Tinted Lip Balm

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ Tint နှုတ်ခမ်းနီလေးတွေကိုမှ ရွေးချယ်အသုံးပြုတတ်တဲ့ပျိုမေတို့အတွက် သဘာဝအတိုင်း Tint နှုတ်ခမ်းနီပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ တချို့ tint နှုတ်ခမ်းနီတွေလိုမျိုး နှုတ်ခမ်းက ခြောက်သွားတာ မျိုးမဖြစ်ဘဲ သဘာဝအတိုင်း နီရဲလှပ ချောမွေ့တဲ့နှုတ်ခမ်းလေးကို ပိုင်ဆိုင်စေပါလိမ့်မယ်တဲ့။

လိုအပ်တဲ့ပစ္စည်းတွေက
– ရေ ထမင်းစားဇွန်း တစ်ဇွန်းစာ
– Vaseline လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
– ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
– Food Coloring တစ်စက်-နှစ်စက်ခန့် (မိမိနှစ် သက်ရာအရောင်)

ပြုလုပ်နည်း 
– ပန်းကန်လုံးတစ်လုံးထဲမှာ ရေ ထမင်းစား ဇွန်းတစ်ဇွန်းစာခန့်ထည့်ပါ။
– အဲဒီထဲကို Vaseline လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာပေါင်းထည့်ပါ။
– ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာထည့်ပါ။
– အဲဒီထဲကို Food Coloring တစ်စက်၊ နှစ်စက်ခန့်ထည့်ပါ။
– ပါဝင်ပစ္စည်းအားလုံးကို သေချာသမအောင် မွှေပြီးပြီဆိုရင် မိုက်ခရိုဝေ့ဖ်ထဲမှာ ၃၀ စက္ကန့်ကနေ နှစ်မိနစ်အထိ ထည့်ကာ အပူပေးပါ။
– ပြီးရင် သင်သိမ်းဆည်းလိုတဲ့ ဘူးခွံအလွတ်ထဲထည့်ကာ ခဏအအေးခံပြီး ရေခဲ သေတ္တာ အအေးခန်းထဲမှာ ခြောက်မိနစ်ခန့် ထည့်ကာ အအေးခံပါ။
– အခုဆိုရင် သဘာဝ Tinted Lip Balm လေးကို ရရှိပါပြီ။

ဆူးမြာ 

Post Author: Good Health Journal