သတိထားစရာ ခံတွင်းကင်ဆာ

ခံတွင်းကင်ဆာဆိုတာ ဘယ်လိုအခြေအနေ မျိုးကို ခေါ်ပါသလဲ ဆရာ။
ခံတွင်းကင်ဆာဆိုတာ ပါးစပ်နဲ့ လည်မျိုတစ်လျှောက်မှာရှိနေတဲ့ တစ် သျှူးတွေမှာ ဖြစ်ပွားတဲ့ကင်ဆာရောဂါ အမျိုးအစားအားလုံးကိုခြုံငုံပြီး ခေါ်ဆို တာဖြစ်ပါတယ်။ များသောအားဖြင့် လျှာ၊ ပါးစပ်၊ နှုတ်ခမ်းတစ်သျှူးတို့က စတင်ဖြစ် ပွားလေ့ရှိပါတယ်။

ခံတွင်းကင်ဆာဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
ခံတွင်းကင်ဆာက ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက် တာ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ် စေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ကွမ်းစားသူအရေ အတွက် အတော်များပါတယ်။ ကွမ်း စားတာက ခံတွင်းထဲက အစိတ်အပိုင်း တွေမှာရှိတဲ့ ဆဲလ်တွေတစ်သျှူးတွေ ကိုပျက်စီးစေပြီး ပါးစောင်ကင်ဆာ၊ လျှာ ကင်ဆာစတဲ့ ခံတွင်းကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေး လိပ်ငွေ့မှာပါဝင်တဲ့ အဆိပ်ဓာတ်တွေက အဆုတ်ကိုသာမက တခြားကိုယ်အင်္ဂါ အ စိတ်အပိုင်းတွေကိုပါ ဒုက္ခရောက်စေနိုင် ပါတယ်။ ဆေးလိပ်သောက်တာက အ ဆုတ်ကင်ဆာအပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင် ဆာ စတဲ့ ကင်ဆာတွေကို ဖြစ်စေနိုင် ပါတယ်။
အရက်သောက်တဲ့သူတွေအနေနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို ပိုများစေပါ တယ်။ ခံတွင်းကင်ဆာဖြစ်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါ ၁၀ ယောက်မှာ ၇ ယောက်နီးပါးက အရက်သောက်တာကို တွေ့ရပါတယ်။ အရက်အလွန်အကျွံ သောက်သူတွေ၊ တာရှည်သောက်တဲ့သူ တွေက ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

ကွမ်းယာစားသူတွေမှာ ခံတွင်းကင်ဆာ အဖြစ် များတာက ဘာကြောင့်ပါလဲဆရာ။
ကွမ်းတစ်ရာဖြစ်ပေါ်လာဖို့ ကွမ်း ရွက်၊ ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီးပေါင်း စပ်ထားပြီး စားသုံးလိုက်တော့ လူရဲ့ပါး စပ်ထဲမှာ ရှိတဲ့သွားရည်နဲ့ ပေါင်းစပ်လိုက် တဲ့အခါ ဓာတ်တစ်မျိုးထွက်လာတယ်။ အဲဒီဓာတ်က တံတွေးကို ပါးစပ်ထဲမှာ ထားချင်စိတ်မရှိဘဲ မျိုချတာ၊ ထွေးပစ် တာ ဖြစ်ပေါ်လာတယ်။ ကွမ်းယာစားရင် ကွမ်းတံတွေးထွေးတာကို သဘာဝလို့ပဲ ထင်ကြတယ်။ အမှန်တော့ ဒီဟာက ကွမ်းယာထဲမှာပါဝင်တဲ့ ဓာတ်တစ်မျိုး ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒီအပြင် ကွမ်းယာထဲမှာပါဝင်တဲ့ ဆေးရွက်ကြီး ထဲမှာ ဓာတုဗေဒပစ္စည်း အမျိုးပေါင်း ၇၀၀၀ လောက်ပါဝင်တယ်။ ဒီတော့ ကွမ်းယာကိုစားတဲ့အခါ ဓာတုပစ္စည်းတွေ က ပါးစပ်ထဲရောက်သွားတဲ့အခါ ပါးစပ် ထဲမှာ အနာတွေဖြစ်လာမယ်။ အဲဒါအပြင် ကွမ်းယာထဲမှာပါဝင်တဲ့ ကွမ်းသီးက လည်း အခုနောက်ပိုင်းမှာ ဓာတုစ္စည်းတွေ နဲ့ ရောနှောလာကြပါတယ်။ ဘာကြောင့် ရောရသလဲဆိုရင် ကွမ်းသီးက သဘာ၀ အားဖြင့်မာတာကြောင့် ကွမ်းသီးမာတာ ကို ပျော့အောင် ဓာတုဆေးရည်စိမ်လာ ကြတယ်။ ဒါတွေက ကွမ်းသီးက မှိုတက် တဲ့အတွက်ကြောင့် မှိုမတက်အောင် ကွမ်းသီးတွေကို ဖော်မလင်အရည်တွေ စိမ်တာတွေလည်း ရှိပါတယ်။

ကွမ်းယာစားတဲ့သူတွေအနေနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်သင့်လဲ။
ကွမ်းရာစားသူတွေကို လေ့လာစစ် ဆေးကြည့်တဲ့အခါ အဓိကအနေနဲ့တွေ့ရ တဲ့အကြောင်းရင်းကတော့ လူတွေဟာ ပါးစောင်ထဲမှာ ရောဂါဖြစ်နေတာကို သိပ်မသိကြဘူး။ ဘာကြောင့်လဲဆိုရင် လူအများစုက သွားကျန်းမာရေး၊ ခံတွင်း ကျန်းမာရေးနဲ့ပတ်သက်လို့ အလေးမ ထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ခံတွင်းကျန်းမာရေးဟာလည်း အ ရေးကြီးတယ်ဆိုတာ သတိထားဖို့လိုအပ် ပါတယ်။

ကွမ်းစားပြီး နှစ်ဘယ်လောက်အကြာမှာ ရောဂါစပြီး ဖြစ်လာနိုင်ပါသလဲ။
ကွမ်းစားပြီးတော့ နှစ်ပေါင်း ၁၀ နှစ် ကျော်လောက်ကြာလာတဲ့အခါ ပါးစောင် ထဲမှာ အသားအရောင်က နီရဲနေတာက အဖြူရောင်အဖြစ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ဒီလိုအဖြူရောင်ပြောင်း ပြီး နောက်ထပ် ၁၀ နှစ်လောက်အကြာမှာ သွားဖုံးနဲ့ ပါးစပ်အတွင်းမှာ အနာဖြစ်လာ ကို တွေ့ရပါတယ်။

ခံတွင်းကင်ဆာဖြစ်နေပြီဆိုတာကို ဘယ်လို သိနိုင်မလဲ။
ခံတွင်းကင်ဆာဆိုတာ သွားဖုံး၊ လျှာ၊ ပါးစပ်နဲ့ နှုတ်ခမ်းတွေကနေ အ ကျိတ်တွေ ထွက်လာတာဖြစ်ပါတယ်။

ခံတွင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေ လဲ။
ခံတွင်းကင်ဆာရဲ့လက္ခဏာတွေက နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေ ထူလာတာ (သို့) ဖောင်းလာတာ၊ ပါးစပ် အတွင်းမှာ အဖြူရောင် (သို့) အနီရောင် ထွက်လာတာ၊ လျှာနာတာ၊ သွားကျွတ် တာ၊ လည်ချောင်းနာတာ၊ အစားအ သောက်တွေကို ဝါးတဲ့အခါ (သို့) မျိုချတဲ့ အခါ ခက်ခဲလာတာ၊ လည်ချောင်းထဲမှာ တစ်ခုခုဖြစ်နေသလို ခံစားနေရတာတွေ ဖြစ်ပါတယ်။  ဒါတွေအပြင် ခံတွင်းကင်ဆာဖြစ်စေ နိုင်တဲ့ နောက်ထပ်အကြောင်းအရာတွေ က မျက်နှာကိုကြာရှည်စွာနေပူဒဏ်ခံတာ၊ ကိုယ်ခံအားလျော့နည်းတာ၊ အာဟာ ရမပြည့်ဝတာ၊ ခံတွင်းကင်ဆာတစ်ခါဖြစ် ဖူးတာ၊ မိသားစုထဲမှာ ကင်ဆာရောဂါဖြစ် တာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

