သင့်လက်ချောင်းလေးတွေ နူးညံ့ပျော့ပျောင်းပြီး လှပနေစေဖို့

လက်ချောင်းတွေရဲ့ လှပမှုက ဆွဲ ဆောင်မှုတစ်ခုလို့ ဆိုရရင် မမှားနိုင်ပါဘူး။ စကားပြောတဲ့အခါ လက်ချောင်းတွေ လှုပ်ရှားပြီး ဟန်အမူအရာနဲ့ ပြောဆိုတာ က အပေါင်းအသင်းတွေကြားမှာ ထင်ရှား ပေါ်လွင်စေပြီး ကိုယ့်စကားကိုလည်း စိတ်ဝင်တစားဖြစ်စေပါတယ်။ လှပပြီး နူး ညံ့ပျော့ပျောင်းတဲ့ လက်ချောင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဆိုရင်တော့ အောက်ပါနည်း လမ်းတွေကို လိုက်နာလိုက်ပါ။

(၁) ဂျုံမှုန့်
ဂျုံမှုန့်နဲ့ ဒိန်ချဉ်ကို ရောပြီး ခပ်ပျစ် ပျစ်ရအောင်ပြုလုပ်ပါ။ လက်ချောင်းလေး တွေကို ပွတ်သပ်ပြီး လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေဆေးပါ။ နူးည့ံပျော့ ပျောင်းတဲ့ လက်ချောင်းလေးတွေ ပိုင် ဆိုင်ရရှိစေပါတယ်။ နောက်တစ်နည်းအ နေနဲ့ ဂျုံမှုန့်ကို အုန်းဆီနဲ့ ရောပြီးလည်း အသုံးပြုနိုင်ပါတယ်။

(၂) ဂလစ်စရင်းနှင့် နှင်းဆီပွင့်ဖတ်ရည်
သံပရာရည်နဲ့ ဂလစ်စရင်း လက် ဖက်စားဇွန်း တစ်ဇွန်းစီရောထည့်ထားတဲ့ ထဲကို နှင်းဆီပွင့်ဖတ်ရည် ထည့်ပေးပြီး သမအောင်မွှေပါ။ တစ်နေ့ နှစ်ကြိမ်လိမ်း ပေးပါက လက်ချောင်းလေးတွေ ပိုးသား လို နူးညံ့နေစေပါတယ်။

(၃) သံပရာသီး
သံပရာသီးကို ထက်ခြမ်း ခြမ်းပြီး အဲဒီအပေါ် သကြားဖြူးကာ လက်ချောင်း တွေကို ပွတ်ပေးပါ။ လက်ချောင်းလေး တွေ ဖြူဝင်းသွားစေပြီး အမည်းစက်တွေ ကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။ နောက်တစ်နည်းအနေနဲ့ ခရင်မ်တစ်မျိုး မျိုးထဲကို သံပရာရည်နဲ့ သကြားအနည်း ငယ်ပေါင်းထည့်ပြီး လက်ချောင်းတွေကို နှိပ်နယ်ကာ လိမ်းပေးပါ။ ၁၀ မိနစ် လောက်ထားပြီးမှ ရေဆေးပါ။

(၄) အုန်းဆီ
အုန်းဆီလိမ်းပြီး လက်ချောင်းတွေ ကို နှိပ်နယ်ပေးပါ။ လက်ချောင်းတွေ ခြောက်သွေ့ကွဲအက်တာကို သက်သာစေ ပါတယ်။ လက်ချောင်းတွေကို အုန်းဆီ လိမ်းထားပြီးချိန်မှာ နေပူထဲ မထွက်ပါနဲ့။ ဖြစ်နိုင်ရင် ညအချိန်မှာ လုပ်ပေးပါ။

(၅) ကြက်သီးနွေးအပူထားသော နွားနို့
ကြက်သီးနွေး အပူပေးထားတဲ့ နွား နို့ထဲကို လက်ချောင်းတွေ ၅ မိနစ်လောက် နှစ်ထားပါ။ ပြီးနောက် ရေနဲ့ သန့်စင်ဆေး ကြောပြီး မျက်နှာသုတ်ပဝါနဲ့ လက်ကို ပတ်ထားပေးပါ။ အစိုဓာတ်ခရင်မ်လိမ်းပါ။

(၆) အာလူး
အာလူးနှစ်လုံးကို ပြုတ်ပြီး ထောင်း ပါ။ အဲ့ဒီထဲကို ဂလစ်စရင်းနဲ့ ဗာဒံစေ့ဆီ လက်ဖက်စား ဇွန်း ၁-၂ ဇွန်းစီ ထည့်မွှေ ပါ။ ပြီးနောက် လက်ချောင်းတွေကို လိမ်း ပါ။ ၁ နာရီထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ဆေးကြောပါ။

(၇) အဖြူရောင် ရှလကာရည်
ရေထဲကို အဖြူရောင်ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ရောထည့်ပြီး လက်ချောင်းတွေကို နှစ်စိမ်ပါ။ နေ့စဉ်ပြု လုပ်ပေးပါက လက်ချောင်းတွေ နူးညံ့ ပျော့ပျောင်းသွားစေပါတယ်။

(၈) သံလွင်ဆီ
သံလွင်ဆီကို အုတ်ဂျုံအနည်းငယ်နဲ့ ရောပြီး လက်ချောင်းတွေကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ် ထားပြီးမှ ရေ ဆေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ လက်ချောင်းတွေ နူးညံ့ပျော့ပျောင်းသွား စေပါတယ်။ ပြီးနောက် သံလွင်ဆီလိမ်း ပြီး လက်ချောင်းတွေကို ညင်သာစွာနှိပ် နယ် ပေးပါ။

(၉) သကြား
သကြားလက်ဖက်စားဇွန်း နှစ်ဇွန်း ကို အဆီတစ်မျိုးမျိုးနဲ့ ရောပြီး လက် ချောင်းတွေကို ညင်သာစွာ ပွတ်သပ် လိမ်း ပေးပါ။ ၁၀-၁၅ မိနစ် ထားပြီးနောက် ရေ နဲ့ သန့်စင်ဆေးကြောပါ။ ပြီးနောက် အစို ဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

(၁၀) ပျားရည်
ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းထဲ ကို သကြား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး လက်ချောင်းတွေကို လိမ်းကာ ၂-၃ ကြာအောင် နှိပ်နယ်ပေးပါ။ ပြီး နောက် ရေနဲ့ ဆေးကြောလိုက်ပါ။

(၁၁) ရှလကာရည်
လက်ချောင်းတွေမှာ အရေးကြောင်း တွန့်တာတွေ မဖြစ်စေဖို့ ရှလကာရည်နဲ့ ကြက်သွန်နီရည်ကို ရောပြီး လိမ်းပါ။ ရက် အနည်းငယ်အတွင်း ထူးခြားမှုကို သင်သိ ရှိပါလိမ့်မယ်။

Tips:
လက်ချောင်းတွေ အမြဲတမ်း နူးညံ့ ပျော့ပျောင်းနေစေဖို့ဆိုရင် . . .
– လက်ချောင်းတွေကို သန့်စင် ဆေး ကြောတဲ့အခါ အပျော့စား ဆပ်ပြာကို အ သုံးပြုပြီး ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။
– အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပြီး အ ရေပြားထဲ စိမ့်ဝင်သွားအောင် ညင်သာစွာ နှိပ်နယ်ပေးပါ။
– ဥယျာဉ်ခြံစိုက်ပျိုးတာ၊ အဝတ်အစား လျှော်ဖွပ်တာနဲ့ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်အိတ်ဝတ် ဆင်ဖို့ မမေ့ပါနဲ့။
– လက်ချောင်းတွေပေါ်ကို နေရောင်ခြည် တိုက်ရိုက် မကျရောက်စေဖို့ နေရောင်ကာ ခရင်မ် လိမ်းပါ။
– ညအိပ်ရာဝင်ချိန်မှာ ရေနံဂျယ်လီကို လိမ်းအိပ်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal