ရောဂါအခံရှိသူတွေမှာ Covid-19 ရောဂါကြောင့် သေဆုံးနိုင်ခြေလျော့ကျစေဖို့ ဘာတွေလုပ်ဆောင်နိုင်မလဲ

ရောဂါအခံရှိသူတွေအနေနဲ့ Covid-19 ရောဂါဖြစ်လာရင် ဘာကြောင့်သေဆုံး နိုင်ခြေပိုများပါသလဲ။
Covid-19 ရောဂါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါ တယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ဖျား တာတွေ၊ ချောင်းဆိုးတာတွေ၊ အနံ့မရတာ တွေ၊ အသက်ရှူကျပ်တာတွေဖြစ်စေပြီး ပိုပြီးပြင်းထန်တဲ့ဖြစ်စဉ်တွေမှာ ရောဂါကူး စက်ခံရတာတွေကြောင့် အဆုတ်ရောင် ရောဂါ ဒါမှမဟုတ် အသက်ရှူရခက်ခဲတာ တွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုအဆုတ် ရောင်ရောဂါဖြစ်တာကြောင့် အဆုတ်နဲ့ ပတ်သက်တဲ့ရောဂါအခံရှိသူတွေက ရောဂါပိုးပြင်းထန်ပြီး သေနိုင်ခြေပိုများ တာဖြစ်ပါတယ်။ အထူးသဖြင့် ဒီရောဂါပိုး က ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီးတော့ သေဆုံးနိုင်တာတွေ ပို များနေတာကို တွေ့ရပါတယ်။
သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စသ ဖြင့်ရောဂါအခံရှိတဲ့သူတွေဟာ သာမန် အားဖြင့် နဂိုကသူတို့မှာ ဒီရောဂါတွေရှိနေ ပြီဆိုတော့ ရောဂါကိုခုခံနိုင်မယ့်ခံနိုင်ရည် အား မရှိတော့တာကြောင့်နဲ့လည်း သက် ဆိုင်ပါတယ်။ Covid-19ရောဂါဝင်တော့ မယ်ဆိုရင် ဒီဗိုင်းရပ်စ်ပိုးကလည်း လူရဲ့ ခံနိုင်ရည်အားကို တိုက်ခိုက်တာဖြစ်တာ ကြောင့် ဒီလိုတိုက်ခိုက်တဲ့အခါခုခံနိုင်ဖို့ စွမ်းရည်တွေမရှိတော့ဘူးပေါ့။ ဒီအချိန်မှာ ရောဂါပိုးကလည်း ဝင်ရောက်လာပြီးနှလုံး အားနည်းတာတွေ၊ အဆိပ်အတောက်ဖြစ် စေတာတွေ၊ အဆုတ်မှာဆိုရင်လည်း အောက်ဆီဂျင်ကျပြီး အဆုတ်ရောင် တာတွေ ဖြစ်တယ်။ ဆီးချို၊ သွေးချိုမှာ ဆို ရင်လည်း ဆီးချိုအရမ်းများပြီး အဆိပ် တက်တာတွေဖြစ်စေပြီး လူကို သေဆုံးနိုင် စေပါတယ်။

Covid-19 ကရောဂါဖြစ်တဲ့အထဲမှာ အ သက်ငယ်ပိုင်းတွေပါဝင်လာသလို သေ ဆုံးတာတွေလည်း ရှိလာတာကြောင့် လူငယ်တွေအတွက် ပညာပေးစကား လေးပြောပေးပါဦးဆရာ။
Covid-19 ရောဂါကြောင့် သေဆုံး သွားတဲ့သူတွေထဲမှာဆိုရင် အသက် ၁၃ နှစ် လူငယ်တစ်ယောက် ပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးငယ်မှာ ဆိုရင်လည်း သွေးနဲ့ဆိုင်တဲ့ရောဂါအခံရှိ တယ်လို့သိရပြီး သူဟာပြင်းထန်အဆုတ် ရောင်ရောဂါကြောင့် ရုတ်တရက်အသက် ရှူလမ်းကြောင်း ပျက်စီးပြီး အသက်သေ ဆုံးရတယ်လို့လည်း သိရပါတယ်။ တတ် နိုင်သလောက်ကတော့ ကလေးတွေကို ကိုယ်ခံအားကောင်းအောင် ကျွေးမွေးရ မယ်၊ အသွားအလာအနေအထိုင်၊ အိပ် ရေးဝအောင် ဂရုစိုက်ပေးရပါမယ်။ ပြီး တော့ နဂိုကတည်းက ပန်းနာရင်ကျပ်၊ ကင်ဆာရောဂါ စသဖြင့် ရောဂါအခံရှိတဲ့ ကလေးတွေကို ပိုပြီးဂရုစိုက်ပေးရပါမယ်။
အခုဆိုရင် Covid-19 ရောဂါက လက္ခဏာတွေမပြဘဲ ကူးစက်နေတာတွေ ပိုများနေတာကို တွေ့ရပါတယ်။ ဒီရောဂါ က ရောဂါတွေပျံ့နေတယ်ဆိုတာကို သိ ထားပေမယ့် ဘယ်သူနဲ့ထိပြီးဘယ်လို ကူး စက်လာသလဲဆိုတာကို မသိနိုင်ဘူးပေါ့။ ရောဂါကူးစက်သူတွေထဲမှာဆိုရင် တချို့ က အနေအထိုင်၊ အသွားအလာပေါ့ ဆမှုကြောင့် ဖြစ်ရတာတွေရှိသလို တချို့ ကျတော့လည်း ဂရုစိုက်နေတဲ့ကြားက မတော်တဆ ရောဂါပိုးကူးစက်ရတာတွေ ရှိပါတယ်။ ရန်ကုန်မြို့က ပြည်သူလူထု အတော်များများက ဘတ်စကားစီးရတာ ကြောင့် ဒီလိုဘတ်စကားစီးတဲ့အခါမှာ လည်း Mask ကို မဖြစ်မနေတပ်သင့်ပြီး လက်ကိုမကြာခဏဆေးပေးဖို့ လိုအပ်ပါ တယ်။

