၁၀ ရက်အတွင်း သိသိသာသာဝိတ်ကျစေနိုင်သော နည်းလမ်း ၂၀

ကိုယ်အလေးချိန်ကျပြီး သွယ်လျ လှပတယ်ဆိုတာ အိပ်မက်တစ်ခုမဟုတ် ပါဘူး။ ကိုယ်တိုင်ဖန်တီးယူနိုင်ပါတယ်။ အောက်ပါ နည်းလမ်း ၂၀ ကိုသာ လိုက် နာလိုက်ပါ။ အချိန်တိုတိုအတွင်းမှာ ကိုယ် အလေးချိန် သိသိသာသာလျော့နည်းပြီး သွယ်လျလှပလာမှာဖြစ်ပါတယ်။

(၁) ရေများများသောက်ပါ
ကိုယ်အလေးချိန် လျှော့ချဖို့က ရေသောက်တာက အဓိကအချက်တစ် ချက်ပါ။ ရေက ခန္ဓာကိုယ်တွင်း အဆိပ် အတောက်တွေကို ဆီးထဲကတစ်ဆင့် ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို ရေ ၄-၅ လီတာ သောက်ပါ။

(၂) ကော်ဖီ၊ လက်ဖက်ရည်သောက် သုံးမယ့်အစား လက်ဖက်စိမ်းရည် သောက် ပါ
မနက်အိပ်ရာ ထထချင်း ဘာအ စာမှ မစားသေးခင်မှာ လက်ဖက်စိမ်း ရည်ပူပူတစ်ခွက်သောက်ပါ။ ခန္ဓာကိုယ် တွင်းရှိ အဆိပ်အတောက်တွေကို ဖယ် ရှားပေးပြီး ၀မ်းချုပ်တာကိုလည်း ကာ ကွယ်ပေးပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအနေနဲ့ နေ့တစ်နေ့ရဲ့ အစကို ကော်ဖီ၊ လက်ဖက်ရည်သောက် သုံးမယ့်အစား လက်ဖက်စိမ်းရည်ပူပူ လေးသောက်ပြီး စတင်လိုက်ပါ။

(၃) ရေနွေးထဲကို သံပရာရည်နဲ့ ပျား ရည် ထည့်သောက်ပါ
ရေနွေးခွက်ထဲကို သံပရာရည်တစ် ဇွန်းနဲ့ ပျားရည်ဇွန်းတစ်ဝက် ရောထည့် ပြီး မနက်အိပ်ရာထထချင်းမှာ သောက် ပါက ၁၀ ရက်အတွင်း ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

(၄) ကာဗိုဟိုက်ဒရိတ် လျော့စားပါ
ထမင်းမှာ ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်လို့ ကယ်လိုရီများစွာ ရစေပါတယ်။ ထမင်းလျှော့စားတာက ကိုယ်အလေးချိန် လျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပါ။

(၅) ပရိုတင်း ပိုစားပါ
ကြွက်သားတည်ဆောက်ဖို့ အ တွက် ပရိုတင်းလိုအပ်ပြီး ခန္ဓာကိုယ်တွင်း အဆီတွေကိုလည်း ချေဖျက်ပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပြီး အဲ့ဒီအ စား ပရိုတင်းကို ပိုစားပါ။

(၆) အမျှင်ဓာတ် များများ စားပါ
အမျှင်ဓာတ်က ကိုယ်အလေးချိန် လျော့ကျစေတဲ့ အကောင်းဆုံး အရင်း မြစ်တစ်ခုပါ။ အမျှင်ဓာတ်များစွာရရှိနိုင် တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲမျိုး စုံကို စားသုံးတာကြောင့် ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ကိုယ်အလေး ချိန်ကိုလည်း ကျဆင်းစေပါတယ်။

(၇) ၀မ်းမချုပ်ပါစေနှင့်
ဝမ်းချုပ်တာက ကိုယ်အလေးချိန် လျှော့ချရာမှာ နှောင့်နှေးစေတဲ့အကြောင်း တစ်ချက်ပါ။ ၀မ်းချုပ်တာကြောင့် ခန္ဓာ ကိုယ်ထဲမှာ အဆိပ်တွေနဲ့ စွန့်ပစ်ပစ္စည်း တွေစုပုံနေလို့ပါ။

(၈) အဆင်သင့်စာတွေကို ရှောင်ပါ
၁၀ ရက်အတွင်း ကိုယ်အလေးချိန် ကျဆင်းလိုတယ်ဆိုရင် အဆင်သင့်စာ တွေ စားသုံးမှုကနေ ရှောင်ဖို့ လိုပါတယ်။ ပီဇာ၊ ဘာဂါ၊ ၀က်အူချောင်း စတာတွေ ထဲမှာ အာဟာရတန်ဖိုးထက် အဆီပါဝင် မှုများပါတယ်။ အဆင်သင့်အစာတွေ စား သုံးတာက ကိုယ်အလေးချိန်တက်စေတဲ့ အဓိကအချက်ပါ။

(၉) ပဲမှရသော ပရိုတင်းဓာတ်ကိုရ ယူပါ
ပဲကရတဲ့ ပရိုတင်းဓာတ်က အပင် ကနေရရှိတာကြောင့် အဆီပါဝင်မှု နည်း ပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အ လွန်ထိရောက်လွယ်ကူပါတယ်။ နေ့စဉ်စား သုံးတဲ့ အစားအစာထဲမှာ ပဲအမျိုးမျိုးကို ထပ်ပေါင်းစားသုံးပါက ကိုယ်အလေးချိန် သိသိသာသာ လျော့နည်းသွားစေပါတယ်။

(၁၀) တစ်နေ့ ပရိုတင်း နှစ်ကြိမ် စားပါ
ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတာက ကိုယ်အလေးချိန် လျော့ ကျစေဖို့အားပေးပါတယ်။ တစ်နေ့ နှစ် ကြိမ် မနက်စာနဲ့ ညစာမှာ ပရိုတင်းပါဝင် အောင်စားပါ။ ပရိုတင်းကကြွက်သားတည် ဆောက်ဖို့ အားပေးပြီး အဆီတွေကို လျော့နည်းစေပါတယ်။

(၁၁) အချိုစာ လျှော့စားပါ
အချိုစာ၊ အဆီများတဲ့ အစာနဲ့ ဆီကြော်စာတွေက ကိုယ်အလေးချိန် တက်စေလို့ အဲ့ဒီအစာတွေအစား အချို နည်းတာ၊ အဆီမပါတာ၊ ကြော်စားမယ့် အစား ချက်ပြုတ်စားပါ။

(၁၂) တဇွတ်ဇွတ်စားခြင်းမှ ရှောင်ပါ
တစွတ်စွတ်စားသုံးတာဟာ ကိုယ် အလေးချိန် တက်စေပါတယ်။ ကိုယ်အ လေးချိန်ကို ထိန်းမရသူတွေရဲ့ အဓိက အကြောင်းတစ်ချက်လို့လည်း ဆိုနိုင်ပါ တယ်။

(၁၃) ပဲပင်ပေါက် စားပါ
ပဲပင်ပေါက်ကို ရေနွေးဖြောပြီး စား တာက အာဟာရတန်ဖိုးအပြည့်အ၀ ရရှိပြီး ကယ်လိုရီအပိုရရှိမှုကို လျော့ နည်းစေပါတယ်။ တစ်နေ့နှစ်ကြိမ် အစာမစားခင် နှစ်နာရီလောက်အလိုမှာ စားပါ။

(၁၄) တစ်နေ့ သုံးကြိမ်ထက် ပိုမစားပါနှင့်
တစ်နေ့ကို အစာအနပ်ကြီး သုံးနပ် ထက် ပိုမစားသင့်ပါ။ မနက်စာနဲ့ နေ့ လယ်စာကို ဗိုက်ပြည့်တင်းအောင် စားပေမယ့် ညစာကိုတော့ ပေါ့ပေါ့ပါးပါး သာ စားသုံးလိုက်ပါ။ ၁၀ ရက်အတွင်း ကိုယ်အလေးချိန် သိသိသာသာ လျော့ ကျလာပါလိမ့်မယ်။

(၁၅) သင့်တင့်သော လေ့ကျင့်ခန်းလုပ်ပါ
အစာဘယ်လောက်ပဲလျော့လျော့ လေ့ကျင့်ခန်းလုပ်ဆောင်ပါက ကျစ်ကျစ် လျစ်လျစ်နဲ့ ပိန်သွယ်လှပစေမှာပါ။ အား ကစားခန်းမသွားပြီး လေ့ကျင့်ခန်းတွေ လုပ်ဆောင်မှ မဟုတ်ပါဘူး။ အိမ်မှာပဲ တစ်နေ့ကို ၁၀-၁၅ မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ပေးပါ။

(၁၆) အရည်ရွှမ်းသော သစ်သီး စားပါ
အရည်ရွှမ်းတဲ့ ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီး စတဲ့ သစ်သီးတွေ စားသုံး တာက ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာ မင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် တွေ များစွာရရှိစေပါတယ်။ ညနေပိုင်း ညစာ မစားခင်မှာ စားသုံးပါ။

(၁၇) ကာဗွန်ဖြည့်စွက်ထားသော အချိုရည် များကို ရှောင်ပါ
ကိုကာကိုလာ၊ ဆိုဒါရည်၊ ပက်စ်စီ စတဲ့ ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည် တွေကို ကိုယ်အလေးချိန် လျှော့ချနေချိန် မှာ ရှောင်ရပါမယ်။ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအနေနဲ့ သံပရာရည်၊ လက်ဖက်စိမ်းရည်၊ အုန်းစိမ်းရည်တွေက သောက်သုံးဖို့ အသင့်တော်ဆုံးပါ။

(၁၈) ဇီဝဖြစ်ပျက်မှုနှင့် BMI ကို တိုင်း တာ မှတ်သားပါ
ကယ်လိုရီ ဘယ်လောက်စားသုံး လိုက်တယ်၊ ဘယ်လောက်လောင်ကျွမ်း သွားတယ် ဆိုတာတွေကို တွက်ချက်ပြီး စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်ဆောင် တာတွေက ကိုယ်အလေးချိန် လျှော့ချ နေချိန်မှာ အလွန်ထိရောက်တာကို တွေ့ ရပါတယ်။

(၁၉) အနီရောင်အသားကို ရှောင်ပါ
အနီရောင်အသားတွေက အ၀လွန် စေတဲ့အပြင် ကင်ဆာလိုရောဂါတွေ ဖြစ် စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချ နေချိန်မှာတော့ အနီရောင်အသားတွေ ကို မစားသင့်ပါဘူး။

(၂၀) အဖြူရောင်အဆိပ်
အဖြူရောင်အဆိပ်ဆိုလို့ လန့်မ သွားပါနဲ့။ ကိုယ်အလေးချိန် လျှော့ချနေ ချိန်မှာ ထမင်း၊ သကြားနဲ့ ဆားတွေက အဖြူရောင်အဆိပ်လို့တောင် တင်စားပြီး ရှောင်ရပါမယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *