အိပ်မက်ဆိုးမက်စေနိုင်သည့် အစားအစာများ

ထိတ်လန့်တုန်လှုပ်ဖွယ် ရုပ်ရှင် ဇာတ်ကားများ၊ ရင်တုန်ဖွယ်ရုပ်မြင်သံ ကြား မှုခင်းဇာတ်လမ်များ၊ အချို့သော ဆေးဝါးများနှင့် စိတ်ဖိစီးမှုများသည် မ ကောင်းသောအိပ်မက်များကို မက်မြင် စေနိုင်သည်။ သို့သော် မိမိတို့ ရွေးချယ် စားသုံးသည့်အစားအသောက်အချို့ သည်လည်း ကောင်းစွာအိပ်စက်နိုင်မှုအ ပေါ်တွင် အဟန့်အတားဖြစ်စေနိုင် ကြောင်းကို လူအများက မသိရှိကြချေ။
လူတစ်ဦးစားသုံးသည့် အစာများ သည် အိပ်စက်မှုအနေအထားအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများ ရှိ နေပြီး ညဘက် အိပ်နေစဉ်မက်သည့် အိပ်မက်အမျိုးအစားများအပေါ် ထိန်း ချုပ်မှုများရှိနေသည်။ ထို့ကြောင့်အိပ်ချိန် တွင် အဆာပြေအစားအစာ စားသောက် လေ့ရှိသူများသည် မည်သည့်အစားအစာ ကို ရွေးချယ်ရမည်ဆိုသည်ကို စဉ်းစားကြ ရမည်ဖြစ်ပေသည်။

အပူအစပ် အချဉ်ရည်

ဟင်းခတ်အမွှေးအကြိုင်များ များပြားသည့် အစားအစာများနှင့် အပူအစပ်များသည့် အချဉ်ရည်များသည် အိပ်မက်ဆိုးများ မက်မြင် စေနိုင်ကြောင်း ကြားဖူးကြခြင်းသည် မကြာမီကပြုလုပ်ခဲ့သည့် စမ်း သပ်မှုများအရ အမှန်ပင်ဖြစ်ပေသည်။ Frontiers in Psychology တွင် ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုအရ အိပ်ရာမဝင်မီ အပူအစပ်များ သည့် အချဉ်ရည်များကို စားကြသူများသည် အိပ်ပျော်ရန် ခက်ခဲကြ ပြီး အိပ်ပျော်ချိန်တွင် စိတ်ကိုဖိစီးစေသည့် အိပ်မက်များကို မက် တတ်ကြသည်ဟု ဆိုသည်။ ဟင်းခတ်အမွှေးအကြိုင်များ များပြား သည့် အစားအစာများသည် ခန္ဓာကိုယ်၏အပူချိန်ကိုပြောင်းလဲစေကာ အိပ်မက်ဆိုးများကိုဖြစ်ပေါ်စေသည်။
သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တစ်ခုမှ လေ့လာချက်တွင် အပူ အစပ်များသည့်အချဉ်ရည်များသည် အိပ်စက်မှုပုံစံကို အနှောင့်အ ယှက်ဖြစ်စေကြောင်း ဖော်ပြခဲ့သည်။ လေ့လာမှုတွင်ပါဝင်ခဲ့သူများကို အပူအစပ်များသည့် အချဉ်ရည်များနှင့် မုန်ညင်းနက်ဆော့စ်များကို ညနေပိုင်းတွင်ကျွေးမွေး၍ ယင်းတို့၏အလေ့အထပြောင်းလဲမှုများ အနက် အိပ်စက်မှုကို အထူးစောင့်ကြည့်ခဲ့သည်။ အချဉ်ရည်များသည် အိပ်ပျော်နေရာမှ နိုးလာချိန်ကို များပြားလာစေပြီး အိပ်မက်ဆိုးများကို မက်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းအစာများသည် ခန္ဓာကိုယ် အပူချိန်ကိုမြင့်တက်စေကာ ဦးနှောက်၏လုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက်ဖြစ်စေပြီး ထိတ်လန့်ဖွယ်ရာအကြောင်းများကို ဖြစ် စေသည်။ အိပ်မက်ဆိုးများသည် ပူစပ်သည့်အချဉ်ရည်ကိုစားသည့် အချိန်ထက်ပို၍ ချွေးများကိုထွက်စေမည် ဖြစ်သည်။

ကွတ်ကီးနှင့်ကိတ်

မအိပ်မီ သကြားကို စားလိုခြင်းသည် အလွန်ဆိုးရွားသည့် စိတ် ကူးတစ်ခုဖြစ်ကြောင်း ပြောရမည်ဖြစ်ကာ သကြားသည် ခန္ဓာကိုယ်အ လေးချိန်မြင့်တက်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာရော ဂါဖြစ်ပွားခြင်း အန္တရာယ်များကို တိုးပွားလာစေနိုင်သည်။ ထို့အတူ အိပ်မက်ဆိုးများကိုလည်း မက်စေနိုင်ပေသည်။ ထို့ကြောင့် အိပ်ရာမဝင်မီအချိန်တွင် ကွတ်ကီးနှင့် ကိတ် များစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ Frontiers in Psychology တွင် ဖော်ပြခဲ့သည့် သုတေသနပြုချက် တွင် အိပ်မက်ဆိုးများ မက်သူ ၃၁ ရာခိုင်နှုန်းသည် အိပ်ရာမဝင်မီ ကွတ်ကီးနှင့် ကိတ်များကို စားသုံးခဲ့ကြသူများဖြစ်ကြောင်း တွေ့ရှိခဲ့ရ သည်။ သကြားပါရှိသည့်အစားအစာများသည် မျက်လုံးလှုပ်ရှားမှု ရှိသော အိပ်စက်ခြင်းအဆင့် (REM, Rapid Eye Movement) တွင် ဖြစ်ပေါ်သည့် အိပ်မက်မက်ခြင်းကို ပြောင်းလဲစေနိုင်သည်။ ထို့ ကြောင့် အိပ်မက်ဆိုးများကို ရှောင်ကြဉ်နိုင်ရန် မအိပ်မီ ခြောက်နာရီ အတွင်း မစားသုံးသင့်ချေ။

ချိစ် (Cheese)

အိပ်မက်ဆိုးများ မက်စေနိုင်သည့် အစားအစာများစာရင်းတွင် ချိစ်သည် ထိပ်ပိုင်းနေရာအနီးတွင် ရှိနေကာ အထက်တွင်ဖော်ပြထား သည့် လေ့လာမှုများအတိုင်းပင် နို့ထွက်ပစ္စည်းများသည် အိပ်မက် ဆိုးများနှင့် ရာခိုင်နှုန်းမြင့်မားစွာ ဆက်နွှယ်နေသည်။ အိပ်မက်၏ သ ဘာဝကို နှောင့်ယှက်ခံကြသူ ၄၄ ရာခိုင်နှုန်းနီးပါးတွင် ချိစ်နှင့် နို့ထွက် ပစ္စည်းအချို့ကို စားသုံးသူများပါဝင်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ဗြိတိန်ဒိန်ခဲအဖွဲ့  (BCB) သည် ချိစ်နှင့် ထိတ် လန့်မှုများ၏ ဆက်သွယ်မှု လေ့လာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းသုတေသနပြုလုပ်ချက်ကို ဒဏ္ဍာရီစကားများ မမှန်ကန်ကြောင်း အတည်ပြုရန် ပြုလုပ်ခဲ့သော်လည်း ထိတ်လန့်ဖွယ် အိပ်မက်များကို မြင်မက်စေသည့်အကြောင်းများတွင် ချိစ်များ ပါဝင်ကြောင်းတွေ့ရှိခဲ့ သည်။ ယင်းအဖွဲ့သည် ချိစ်အမျိုးပေါင်းများစွာကို လေ့လာခဲ့ရာတွင် အချို့သည် ဒဏ္ဍာရီပါ စကားများအတိုင်း မှန်ကန်နေကြောင်း တွေ့ရှိ ခဲ့သည်။ သို့သော် အချို့ချိစ်များသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် အိပ်မက်များကို မက်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အနံ့စူးရှိသည့် Stilton ချိစ်များကိုစားသုံးသူ အမျိုးသမီး ၈၅ ရာခိုင်နှုန်းနှင့် အမျိုး သား ၇၅ ရာခိုင်နှုန်းသည် အိပ်မက်ဆိုးများကို မက်ခဲ့ကြသည်။

အသုပ်တွင် ထည့်သည့် အဆာပလာများ

အိပ်မက်ဆိုးများဖြစ်ပေါ်စေသည့် ထူးခြားသောအစာတစ်မျိုး သည် အသုပ်များတွင် ထည့်သွင်းလေ့ရှိသည့် ဆီ၊ ရှလကာရည်၊ ဆား၊ ငရုတ်ကောင်း အစရှိသည့် အဆာပလာများဖြစ်သည်။ ယင်းတို့နှင့် အချဉ်ရည်များသည် သကြားပါဝင်မှုနှုန်းမြင့်မား၍ ညအချိန်တွင် အိပ်စက်နားနေမှုကို အနှောင့်အယှက်ပင် ဖြစ်စေနိုင်သည်။ ထို့ ကြောင့် ညပိုင်း၌ အသုပ်များစားမည်ဆိုလျှင် မစားမီကပင် သကြား ဓာတ်များကို သိရှိရန် ထည့်သွင်းမည့် အဆာပလာများ၏ အာဟာရ ယူနစ်ကို စစ်ဆေးရန် လိုအပ်ပေသည်။
Frontiers in Psychology ၏ လေ့လာချက်က အသုပ်များနှင့် အခြားအချိုအနှစ်များသည် စားသုံးသူအချို့ကို ထိတ်လန့်ဖွယ် အိပ် မက်များမက်စေကြောင်း သက်သေပြသခဲ့သည်။ သကြားဓာတ်ပိုလျှံမှု နှင့် အဆီဓာတ်နှင့်မတည့်မှုသည် အိပ်စက်နားနေခြင်းကို အနှောင့် အယှက်ဖြစ်စေ၍ အိပ်ပျော်နေသူကို အိပ်မက်ဆိုးများမက်၍ အိပ် ရာမှနိုးစေနိုင်သည်။ ပုန်းကွယ်နေသည့် သကြားများကို ရှောင်ရှား ခြင်းဖြင့် အိပ်ပျော်နေစဉ် ရောက်လာနိုင်သည့် ဘီလူးသရဲများကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

အီတလီ ခေါက်ဆွဲခြောက်

လူတစ်ဦးသည် အစားအစာကို မျှတစွာ စားသုံးရာတွင် သကြား ဓာတ်၏ ပုံစံတစ်မျိုးဖြစ်သော ကာဗိုဟိုက်ဒရိတ်သည် အရေးပါသော အပိုင်းတစ်ရပ်ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ်အတွက် အရေးကြီးသော်လည်း အိပ်ရာမဝင်မီ မစားသုံးခြင်းသည် အကောင်း ဆုံးဖြစ်သည်။ သကြားသည် အိပ်စက်နားနေမှုကို ဒုက္ခပေးနိုင်ကြောင်း သိရှိထားကြသည့်အတိုင်း ကာဗိုဟိုက်ဒရိတ်သည် မျက်စိမှေးမှိတ်နေ သူအား ဒုက္ခပေးနိုင်သည်ဆိုသည့်အချက်ကို ထူးခြားသည်ဟု မဆို နိုင်ချေ။
မကြာမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် ပါဝင်ခဲ့သူများ က အိပ်ရာမဝင်မီ အီတလီခေါက်ဆွဲခြောက် သို့မဟုတ် ပေါင်မုန့်ကို စားသုံးခဲ့သူများသည် အိပ်မက်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရကြောင်း တင် ပြခဲ့ကြသည်။ ယင်းလေ့လာမှုက အီတလီအစားအစာ ခေါက်ဆွဲ ခြောက်များသည် နို့ထွက်နှင့် ဟင်းခတ်အမွှေးအကြိုင်များသည် စား ဖွယ်များမှလွဲ၍ ကျန်အစားအစာထက် များစွာအိပ်မက်ဆိုးများကို မက်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အီတလီ အစားအစာများရောင်းချ သည့် စားသောက်ဆိုင်များတွင် ညစာစားသောက်ခြင်းသည် မှား ယွင်းခြင်းမရှိသော်လည်း အိပ်စက်ချိန်နှင့်ခွာ၍ စားသုံးခြင်းသည် အ ကောင်းဆုံးဖြစ်ပေသည်။

အာလူးကြော်

အာလူးကြော်ကဲ့သို့ ဆီများသည့် အစားအစာများသည် ကယ် လိုရီများမှုကြောင့် ကျန်းမာရေးအတွက်မကောင်းမွန်ဘဲ နှလုံးရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မြင့်မားစေသဖြင့် မိမိတို့အတွက် လိုအပ်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာများစာရင်းမှ ဖယ်ထုတ်ရမည်ဖြစ်သည်။ လေ့လာမှုတစ်ခုတွင် သုတေသီများက အာလူးကြော်ကဲ့သို့သော အစာများကို စားသုံးသူသည် အိပ်ပျော်မှု လျော့နည်းကာ ညပိုင်းတစ်လျှောက် အိပ်ရာမှ နိုးထစေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကောင်းမွန်စွာ အိပ်စက်နားနေနိုင်မှုသည် မိမိတို့စားသုံးသော အစားအစာအမျိုးအစားနှင့် ပမာဏပေါ်တွင် မူ တည်နေပေသည်။
Frontiers of Psychology တွင် ဖော်ပြခဲ့သည့် လေ့လာမှုတွင် အိပ်မက်ဆိုးများ မြင်မက်သူ ၁၂ ဒသမ ၅ ရာခိုင်နှုန်းသည် အာလူး ကြော်ကဲ့သို့သော ဆီများသည့်အစာများကို စားသုံးခြင်းကြောင့်ဖြစ် ကြောင်း တွေ့ရှိခဲ့သည်။ အဆီဓာတ်ပေါများသည့် အစာများသည် အစာချေဖျက်မှုလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေပြီး ငြိမ်း ချမ်းစွာ အိပ်စက်မှုကို ခက်ခဲစေမည်ဖြစ်သည်။ ထို့ကြောင့် အိပ်စက် ရန် ကြိုးပမ်းချိန်တွင် ခန္ဓာကိုယ်သည် အစာချက်လုပ်ရန် အလုပ် လုပ်နေရပေသည်။ ထို့ကြောင့် အာဟာရပြည့်စုံသော အစားအစာများ ကို ညအိပ်ရာမဝင်မီ စားသုံးခြင်းက အိပ်မက်ဆိုးများကို လျော့နည်း စေမည်ဖြစ်ကာ အစားအစာများမစားပါက ကောင်းစွာ အိပ်စက်နိုင် မည်ဖြစ်ပေသည်။

ဆော်ဒါ

ပညာရပ်နယ်ပယ်အမြင်တွင် အချိုရည်များသည် အစားအစာ မဟုတ်ချေ။ သို့သော် အိပ်ရာမဝင်မီသောက်သည့် အချိုရည်များသည် စားသုံးသည့် အစားအစာများကဲ့သို့ပင် အရေးကြီးသည်။ ကဖင်းဓာတ် ပါဝင်သည့် အရည်များကို သောက်လျှင် ကောင်းမွန်စွာ အိပ်ပျော်ရန် အခက်အခဲ ရှိနိုင်ပေသည်။
ယင်းတို့အနက် ဆိုဒါသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း အကြောင်းပြချက်မျိုးစုံရှိရာ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချို ရောဂါဖြစ်စေနိုင်ခြင်း၊ နှလုံးရောဂါအန္တရာယ်ရှိခြင်းစသည်တို့ပါဝင် သည်။ ဆော်ဒါသည် ကျန်းမာရေး အခြေအနေအရပ်ရပ်နှင့် သက် ဆိုင်နေပြီး ဆော်ဒါတွင်ပါဝင်သည့် သကြားနှင့် ကဖင်းဓာတ်ပမာဏ များက အိပ်မက်ဆိုးကို ဖြစ်ပေါ်စေနိုင်သည်။ ကဖင်းသည် အိပ်ပျော် နေချိန်မှာပင် ဦးနှောက်ကို တိုက်ရိုက်နိုးကြွစေပြီး မကောင်းသော အိပ်မက်များကို မက်မြင်စေနိုင်ပေသည်။ လူတစ်ဦးသည် ကဖင်းကို သောက်သုံးထားချိန်တွင် ယင်း၏ဦးနှောက်သည် အပြည့်အ၀ နားနိုင် ရန် ခက်ခဲမှုရှိသဖြင့် အချိန်အနည်းငယ်သာ အိပ်စက်နိုင်ပြီး အိပ်မက်ဆိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် မအိပ်စက်မီ လေးနာရီနှင့် ရှစ်နာရီအချိန်မှစ၍ ကဖင်းပါဝင်သည့် အစားအသောက် များကို ရှောင်ခြင်းဖြင့် အိပ်မက်ဆိုးအန္တရာယ်ကို လျော့ကျစေမည် ဖြစ်သည်။ ခန္ဓာကိုယ်က ကဖင်းကို သိလွယ်သူများသည် မအိပ်မီ ၁၂ နာရီအထိ ရှောင်သင့်ကြပေသည်။

ချောကလက်

New Scientist မှ သုတေသီများ၏ လေ့လာချက်အရ ချော ကလက်သည် အိပ်စက်ခြင်းကို နှောင့်ယှက်ကာ ပြင်းထန်သော အိပ် မက်ဆိုးများကို မက်နိုင်သည်ဟု ဆိုသည်။ ဆော်ဒါကဲ့သို့ပင် ချောက လက်သည် ကဖင်းပါဝင်ကာ ချောကလက်ကြိုက်သူများကို အိပ်မက် ဆိုးများ မက်စေနိုင်သည်။ သုတေသနတွေ့ရှိချက်က ချောကလက် စားသူများတွင် အမျိုးသားများက အမျိုးသမီးများထက်ပို၍အိပ်မက် ဆိုးများမက်တတ်ကြကာ အိပ်မက်မက်နေစဉ် ယောင်ယမ်း အော် ဟစ်မှုများပင် ဖြစ်ပွားခဲ့ကြသည်။
ချောကလက်သည် စိတ်ကိုမြူးကြွစေသော အာနိသင်များရှိ သဖြင့် အိပ်မက်များကို ပိုမိုမြင်မက်စေနိုင်သည်။ ချောကလက်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သော်လည်း ယင်းတို့သည် အိပ် စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ချောက လက်ကို ညပိုင်းတွင် မစားသင့်ကြပါချေ။

ဆီကြော်အစာများ

ဆီကြော်မုန့်များသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း လူ အများစုက သိရှိလက်ခံထားကြသော်လည်း အရသာရှိသောကြောင့် ယင်းအစားအစာများကို ငြင်းပယ်ရန် မလွယ်ကြချေ။ ဒေသပွဲလမ်း တစ်ခုခုသို့သွားလျှင် ကြက်ကြော်၊ ပဲကြော်၊ ထောပတ်ကြော်စသည်ဖြင့် တစ်ခုခု သို့မဟုတ် အားလုံးကို တွေ့ရှိရမည်ဖြစ်သည်။ ဆီဖြင့်ကြော် ထားသည့်များစွာသော အစားအစာများတွင် အာလူးကြော်သည် လူ ကြိုက်အများဆုံးဖြစ်ဖွယ်ရှိကာ အချို့လူများက အချဉ်ရည်တွင်နှစ်၍ စားခြင်းကို နှစ်ခြိုက်ကြ၍ အချို့က ငရုတ်ဆီ၊ ချိစ်တို့ဖြင့် တို့စားခြင်း ကို ကြိုက်ကြသည်။ အချို့ကလည်း ရိုးရှင်းစွာ ဆားနှင့်တို့စားကြသည်။
ဆီကြော်စာများကဲ့သို့ ဆီများသည့် အစာများသည် အိပ်မက်ဆိုး များကို မက်စေနိုင်သည်။ ခန္ဓာကိုယ်က ကာဗွန်ဓာတ်များသည့် အ စားအစာကို ချက်လုပ်ရာတွင် အချိန်များစွာယူရသဖြင့် အိပ်စက် အနားယူချိန်ကို လျော့ပါးစေမည်ဖြစ်သည်။ ဆီကြော်အစား အစာ များထက် ဖုတ်ထားသည့်အစားအစာများက ကျန်းမာရေးနှင့် ပိုမိုညီ ညွတ်ပြီး အဆီဓာတ်နှင့် အိပ်မက်ဆိုးများကို လျော့နည်းစေမည်ဖြစ်ပေ သည်။

ရေခဲမုန့်

အိပ်ရာဝင်ချိန် အစားအစာတစ်မျိုးဖြစ်သည့် ရေခဲမုန့်သည် အိပ် မက်ဆိုးများကို ဖြစ်ပေါ်စေနိုင်သည်။ အဆီနှင့်သကြားများ ပါဝင် သည့် ရေခဲမုန့်ကို အိပ်ရာမဝင်မီ စားသုံးပါက ခန္ဓာကိုယ်သည် မအိပ်စက်မီ အချိန်အတွင်း အဆီနှင့် သကြားကို ချေဖျက်ရန် အချိန် မလုံလောက်ပါချေ။ ထို့ကြောင့် အိပ်စက်ရမည့်အချိန်တွင် ခန္ဓာကိုယ် အတွင်း၌ ကာဗိုဟိုက်ဒရိတ်များက အပြည့်ရှိနေကာ အိပ်မက်ဆိုးများ မက်စေမည့် အကြောင်းများဖြစ်လာစေသည်။
ညပိုင်းတွင် ရုပ်မြင်သံကြား ကြည့်နေစဉ် စားသည့် ရေခဲမုန့် တစ်ခွက်သည် မည်သို့မှဖြစ်နိုင်ဖွယ်မရှိစေကာမူ ခန္ဓာကိုယ်အတွက် တစ်စုံတစ်ခုသော ထိခိုက်မှုကိုဖြစ်စေကာ အိပ်မက်ဆိုးကို မက်စေရုံ သာမက သကြားဓာတ်များကလည်း အဆီများအဖြစ်သို့ ပြောင်းလဲ သွားမည်ဖြစ်ပေသည်။

ကောင်းစည်သူ

Post Author: Good Health Journal