ဆံသားကျန်းမာရေးအတွက် Tips

မိမိဆံပင် အကျွတ်နည်းပြီး ပျော့ပြောင်းနူးညံ့ကာ ရှုပ်ထွေးမှုမရှိအောင် အမျိုးသမီးတိုင်းသိထားသင့်တဲ့ ဆံ သားဂရုစိုက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိရဲ့ ဆံသားအမျိုးအစားကို နား လည်ထားပါ။
မိမိရဲ့ဆံသားက ကြမ်းတမ်းသ လား၊ ပျော့ပျောင်းနူးညံ့လား၊ အဖျားနှစ် ခွဖြစ်နေလား၊ ဖြောင့်စင်းသလား၊ လှိုင်း တွန့်ရှိလား၊ ကောက်လွန်းနေလားဆို တာကို သိရှိနားလည်ထားရပါမယ်။

၂။ သင့် ဆံပင်က အကျွတ်များနေရင် သွပ်ဓာတ်၊ ဗီတာမင် အီးနဲ့ ဗီတာမင်စီ အားဖြည့်ဆေးကို မှီဝဲရပါမယ်။ ဒါမှ ဆံ ပင်ပြန်ပေါက်ပြီး ဆံပင်အကျွတ်နည်း သွားနိုင်မှာပါ။

၃။ သင့်ဆံသားကို သာဘာဝအတိုင်း တောက်ပြောင်လိုရင် ငါးအဆီ Fish oil ကို မှီဝဲရပါမယ်။

၄။ သင်က သင့်ကျန်းမာရေးကို ဂရု စိုက်ပါလျက်နဲ့ သင့်ဆံသားတွေက ခြောက်သွေ့ပြီး ရှုပ်ငြိနေရင်တော့ သင် အသုံးပြုတဲ့ရေမှာ ကလိုရင်း ပါဝင်မှု များနေတာကြောင့်ပါ။ ရေစစ်ပါတဲ့ ရေ ပန်းနဲ့ ခေါင်းလျှော်ပါ။ ဆံသားပေါ် သက်ရောက်မယ့် ကလိုရင်းရဲ့ဆိုးကျိုး လျော့နည်းနိုင်ပါတယ်။

၅ ။ သင်က သင့်ဆံပင်ကို တောက်ပြောင် လှပလိုရင်တော့ သင့်ဦးရေပြားကိုလည်း ကျန်းမာအောင်ထားပေးရပါမယ်။ ဦးရေပြားကို ကုသမှုခံယူတာ ဒါမှမဟုတ် ဆီလိမ်းပြီး နှိပ်ပေးတာမျိုးကို ပြုလုပ် ပေးပါ။

၆။ အကောက်ဆံသားပိုင်ရှင်တွေက ချစ်ဖို့ကောင်းလှပေမယ့် သူတို့ဆံသား ကို ဂရုစိုက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ကြေးချွတ်နိုင်တဲ့ ဆံပင်ပျော့ဆေး sing conditioner ကို အသုံးပြုပါ။ ဖုန် တွေကို ဖယ်ရှားနိုင်တဲ့အပြင် အကောက် ဆံသားတွေကိုပါ အာဟာရ ရရှိနိုင်ပါ တယ်။

၇။ ဆံသားပျော့ဆေးရဲ့ အကျိုးကျေးဇူးကို လူတွေ သိပ်မသိရှိကြသေးပါဘူး။ သူက ဆံသားတွေ မပျက်စီးအောင် ကာကွယ် ပေးပြီးကောက်သားပုံစံ မပျက်အောင် ထိန်းထားပေးနိုင်ပါတယ်။

၈။ ဆံသားကောက်သူတွေက အုံထူလေ လေ ဆံပင်ပုံသွင်းတဲ့ ထုတ်ကုန်ခပ်ပျစ် ပျစ်ကို သုံးရလေလေပါ။

၉။ ဆံပင်ရှုပ်ပြီး ငြိတတ်လာရင် မိန်းက လေးအများစု ပြုလုပ်တတ်တာက ဆံပင် ကိုဖြောင့်စက်နဲ့ ဆွဲချလိုက်ကြပါတယ်။ ဒီလို ပြုလုပ်တာက ရေရှည်မှာ ဆံသား ပိုဆိုးရွားနိုင်ပါတယ်။ Frizz Free Serum ကို အသုံးပြုပေးပါ။

၁၀။ သင်ဆံပင်ညှပ်ချင်နေပေမယ့် သင်နဲ့ လိုက်ဖက်မှုမရှိမှာကို ကြောက် ရွံ့နေရင် သင်ကြိုက်နှစ်သက်တဲ့ ဆံ ပင်ပုံစံ ၂-၃ ပုံလောက်ရဲ့ဓာတ်ပုံကို သင့်ကို ဆံပင်ညှပ်ပေးမယ့် သူကိုပြသပြီး သင်နဲ့ လိုက်ဖက်အောင် ညှပ်ခိုင်းပါ။

၁၁။ ဆံပင်မြန်မြန်ပေါက်ချင် ဒါမှမဟုတ် အရှည်မြန်ချင်ရင် ဘိုင်အိုတင် အားဖြည့် ဆေးကို မှီဝဲပါ။ ဘိုင်အိုတင်က ဆံသား သန်မာပြီး အုံထူအောင် လှုံ့ဆော်ပေး ပါတယ်။

၁၂။ ဆံပင်ကို ဘယ်လို ပြင်ဆင်ရမလဲလို့ စဉ်းစားလို့ မရရင် ကျစ်ဆံမြီး ကျစ်ပြီး ရှေ့ဆံပင်ကို မျက်စိပေါ် ချထားလိုက်ပါ။ချစ်စရာကောင်းတဲ့ အသွင်ပေါက်နိုင်ပါ တယ်။

၁၃။ သင့်ဆံသားသန်မာပြီးကျန်းမာဖို့က သင်ခေါင်းဖြီးတဲ့ ဘီးကလည်း အရေးပါ ပါတယ်။ Boar Bristle Brush လို ဝက် မှင်ဘီးက ဆံသားအတွင်းကို အဆီရောက် နိုင်တာမို့ ဆံသားပျော့ပျောင်း နူးညံ့နိုင် ပါတယ်။

၁၄။ သင်က အဆီပြန်တဲ့ ဦးရေပြား ပိုင် ရှင်ဖြစ်နေရင် ဆံသားပေါ်က ပိုလျှံနေတဲ့ အဆီတွေကိုဖယ်ရှားဖို့ အောက် ပါအတိုင်းပြုလုပ်ပါ။
စားပွဲဇွန်း ၂ ဇွန်း စာရှောက်ရည်ကို ကြိတ် ခြေပြီးသား ထော ပတ်သီးတစ် ခြမ်း၊ ပန်း သီးရှလ ကာရည် စားပွဲဇွန်း ၂ ဇွန်းနဲ့ မရောနိစ် စားပွဲဇွန်း ၂ ဇွန်းစာကို သေချာရောစပ် ပြီး ဆံသားပေါ်မှာ သုတ်လိမ်းကာ နာရီ ဝက်လောက်နှပ်ထားပါ။ ပြီးရင် ဦးရေ ပြားကို ငါးမိနစ်ခန့် နှိပ်ပေးပြီး ရေနွေးနဲ့ ရေဆေးချပါ။
နှစ်ပတ် တစ်ကြိမ်ပြုလုပ်ပေးပါက သင့်ဆံသား အဆီပြန်တာကင်းစင်ပြီး ကျန်းမာလာစေနိုင်ပါတယ်။

၁၅။ စားပွဲဇွန်း ၂-၃ ဇွန်းစာ ရှလကာ ရည်ကို ရေနွေးနွေးနဲ့ ရောစပ်ပြီး ပျော့ ဆေးလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဒီအ ရည်နဲ့ ဦးရေပြားကို နှိပ်ပေးပြီး ခေါင်း လျှော်ရည်နဲ့ ခေါင်းလျှော်နိုင်ပါတယ်။ ခေါင်းလျှော်ပြီး ပျော့ဆေးကို အသုံးပြု စရာမလိုအပ်တော့ပါဘူး။

၁၆။ နေရောင်ကြောင့် သင့်ဆံသား ပျက် စီးမှုမရှိအောင်လည်း ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆံသားဂရု စိုက်ထုတ်ကုန်တွေကိုဝယ်ယူတဲ့အခါမှာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ် နိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်ကို ရွေးချယ်ပါ။

၁၇။ သင်ပုံသွင်းထားတဲ့ ဆံပင်ပုံစံ တစ်နေကုန်ခံဖို့ Hair Spray အသုံးပြုပါ။ Hair Spray ကိုဆံရင်းမှာဖျန်းပြီး Round Brush နဲ့လည်း Blow Dry လုပ်ပြီး ပုံသွင်းနိုင်ပါတယ်။

၁၈။ Dry Shampoo အသုံးပြုပြီး သင့် ဆံပင်ပုံစံကို တစ်နေကုန်ခံအောင် ပြုလုပ်နိုင်ပါတယ်။

၁၉။ ဆံပင်ပုံစံကို လှိုင်းတွန့်လိုမျိုးဖြစ် ချင်ရင်တော့ ဆံသားအရှည်ရဲ့ အလယ် နေရာကို Mousse လိမ်းပေးပါ။

၂၀။ သင်ရဲ့စတိုင်လ်ကိုအမြဲတမ်းပြောင်း လဲပြီး မြင်စေချင်နေရင်တော့ ဆံပင်ကို ဆေးဆိုးလိုက်ပါ။

၂၁။ သင်ဆိုးထားတဲ့ ဆံပင်အရောင် တာရှည်ခံဖို့ Color Treatment ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးကို အသုံးပြုပါ။

၂၂။ သင့်ဆံပင်ကို ဆေးအရောင်ဆိုးချင် ရင် သင်ဆံပင်ရဲ့ မူလအရောင်ထက် ၂-၃ ဆင့်ဖျော့တော့တဲ့အရောင်ကို ရွေး ချယ်ပါ။

၂၃။ သင်က ဆံပင်အရောင်ဆိုးမှုန့်ကို အသုံးပြုထားရင် အိမ်မှ အပြင်မထွက် ခင် ဆံပင်ကိုသင့်လက်နဲ့ခါလိုက်ပါ။ ဒါမှ သင့်အဝတ်အစားတွေအပေါ် အရောင် စွန်းထင်းမှုမရှိအောင် ကာကွယ်နိုင်ပါ လိမ့်မယ်။

လှပတ္တမြား

Post Author: Good Health Journal