သဘာဝဆီးဆေးအဖြစ် အသုံးဝင်သော အစားအသောက်များ

ဆီးဆေးဆိုတာဟာ ပါးစပ်က သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဆီး တွေပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီအခါခန္ဓာကိုယ် မှ ပိုလျှံနေတဲ့ရေတွေကို စွန့်ထုတ်နိုင် သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအ မျိုးမျိုးမှာ အရည်တွေ စုမိနေတာကြောင့် ဖောရောင်နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြုရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုးလူနာတွေအတွက် ကုသနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးဆေးတွေ ရဲ့ လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ရေတွေကို စွန့်ထုတ်နိုင်သွားပါ တယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအမျိုးမျိုးမှာ အရည်တွေစုမိနေတာကြောင့် ဖောရောင် နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြု ရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုး လူနာတွေအတွက် ကုသနည်းတစ်မျိုး လည်း ဖြစ်ပါတယ်။ ဆီးဆေးတွေရဲ့ လုပ် ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံ နေတဲ့ ရေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ရေဟာ သွေးမှာအဓိကပါဝင်ပြီး ဆီးဆေး သောက်လိုက်တဲ့အခါ သွေးရဲ့ထုထည် လျော့ကျသွားပါတယ်။ ဒီအခါသွေးလှည့် ပတ်နေစဉ် သွေးကြောနံရံတွေအပေါ်မှာ သက်ရောက်တဲ့အား လျော့သွားပါတယ်။
ဆီးဆေးဆိုရာမှာ ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆီးဆေးတွေရှိ သလိုအဲဒီဆေးတွေလိုမျိုး ဆီးများများ သွားစေနိုင်တဲ့ အာနိသင်ရှိတဲ့ သဘာ၀ အစားအသောက်တွေလည်း ရှိပါတယ်။
ခန္ဓာကိုယ်ထဲမှာ အရည်တွေစုမိနေ ရင် လေထတာနဲ့ ခြေချင်းဝတ်ရောင်တာ မျိုးတွေ ဖြစ်လာစေပါတယ်။ ဒီလိုဖော ရောင်တာမျိုးကို သဘာဝဆီးဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဖောရောင်တာနဲ့ဆက် စပ်နေတဲ့ ကိုယ်အလေးချိန်တိုးလာတာအ တွက်လည်း သဘာဝဆီးဆေးတွေက ကူညီနိုင်ပါတယ်။ ကျောက်တည်တာလို မျိုး ကျောက်ကပ်ပြဿနာတွေကို ကုသ ရာမှာလည်း သဘာဝဆီးဆေးဖြစ်တဲ့ အောက်ပါ အစားအသောက်တွေက ကူ ညီပေးနိုင်ပါတယ်။

သဘာဝဆီးဆေးဖြစ်စေသော အစားအသောက်များ

• သခွားသီး
• ခရမ်းချဉ်သီး
• ဖရဲသီး
• မုန်လာဥနီ
• ဆလတ်ရွက်
• ဂေါ်ဖီထုပ်
• လိမ္မော်သီး
• ကညွတ်
• မုန်လာဥဖြူ
• လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)
• ကော်ဖီ

သတိပြုရန်

အထက်ဖော်ပြပါ အစားအသောက် တွေဟာ သဘာဝအတိုင်းဆီးသွားပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးဆေးတွေ ကို ကိုယ့်သဘောနဲ့ကိုယ်ရပ်ပစ်ပြီး ဒီအ စားအသောက်တွေအပေါ်မှာသာ မှီခို အားထားလိုက်တာမျိုးတော့ မလုပ်သင့်ပါ ဘူး။ သွေးတိုးတာ ဒါမှမဟုတ် ဖောရောင် တာအတွက် ရောဂါအခြေအနေပေါ် မူ တည်ပြီး ဆီးဆေးအစား သဘာဝအစားအ သောက်တွေကိုပဲ စားသောက်ရမလားဆို တာကို ဆရာဝန်ကသာ ဆုံးဖြတ်ရပါမယ်။ လူနာက ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ် သင့်ပါဘူး။
ဆီးဆေးတွေနဲ့ မတူတဲ့အချက်ဟာ သဘာဝအစားအသောက်တွေဟာ ခံ တွင်း ခြောက်တာနဲ့ ခေါင်းကိုက်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒီလို ဘေးထွက်ဆိုးကျိုးမရှိဘူး ဆိုတာက အလွန်အကျွံစားရင်လည်း ဘေးမဖြစ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် တန်ဆေး၊ လွန်ဘေး ဆိုတဲ့စကားကို သတိရပါ။ သဘာ၀ ဆီး ဆေးအနေနဲ့အထက်ပါ အစားအ သောက်တွေကို အသင့်အတင့် စားပေး ရင် အကျိုးကျေးဇူးရရှိပါလိမ့်မယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal