လှပတဲ့ နှစ်သစ်ကိုကြိုဆိုဖို့သင်္ကြန်ပွဲတော် က လက်တစ်ကမ်းအလိုမှာပဲ စောင့်နေပြီ ဖြစ်ပါ တယ်။ အလှကြိုက်တဲ့ပျိုမေတွေကလည်း သင်္ကြန် ပွဲတော်မှာအလှဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် နေလောက်ပြီထင်ပါတယ်။ တစ်ခုရှိတာကတော့ သင်္ကြန်ပွဲတော်ဟာ ပူနွေးတဲ့ရာသီဥတုမှာကျင်းပ တာဖြစ်ပါတယ်။
အလှကြိုက်တဲ့ပျိုမေတို့အတွက် အခက် တွေ့စရာကတော့ မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့ အခါ တာရှည်မခံတာ၊ ကွက်တာ၊ ပျံ့လွယ်တာ တွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမို့လို့ ပူတာအပြင် သင်္ကြန်ရေပါ ပက်ဖျန်းခံရမှာမို့ အပူဒဏ်ရော၊ ရေဒဏ်ရောကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအ တွက် သင်္ကြန်မှာ အတောက်ပဆုံး လှနေစေမယ့် Tips တွေကို ရေး ပေးလိုက်ပါတယ်။
အိုင်းလိုင်နာ၊ ရှဲဒိုးတွေ မပျံ့ဖို့ဆိုရင် –
_ Smudge-proof လို့ ရေးထားတဲ့ အိုင်း လိုင်နာတွေ အသုံးပြုပါ။ ဂျယ်လ်ပုံစံထုတ်လုပ် ထားတဲ့ အိုင်းလိုင်နာတွေက အလွယ်တကူ မပျံ့တတ်ပါဘူး။
_ မျက်လုံးအောက်ဘက် waterline တစ် လျှောက်လုံးကို အိုင်းလိုင်နာမဆွဲပါနဲ့၊ သုံးပုံ တစ်ပုံလောက်ပဲဆွဲပါ။ အိုင်းရှဲဒိုးအသုံးပြုပြီး အိုင်းလိုင်နာအစွန်းတွေကို အရောင်ပြန်ဖြေ ပေးပါ။
_ ကွန်ဆယ်လာအနည်းငယ်ကို မျက်လုံး အောက်ဘက်မှာ လိမ်းပေးရင်လည်း မျက်လုံး အောက်ဘက်ခြယ်ထားတာတွေ ပျံ့တာ၊ ကွက် တာ သက်သာစေပါတယ်။
_ မျက်လုံးတစ်ဝိုက် အသုံးပြုဖို့ ထုတ်ထား တဲ့ primer ကို အသုံးပြုပါ။ သူက မျက်ခွံ ပေါ်မှာ ချွေးပြန်ပြီး အိုင်းရှဲဒိုးတွေ ပျံ့တာမဖြစ် အောင် ကူညီပေးနိုင်ပါတယ်။
_ နောက်တစ်နည်းကတော့ Translucent ပေါင်ဒါမှုန့်ကို အသုံးပြုပါ။ သူက ဘာအရောင် မှမပါတဲ့ ပေါင်ဒါမှုန့်ဖြစ်ပါတယ်။ သူ့ကို မျက်ခွံ ပေါ် နှစ်ထပ်လောက်ထပ်ပြီးမှ အပေါ်က အိုင်း ရှဲဒိုးခြယ်ပါ။
_ ခရင်မ်အိုင်းရှဲဒိုးကို အသုံးပြုပါ။ သူတို့က ပေါင်ဒါကိတ်အိုင်းရှဲဒိုးထက်ပိုပြီး ရေဒဏ်၊ နေ ဒဏ်ကို ခံနိုင်စွမ်းရှိပါတယ်။
_ မျက်တောင်လေးတွေ ကော့ညွတ်နေဖို့ဆို ရင် Water-proof Mascara ကို အသုံးပြု နိုင်ပါတယ်။
_ မျက်တောင်အတုတပ်ရတာမှ ကြိုက်တယ် ဆိုရင် မျက်တောင်တုကပ်တဲ့ကော်မှာ proof Eyelash Glue အမျိုးအစားကို ရွေး ချယ်ပါ။
မိတ်ကပ်ရွေးချယ်မယ်ဆိုရင် …
_ ပူနွေးတဲ့ရာသီဥတုဖြစ်တာကြောင့် မိတ် ကပ်ပျံ့တာ၊ ကွက်တာက ခဏခဏကြုံရ တတ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကတော့ မိတ်ကပ်ကိုအများကြီး၊ အထူကြီး လိမ်းတာရှောင်ပါ။
_ ဘယ်မိတ်ကပ် အမျိုးအစားပဲရွေးရွေးမ လိမ်းခင်မှာ SPF (Sun Protection Factor)) ပါဝင်တဲ့ နေလောင်ကာခရင်မ်ကို အရင်လိမ်း ပေးပါ။
_ Oil-free မိတ်ကပ်တွေကို ရွေးချယ်ဖို့ ပိုပြီးသင့်တော်ပါတယ်။ သူတို့က အပူဒဏ် ကြောင့်မိတ်ကပ်ကွက်တာတွေမဖြစ်စေတတ် ပါဘူး။
_ ပါးနီရွေးချယ်မယ်ဆိုရင် အလွယ်တကူ မပျံ့၊ မပျက်တတ်တဲ့ ဂျယ်လ်ပုံစံ၊ Stains ပုံစံ ထုတ်လုပ်ထားတာကို ရွေးချယ်ပါ။
_ သင်္ကြန်ရေစိုခံအောင်လို့ ရေစိုခံ မိတ်ကပ်ပဲ ရွေးလိမ်းလိုက်ရင် မပြီး ဘူးလားဆိုတော့ ရေစိုခံမိတ်ကပ် တွေမှာ waterproof နဲ့ water resistant ဆိုပြီး ရှိပါတယ်။
_ Water-proof makeup က ချွေးနဲ့ အဆီတွေကြောင့်ပါ မိတ်ကပ်မပျက်စေပါဘူး၊ ဒါပေမဲ့ သူက အရမ်းထူတဲ့ မိတ်ကပ်သားဖြစ် လို့ ချွေးပေါက်တွေ ပိတ်စေနိုင်ပါတယ်။
_ Water-resistant မိတ်ကပ်က ကျတော့ waterproof မိတ်ကပ်လိုပဲ ရေစိုခံနိုင်ပြီး မိတ် ကပ်သားက သိပ်မထူတာကြောင့် အသား အရေကို သိပ်ပြီး မထိခိုက်စေပါဘူး။
_ ဒါကြောင့် Water-proof မိတ်ကပ် ရွေး မယ်ဆိုရင် သူ့ကိုဖော်စပ်ထားတဲ့ ပါဝင်ပစ္စည်း တွေက သင်နဲ့တည့်၊ မတည့်ဆိုတာကို အရင် ဆန်းစစ်ပါ။
_ တစ်နေကုန်လျှောက်လည်ပြီး အိမ်ရောက် ရင်တော့ အသားအရေမပျက်စီးအောင် မိတ် ကပ်တွေပြောင်စင်အောင် ဖျက် ဖို့ရယ်၊ ညအိပ်ရာဝင်လိမ်း တဲ့ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးမျိုး လိမ်းပြီး အိပ်ဖို့ အကြံပေးချင်ပါ တယ်။
အတာကူးတဲ့ သင်္ကြန် မှာ အတောက်ပဆုံးလှ နိုင်ကြပါစေ . . .
Darliko