ခံတွင်းကင်ဆာဖြစ်စေတတ်တဲ့ ရောဂါလက္ခ ဏာခံစားရရင် ဘာတွေဆောင်ရွက်သင့်သလဲ။
ခံတွင်းကင်ဆာဖြစ်စေတတ်တဲ့ ရော ဂါလက္ခဏာတွေခံစားနေရပြီဆိုရင် သက်ဆိုင်ရာသွားဆရာဝန်တွေကို သွား ရောက်ပြသသင့်ပါတယ်။ သွားရောက် ပြသတဲ့ ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို သေသေချာချာသိနိုင်ပြီး စစ်ဆေးကုသမှု တွေ ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။

ကုသမှုအနေနဲ့ ဘာတွေဆောင်ရွက်ရမလဲ။
ခံတွင်းကင်ဆာဖြစ်စေတာက ဆေးရွက်ကြီးသုံးတာနဲ့ဆက်နွှယ်နေတာ ကြောင့် ရောဂါမဖြစ်အောင် ဆေးရွက်ကြီး ကို မသုံးစွဲသင့်ပါ။ ဆေးရွက်ကြီးသုံးတာ က ဆေးကုသရာမှာ ထိရောက်ဖို့ အား နည်းစေပြီးတော့ ခွဲစိတ်ကုသပြီးတဲ့အခါ မှာလည်း ပြန်လည်ပျောက်ကင်းဖို့လည်း ခက်ခဲစေပါတယ်။ ဒါတွေအပြင် ဆေး ရွက်ကြီးသုံးစွဲတဲ့သူက အရက်ကိုပါ သောက်တဲ့သူဖြစ်နေရင် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေများသွားပါပြီ။ အရက်သောက် တဲ့သူတွေအနေနဲ့ နောက်ထပ်ရောဂါ တစ်မျိုးပါ ထပ်ပြီး ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် အရက်သောက်ရင် အရက်ကို ဖြတ်ပါ။ ဒါမှ ရောဂါကုသရေးအတွက် လည်း အကောင်းဆုံး ထိရောက်နိုင်မှာပါ။

ကာကွယ်နိုင်မယ့်နည်းလမ်းတွေက ဘာတွေ ပါလဲ။
ထိထိရောက်ရောက် ကာကွယ်နိုင် မယ့်နည်းလမ်းတော့ မရှိသေးပါဘူး။ ဖြစ် နိုင်ရင် နှုတ်ခမ်းကို နေရောင်ခြည်ထိတွေ့ မှုတွေကနေ ကာကွယ်ပေးပါ။ နေအရမ်း ပူနေရင် ဦးထုပ် (သို့) ထီးဆောင်းသွားပါ။ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးသင့်ပါတယ်။ သူတို့အထဲ မှာပါဝင်တဲ့ ဗီတာမင်တွေက ခံတွင်းကင် ဆာ ဖြစ်နိုင်ခြေကို လျော့ကျနိုင်ပါတယ်။

ခံတွင်းကင်ဆာက ဘယ်အသက်အရွယ်တွေ မှာ ပိုပြီးအဖြစ်များပါသလဲ။
ခံတွင်းကင်ဆာဖြစ်လေ့ရှိတဲ့ အ သက်အရွယ်အပိုင်းအခြားအနေနဲ့က အ သက် ၄၀ နဲ့အထက်ပိုင်းတွေပဲ ဖြစ်ပါ တယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ဘယ်သူတွေ မှာပိုပြီးအဖြစ်များသလဲ။
ခံတွင်းကင်ဆာဖြစ်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ခံတွင်းကင်ဆာဖြစ် စေတတ်တဲ့ အရက်၊ ဆေးလိပ်၊ ဆေးရွက် ကြီးတွေကို ပိုပြီးသုံးစွဲတာကြောင့် ဖြစ်ပါ တယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး ပညာပေးစကားလေး ပြောပေးပါဆရာ။
ခံတွင်းကင်ဆာမဖြစ်အောင် ကွမ်း စား၊ ဆေးလိပ်၊ အရက်သောက်တာကို ရှောင်သင့်ပါတယ်။ လတ်ဆတ်တဲ့ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံး ပါ။ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ခြောက်လ (သို့) တစ်နှစ်တစ်ခါလောက် သွားဆရာဝန်နဲ့ပြသပေးဖို့ အကြံပေးချင်ပါတယ်။

ဒေါက်တာသန်းစိန်
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Post Author: Good Health Journal