိုပါတယ်။ မျက် နှာသစ်ဆေးက ကြေးချွတ်အားပြင်းတာ တစ်နည်းအားဖြင့် ဓာတုပစ္စည်း အပြင်းတွေပါရင် အရေပြားပါးစေပြီး ဝက်ခြံထွက် စေပါတယ်။

(၄) ဆဲလ်သေပုံမှန်ဖယ်ရှားပေးလား
အရေပြားပေါ်က ချွေးပေါက်တွေ ပိတ်တဲ့အခါမှာလည်း ဝက်ခြံထွက်တတ်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ်လောက် Physical Exfoliants လို့ခေါ်တဲ့ ကိုယ်တိုင်အိမ်မှာ အသုံးပြု လို့ရတဲ့ ဆဲလ်သေဖယ်ရှားတဲ့ Facial Scrub နဲ့ ဆဲလ်သေဖယ် ရှားပါ။ Chemical Peeling ကိုတော့ တစ်လ တစ်ကြိမ်ပဲ ပြုလုပ်သင့်ပါတယ်။

♥ Darliko ♥

Post Author: Good Health Journal