နဂိုရောဂါအခံရှိသူတွေအနေနဲ့ Covid-19 ရောဂါဖြစ်လာခဲ့ရင် ဘာတွေဆောင်ရွက်ဖို့ အရင်ဆုံး ဆုံးဖြတ်သင့်ပါသလဲ။
နဂိုရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်စသဖြင့် ရောဂါအ ခံရှိတဲ့သူတွေက သူတို့မှာ Covid-19 ရောဂါဖြစ်ပြီလို့ သံသယရှိလာရင် အ ကြောက်မလွန်ဘဲ မိမိကိုယ်ခံအားကောင်း အောင်နေပြီး လိုအပ်ရင်ဆေးရုံဆေးခန်း တွေကို သွားရောက်စစ်ဆေးသင့်ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ အကြောက် လွန်ခဲ့ရင် မလိုလားအပ်ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီးတော့ အစားအသောက် ပျက် တာတွေ၊ မအိပ်နိုင်တာတွေဖြစ်လာပြီး တော့ ကိုယ်ခံအားကျဆင်းလာနိုင်ခြေ ရှိ ပါတယ်။ တကယ်လို့ အိမ်မှာနေတဲ့အခါ လည်း Mask တပ်ထားပါ။ ကိုယ်ရဲ့ မိသားစုတွေက အိမ်အပြင်ကိုသွားလာ နေရသူတွေဖြစ်နေရင်လည်း သူတို့အ နေနဲ့ အပြင်တစ်နေရာကနေ ရောဂါပိုး တွယ်ကပ်လာနိုင်တာကြောင့် သူတို့နဲ့ ခပ် ခွာခွာနေထိုင်ပါ။ အစားအသောက်တွေ ပုံမှန်စားပေးရမှာဖြစ်သလို ရေများများ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။ တ ကယ်လို့ Covid-19 ရောဂါလက္ခဏာခံ စားလာရပြီဆိုရင် သက်ဆိုင်ရာကျန်းမာ ရေးဌာနတွေကို အမြန်ဆုံးဆက်သွယ်ပြီး ဆေးကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။

ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ရောဂါပိုး ကူးစက်မှုနည်းပါးအောင် အနေအထိုင်၊ အစားအသောက်တွေကို ဘယ်လိုဂရုစိုက် ပေးရမလဲ။
Covid-19ရောဂါဖြစ်နေတဲ့အချိန် မှာ အစားအသောက်နဲ့ပတ်သက်ပြီး အာ ဟာရပြည့်ဝအောင် အသီး၊ အရွက်၊ ပဲမျိုး စုံ၊ အသား၊ ငါး စသဖြင့် အစားအသောက် မျိုးစုံကို စားပေးသင့်ပါတယ်။ အခုဆိုရင် ကိုယ်ခံအားကောင်းအောင် ကြက်ဥစားပါ၊ သံပရာရည်သောက်ပါ၊ ချင်းပြုတ်ရည် သောက်ပါ အစရှိသဖြင့် ပြောဆိုကြတာ တွေလည်းရှိပြီး အထူးသဖြင့်ကတော့ အ စားအသောက်တွေကို မျှမျှတတစားပေး ဖို့ လိုအပ်ပါတယ်။

အခုအချိန်ထိ Mask မတပ်ဘဲသွားလာ နေကြတဲ့သူတွေကိုကော ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။
တချို့တွေ အခုအချိန်ထိ Mask မ တပ်ဘဲ သွားလာနေကြတာတွေရှိနေကြ ပါတယ်။ Mask တပ်ခိုင်းရတယ်ဆိုတာ က တစ်ဦးနဲ့တစ်ဦးကြား ရောဂါကူးစက်မှု ကို မပြန့်ပွားအောင်ဆောင်ရွက်ရတဲ့သ ဘော ဖြစ်ပါတယ်။ Mask တပ်တဲ့အခါ မှာတောင် တစ်ယောက်ကတပ်ပြီးတခြား တစ်ယောက်ကမတပ်ဘဲနေရင် ၅၀ ရာ ခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက်အထိ ရောဂါ ကူးစက်နိုင်ခြေရှိပြီးတော့ နှစ်ယောက်စ လုံး မတပ်ဘဲနေရင်တော့ ၁၀၀ ရာခိုင်နှုန်း လောက်အထိ ရောဂါကူးစက်နိုင်ပါတယ်။ နှစ်ယောက်လုံးအနေနဲ့ Mask တပ်ထား ရင် ရောဂါကူးစက်နိုင်ခြေက အရမ်းပဲ နည်းပါးပါတယ်။ ဒါကြောင့် လူတိုင်း Mask တပ်ဖို့ လိုအပ်ပါတယ်။ Mask တပ် တဲ့အခါမှာလည်း တချို့လူတွေက မေး စေ့မှာချိတ်တာမျိုး၊ နားမှာချိတ်တာမျိုး တွေလည်းရှိပြီး ဒါတွေကထိရောက်စွာ မကာကွယ်နိုင်ပါဘူး။ Mask ကို သုံး စွဲပြီးတဲ့အခါအမှာလည်း စနစ်တကျ အမှိုက်ပုံးထဲကို စွန့်ပစ်သင့်ပါတယ်။ စနစ်တကျစွန့်ပစ်တာမျိုးမဟုတ်ဘဲ လမ်း ပေါ်တွေမှာ စည်းကမ်းမရှိ စွန့်ပစ်လိုက်ရင် တကယ်လို့ အဲဒီလူမှာသာ ရောဂါပိုးရှိနေရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲကျန်း မာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Covid-19 ရောဂါပိုးက အဝတ်အစား၊ ငွေကြေးတွေအပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှည်နေနိုင်ပါသလဲ။
သုတေသနေပြုချက်တွေအရ Covid-19 ရောဂါပိုးက ငွေကြေးတွေမှာ ဘယ်လောက်ကြာကြာ ကပ်တွယ်နေနိုင် တယ်၊ အဝတ်အစားတွေပေါ်မှာ ဘယ် လာက်ကြာကြာ နေနိုင်တယ်ဆိုပြီး ပြော နေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် ကတော့ အဲကွန်းခန်းတွေမှာအလုံပိတ်ပြီး လူတွေအများကြီးနေမယ်ဆိုရင် ဗိုင်းရပ်စ် က အသက်ရှည်နေနိုင်ပြီး တစ်ယောက် ကတစ်ယောက်ကို ကူးစက်ဖို့ လွယ်ကူပါ တယ်။ ဒါကြောင့် ရုံးခန်းတွေမှာအလုပ် လုပ်တဲ့အခါ ပြတင်းပေါက်မှန်တွေကိုဖွင့် ပြီး လေဝင်လေထွက်ကောင်းအောင် နေ ရောင်ခြည်ရရှိဖို့ လိုအပ်ပါတယ်။ ပြီး တော့ အပြင်ကပြန်လာတဲ့အခါ မိမိကိုယ်မိမိ ရေချိုးသန့်စင်ပြီး အဝတ်အစားတွေကိုပါ လျှော်ဖွပ်သန့်စင်လိုက်တာက အကောင်း ဆုံး ဖြစ်ပါတယ်။

Quarantine ၁၄ ရက်ပြည့်ပြီး မိမိ အိမ်ကို ပြန်ရတဲ့အခါမျိုးမှာကော ဘယ် လိုနေထိုင်သင့်ပါသလဲ။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာ နက လမ်းညွှန်ထားတဲ့အတိုင်း Mask စ နစ်တကျ တပ်ဆင်ထားပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ တစ်ရှူးအသုံးပြုပြီး အ မှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ။ အိမ်သားတွေနဲ့ရောနှောနေထိုင်တာမျိုး မလုပ် ဘဲ ၆ ပေခန့်အကွာမှာနေပြီး တစ်ကိုယ် ရေသုံးပစ္စည်းတွေကို သီးသန့်ထားရှိပါ။ လူစုလူဝေးရှိတဲ့နေရာတွေကို သွားလာတာ မျိုး မလုပ်ဆောင်သင့်တာမျိုး စသဖြင့် ညွှန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

ဒေါက်တာသန်းစိန် (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ)

Post Author: Good Health Journal