အသင့်ထုပ်ပိုးထားတဲ့ စားစရာ တွေက သင့်ကို ဘာကြောင့် ပုံ ပျက်စေနိုင်လဲ

စားစရာဆိုရင် လတ်ဆတ်မှ၊ သန့် ရှင်းမှ၊ ချက်ချင်းပြင်ဆင်ချက်ပြုတ်ပြီး စားတာမှ အာဟာရ ပြည့်ဝတယ်ဆိုတာကို လူအများ သိပြီးဖြစ်ပါတယ်။ ကျန်းမာရေး ဗဟုသုတက ရှိကြပေမယ့် တစ်ခါတလေ စိတ်အလိုလိုက်မိပြီး ကျန်းမာရေးနဲ့ မညီ မှန်းသိသိရဲ့နဲ့ စားလိုက်တာရှိသလို၊ ကျန်းမာရေးထိခိုက်စေတာကို မသိဘဲ စားနေမိတာတွေလည်း ရှိပါတယ်။ အ သင့်ထုပ်ပိုးထားတဲ့စားစရာတွေက ကျန်း မာရေးအတွက် မကောင်းဘူးဆိုတာကို လည်း အတော်များများ သိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လိုက်နာဖို့ကတော့ လက်တွေ့မှာ ခက်နေဆဲပါ။
သင်ကိုယ်တိုင်မှာလည်း ဈေးဝယ် ထွက်တဲ့အခါ မုန့်တန်းကို ရောက်သွားရင် အရောင်စုံစုံလင်လင်နဲ့ လှလှပပ ထုပ်ပိုး ထားတဲ့ အသင့်စား အစားအစာတွေကို ဝယ်မိမှာပါ။ ကြော်ငြာကောင်းရင်ကောင်း သလို စားကောင်းမှာပဲဆိုပြီး ဝယ်စားကြ မှာပါ။ မှန်ပါတယ်၊ တကယ်လည်း စား ကောင်းပါတယ်၊ စားကောင်းအောင် အဓိ က တီထွင်ထုတ်လုပ်ထားတာမို့လို့ပါ။
အသင့်ထုပ်ပိုးထားတဲ့ စားစရာတွေ ထဲမှာကို တချို့အသင့်စားစရာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသင့်စား အစားအစာတွေမှာပါဝင်တဲ့ အာဟာရတန်ဖိုးက နည်းပါးလွန်းတာ ကြောင့် ကျန်းမာရေးကို အထောက်အ ကူမပြုရင်တောင် ထိခိုက်စေတာမျိုးက မဖြစ်သင့်ပါဘူး။ လူအတော်များများက အရသာကို အဓိကထားပြီး စားတာမို့ လျှာပေါ်တင်လိုက်တာနဲ့ ကိုယ့်အကြိုက်နဲ့ ကွက်တိဆိုရင် စားလိုက်ကြတာများပါ တယ်။ ကျန်းမာရေးထိခိုက်တာတွေ၊ ဘာ တွေကို အရင် မစဉ်းစားမိတတ်ကြပါဘူး။
အသင့်စားအစားအစာတွေဆိုတာ များသောအားဖြင့် စားစရာတစ်ခုကို အပူပေးစက်ပစ္စည်း ကိရိယာတွေ၊ ဓာတု ပစ္စည်းတွေ အဆင့်ဆင့်သုံးပြီး စားစရာရဲ့ ပုံစံကို ပြုပြင်ပြောင်းလဲလိုက်တာမျိုး ဖြစ် ပါတယ်။ အသင့်စားအစားအစာ အတော် များများမှာ တာရှည်ခံဆေးတွေ ပါဝင်ပါ တယ်။ သုတေသီတွေရဲ့ လေ့လာတွေ့ရှိ ချက်အရမှာလည်း အသင့်စားအစားအ စာတွေက ပြုပြင်မထားတဲ့ အစားအစာ တွေ (Whole-Food) နဲ့ ယှဉ်ရင် ကိုယ် အလေးချိန် မြင့်တက်လာစေတာကို အ တည်ပြုထားပါတယ်။
စားစရာတစ်ခုဟာ ပြုပြင်ပြောင်းလဲ ခံထားရတဲ့ အဆင့်တွေ အရမ်းများတာကို Ultra-Processed Food လို့ ခေါ်ပါ တယ်။ ဒီစားစရာတွေရဲ့ ပါဝင်ပစ္စည်းတွေ ကို ဖတ်ကြည့်လိုက်ရင် List အရှည်ကြီး တွေ့ရမှာပါ။ များသောအားဖြင့် သကြား ပါမယ်၊ ဆားပါမယ်၊ ဆိုးဆေးပါမယ်၊ အဆီတွေပါဝင်မယ်၊ အရသာ ထည့်သွင်း ထားတာပါမယ်၊ ပြုပြင်ထားတဲ့ ကာဗို ဟိုက်ဒရိတ်ပါဝင်မယ်၊ စားစရာရဲ့ ပုံ ဆောင်ခဲ တည်မြဲဖို့ထည့်တဲ့ Emulsifiers တွေပါမယ်၊ အချိုဓာတ်ပိုကဲဖို့ ထည့်တဲ့ High-fructose Corn Syrup စတာတွေ ပါဝင်ပါမယ်။ ဒါတွေက အရ သာရှိစေပြီး ခံတွင်းတွေ့စေတာ ဖြစ်ပါ တယ်။
Ultra-Processed Food တွေရဲ့ အဓိက ရည်ရွယ်ချက်က စားကောင်း အောင်၊ အရသာလွန်ကဲအောင်၊ ဈေး သက်သာအောင်၊ လုပ်ရလွယ်ကူအောင်၊ အသင့်စားလို့ရအောင် ပြင်ဆင်ထုပ်ပိုး ထားတာမျိုးဖြစ်ပါတယ်။ စားသုံးသူတွေ အနေနဲ့လည်း ဈေးသက်သာတယ်၊ အ သင့်စားလို့ရတယ်၊ စားကောင်းတယ်၊ အရသာရှိတယ်ဆိုပြီး အလွန်အကျွံ စား မိတတ်ပါတယ်။ တစ်မျိုးစားပြီးလည်း ဗိုက်ပြည့်တင်းမှု မရစေတတ်လို့ နောက် ထပ် အစားအစာတစ်မျိုး ထပ်စားရမှာပါ။ ပြုပြင်မထားတဲ့အစားအစာ (Whole-Food) တွေရဲ့ အားသာချက်ကတော့ စားပြီးရင် အချိန်တစ်ခုထိ ဗိုက်ပြည့် တင်းမှုရရှိစေပြီး ခန္ဓာကိုယ်အတွက် အဓိ ကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal