ဝက်ခြံနှင့် အလှကုန်

ဝက်ခြံရှိတဲ့သူတွေအနေနဲ့ အရင်ဆုံး သိထားရမှာကတော့ အသားအရေကို သေချာစောင့်ရှောက်မှုမလုပ်ဘူးဆိုရင် ကွာ လတီ ဘယ်လောက်ကောင်းတဲ့ အလှကုန်ပစ္စည်းကိုပဲသုံးသုံး၊ ဝက်ခြံတွေ သက်သာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို မပျက်မကွက်ပြုလုပ်ဖို့လိုပါတယ်။ အလှကုန်ရွေးချယ်တဲ့အခါ အသားအရေနဲ့ ကိုက်ညီတာဖြစ်ပေ မယ့် အသုံးပြုတဲ့အချိန် မှားနေတာ၊ မတည့်တဲ့ အလှကုန်အချင်း ချင်းရောပြီး အသုံးပြုမိနေတာ၊ အရေပြားနဲ့ မကိုက်ညီတဲ့ အလှ ကုန်တွေ အသုံးပြုမိနေတာတွေက အရေပြားမှာ ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒီတစ်ပတ်မှာ ဝက်ခြံထွက်တတ်တဲ့ အသားအရေရှိသူတွေ အတွက် အလှကုန်ရွေးချယ်နည်း Tips တွေကို ရေးပေးလိုက် ပါတယ်။

Tips

♦ ဝက်ခြံထွက်တတ်တဲ့အရေပြားအတွက် မိတ်ကပ်မလိမ်း ခင် Primer လိမ်းဖို့ လိုအပ်ပါတယ်။ Primer လိမ်းတာက အရေပြားရဲ့ အလာဂျီဖြစ်တာကို လျှော့ချပေးနိုင်ပါတယ်။ Primer ရွေးချယ်တဲ့အခါ ဓာတုပစ္စည်း ပါဝင်တာနည်း တာကိုရွေးချယ်ပါ။ အထူးသဖြင့် အယ်လ်ကိုဟော၊ အမွှေး ရနံ့၊ ဆီလီကွန်ပါဝင်တဲ့ အလှကုန်တွေကိုရှောင်ပါ။

♦ Non-comedogenic ဆိုတဲ့ စကားလုံးကို မှတ်ထားပါ။ သူ့အဓိပ္ပာယ်က ချွေးပေါက်တွေကို မပိတ်စေဘူးလို့ ဆိုလို ပါတယ်။ ဒါကြောင့် ဘယ်လို Foundation မိတ်ကပ်မျိုး ပဲဝယ်ဝယ်၊ ဘယ်လို အလှကုန်မျိုးပဲ ဝယ်ဝယ် Non-comedogenic ဖြစ်တာကို ရွေးဝယ်ပါ။

♦ ဝက်ခြံထွက်တတ်တဲ့ အသားအရေက အစိုဓာတ်ထိန်း ခရင်မ်လိမ်းစရာမလိုဘူးလို့ မထင်ပါနဲ့။ အရေပြားရဲ့ အစို ဓာတ်၊ ကျုံ့နိုင်၊ ဆန့်နိုင်အားကောင်းဖို့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးဖို့လိုပါတယ်။ သူက ဝက်ခြံအမာရွတ်တွေ ကိုလည်း သက်သာစေနိုင်ပါတယ်။

♦ အစိုဓာတ်ထိန်းခရင်မ် ရွေးချယ်တဲ့အခါ အဆီပုံစံ (Oil Type) ထုတ်လုပ်ထားတာကို ရှောင်ပါ။ ပေါ့ပါးပြီး ဓာတု ပစ္စည်းနည်းတဲ့ အစိုဓာတ်ထိန်းခရင်မ် တွေကို ဦးစားပေး ရွေးချယ်ပါ။ ဥပမာ – ရှားစောင်းလက်ပပ်၊ ဗီတာမင်စီ၊ ဗီတာမင် အီး စတာတွေကို ရွေးချယ်ပါ။

♥Darliko

Post Author: Good Health Journal