စိတ်သောကကင်းကင်းနဲ့ ခရီးထွက်နိုင်ဖို့

နွေရာသီ ပိတ်ရက်ရှည်တွေက မ ကြာခင်မှာရောက်ရှိလာတော့မှာမို့ ပြည် တွင်းခရီးဖြစ်ဖြစ် ပြည်ပခရီးဖြစ်ဖြစ် သွားရင်ကောင်းမလားလို့ စဉ်းစားနေသူ တွေရှိနေလောက်မှာပါ။ အပန်းဖြေခရီး က အနည်းဆုံးတစ်နှစ်ကို တစ်ခါ လောက်တော့ ထွက်သင့်ပါတယ်။ တစ် နှစ်တာလုံးမှာ လုပ်ရိုးလုပ်စဉ်လုပ်နေကျ အလုပ်တွေကနေ ခေတ္တခဏ gravity အပြင်ဘက်ခုန်ထွက်တဲ့သဘော၊ လက် တွေ့ဘ၀ကနေ ခဏတာ retire ယူ လိုက်တဲ့သဘောပေါ့။ အပန်းဖြေခရီးထွက်တယ်ဆိုတာ ရဲ့ ရည်ရွယ်ချက်ကိုကစိတ်ရော၊ လူပါ အမောပြေ၊ အပန်းဖြေဖို့ပါ။ ခရီးထွက် ပြီး စိတ်ညစ်တာ၊ အနှောင့်အယှက်ဖြစ် တာတွေ မကြုံစေချင်ပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာ ခရီးထွက်မယ်လို့ဆုံးဖြတ် ထားရင် ခရီးစဉ်တစ်လျှောက်သာယာစေ ဖို့ Tips တွေကိုရေးပေးလိုက်ပါတယ်။

(၁) ဘယ်သွားချင်တာလဲ
ဒါက အရေးကြီးပါတယ်။ သင် စိတ်မဝင်စားတဲ့ခရီးစဉ်ဆိုရင် ပျော်မှာမ ဟုတ်ပါဘူး။ တချို့က ခရီးထွက်ရင် အပန်းဖြေဖို့ချည်းသက်သက်တစ်လိုင်း သွားရတာကြိုက်သလို တချို့က Adv­en­­ture လိုမျိုး စွန့်စွန့်စားစားသွားရတဲ့ ခရီးစဉ်တွေကို နှစ်သက်တာမျိုးလည်း ရှိ ပါတယ်။ ကိုယ့်မြို့ထဲမှာပဲ လှပတဲ့ Resorts သော်လည်းကောင်း၊ ဟိုတယ်သော် လည်းကောင်းမှာ Staycation သွားနေ မလား၊ မြို့အစွန်လောက်ကို Road Trips သွားမလား၊ ကမ်းခြေတွေကိုသွားမှာလား၊ တောင်တန်းတွေရှိရာနေရာတွေကို သွား မှာလား၊ ရေတံခွန်တွေရှိရာ နေရာကို သွားမှာလား စသဖြင့် အမျိုးမျိုးရှိပါ တယ်။ ခရီးစဉ်ရွေးတဲ့အခါ ရာသီဥတုနဲ့ သွားမယ့်နေရာကိုလည်း ထည့်စဉ်းစားပါ။

(၂) ဘယ်သူတွေနဲ့သွားမှာလဲ
လူတစ်ယောက်အကြိုက်တစ်မျိုးစီ မို့ ခရီးသွားဖို့ နေရာရွေးချယ်တဲ့အခါမှာ လည်း အကြိုက်မတူတာရှိမှာပါ။ ဒီတော့ တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် တော့ သင်ကြိုက်တဲ့နေရာသွားနိုင်ပေ မယ့် မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီး ထွက်မယ်ဆိုရင်တော့ အားလုံးနဲ့ အ ကြိုက်ချင်းမတူတောင် အတတ်နိုင်ဆုံး အားလုံးအတွက် အဆင်ပြေမယ့်ခရီးစဉ် ကို ညှိနှိုင်းပါ။ အနားနီးမှ ဟိုနေရာဆို မသွားချင်ဘူး၊ ဒီနေရာဆိုမသွားချင်ဘူး မဖြစ်အောင်လို့ပါ။ သင်စိတ်ဝင်စားတဲ့ နေရာဖြစ်ဖို့လည်း လိုသလို၊ အတူသွား မယ့်သူတွေလည်း သဘောကျနှစ်သက် ဖို့လိုပါတယ်။

(၃) ဘယ်လောက်သုံးမှာလဲ
သင် ခရီးစဉ်အတွက် သတ်မှတ် ထားတဲ့ budget အတွင်း ဝင်တဲ့ခရီးစဉ် ဖြစ်ဖို့ကိုလည်း စီစဉ်ပါ။ ခရီးစထွက် တော့မှ ငွေဘယ်လောက်ကုန်မှာလဲ၊ ဘာအတွက် သုံးရမလဲ၊ အပိုကုန်ကျငွေ စတာတွေ စဉ်းစားနေရမယ်ဆိုရင် အ ဆင်မပြေပါဘူး။

(၄) အချိန်ဘယ်လောက်ရလဲ
ပိတ်ရက်အကုန်လုံးကို ခရီးထွက် ဖို့စီစဉ်မှာလား၊ ရက်တိုခရီးထွက်ဖို့ စီ စဉ်မှာလားဆိုတာကိုလည်း သေချာစဉ်း စားပါ။ ဒါက သင်ရရှိတဲ့ပိတ်ရက်၊ သင် ခရီးထွက်နိုင်မယ့်ရက်တွေပေါ်မူတည် ပါတယ်။ ပိတ်ရက်နဲ့ခရီးရက်က ကွက် တိဖြစ်နေပြန်ရင်လည်း သင်ခရီးက ပြန် ရောက်တဲ့အခါ နားချိန်ရှိမှာ မဟုတ်ဘဲ ချက်ချင်းအလုပ်တန်းဆင်းရတာမျိုးက အဆင်ပြေမှာ မဟုတ်ပါဘူး။ဒါကြောင့် ရတဲ့အချိန်ပေါ်မူတည် ပြီး ရက်တို၊ ရက်ရှည်ခရီးစဉ်ကိုဆုံးဖြတ်ပါ။

(၅) ဘယ်လိုသွားမှာလဲ
ပြည်ပခရီးစဉ် သွားဖို့ဆိုရင်တော့ လေယာဉ်လက်မှတ်ကြိုဝယ်ဖို့လုပ်ပါ။ ဒါ ကလည်း ခရီးစရိတ်ကို သက်သာစေမှာ ပါ။ ပြည်တွင်းခရီးစဉ်ဆိုရင်တော့ ကားငှား သွားမှာလား၊ ကိုယ်တိုင်မောင်းမှာလား၊ ယာဉ်မောင်းငှားမှာလား စသဖြင့် ကြိုတင် ပြင်ဆင်ပါ။ ခရီးရက်ရှည်မယ်ဆိုရင် ကိုယ် တိုင်ကားမောင်းသွားဖို့ မစဉ်းစားပါနဲ့။ ခရီးပန်းပြီး မပျော်နိုင်ဖြစ်ပါလိမ့်မယ်။

(၆) ဘယ်မှာနေမှာလဲ
ဘယ်မှာတည်းမလဲဆိုတာကိုလည်း ကြိုတင်စုံစမ်းဖို့ လိုပါတယ်။ ရောက်တော့ မှ အဆင်ပြေတဲ့ ဟိုတယ်တစ်ခုခု ရှာ လိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အခန်း တွေပြည့်နေရင်သော်လည်းကောင်း၊ သင် သွားလည်မယ့်နေရာတွေနဲ့ အရမ်းဝေး တဲ့ ဟိုတယ်မှာ တည်းရမယ်ဆိုရင်သော် လည်းကောင်း အဆင်ပြေမှာ မဟုတ်ပါ ဘူး။ သင်တည်းခိုမယ့်နေရာကနေ တခြား နေရာတွေသွားလည်ဖို့ အမညျေစသမအအေငသည ကောင်းကောင်း ရှိ၊ မရှိကိုလည်း ကြို တင်စုံစမ်းပါ။ ဟိုတယ်က အကြို၊ အပို့ လုပ်ပေးတဲ့ sနမလငခန ရှိတာမျိုး၊ ကားငှား ဖို့စီစဉ်ပေးတာမျိုးရှိရင် အဆင်ပြေမှာပါ။

(၇) ဘာတွေယူသွားမလဲ
သင်ဟာဓာတ်ပုံရိုက်တာဝါသနာပါ တဲ့သူဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ အ သုံးတည့်မယ့် Tri-pod ဖြစ်ဖြစ်၊ Selfie-stick ဖြစ်ဖြစ်၊ Go pro ဖြစ်ဖြစ်ယူသွား ပါ။ အားသွင်းကြိုး၊ ဘက်ထရီတွေလည်း မမေ့ပါနဲ့။ ခရီးစဉ်မှာ ဒေသစာတွေစားမိ တာရှိမယ်၊ လျှောက်စားမိတာတွေလည်း ရှိနိုင်တာမို့ ဗိုက်ပြဿနာတွေမဖြစ် အောင် ပရိုဘိုင်အိုတစ်၊ လေဆေး၊ အစာ ကြေဆေးစသဖြင့်ဆောင်သွားပါ။ ခရီး စဉ်မှာSkincare အတွက် သေချာဂရု မစိုက်နိုင်ရင်တောင် နေလောင်ကာ ခရင်မ်ရယ်၊ မျက်နှာသစ်ဆေးရယ်၊ ည အိပ်ရာဝင် လိမ်းဖို့အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးလောက်တော့ ပါအောင်ယူသွား ပါ။ သောက်ရမယ့်ဆေးတွေလည်း ထည့် ဖို့မမေ့ပါနဲ့။ နောက်ပြီး သွားမယ့်နေရာ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့အဝတ်အစားတွေ ထည့်သွားပါ။ မဝတ်ဖြစ်မယ့်အဝတ်တွေ ကို အလေးခံပြီး သယ်မနေပါနဲ့။

(၈) ဘာတွေထားခဲ့မလဲ
ထားခဲ့စေချင်တဲ့အရာတွေထဲမှာ ပ ထမဆုံးကတော့ အလုပ်တာဝန်တွေနဲ့စိတ် ဖိစီးမှုတွေပါပဲ။ အပန်းဖြေခရီးထွက်တာ ဖြစ်လို့အလုပ်တွေကို ခေါင်းထဲက ရက်ပိုင်း လောက်ထုတ်ထားလိုက်ပါ။ အလုပ်နဲ့ပတ် သက်တဲ့ မေးလ်စစ်တာတွေလည်း မလုပ် ပါနဲ့။ ခရီးစဉ်တစ်လျှောက်မှာ သက်သောင့် သက်သာဖြစ်ဖို့၊ ကောင်းကောင်းအိပ်ပျော် ဖို့နဲ့ စိတ်ရောကိုယ်ရော ပျော်ရွှင်ရဖို့အ တွက်ပဲ အလေးထားစေချင်ပါတယ်။

 ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *