ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

အနှိပ်ခံတာကို ရှေးယခင်ထဲက အသုံးပြုခဲ့ကြပြီး သူက အန္တရာယ်ကင်းကာ သဘာဝအတိုင်း ဘဝအရည်အသွေး ကောင်းမွန်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ခြေထောက်အောက်ပိုင်းနဲ့ လက်ဖဝါးက အာရုံကြောကိုနှိုးဆွရတဲ့ နည်းလမ်းကို အသုံးပြုထားတာဖြစ်ပြီး အာရုံကြော တစ်ခုစီက ကိုယ်တွင်းက အင်္ဂါတွေနဲ့ ဂလင်းတွေ ဆက်သွယ်နေကြပါတယ်။
အနှိပ်ခံတာက ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်တဲ့ အံဩဖွယ်နည်းလမ်း ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်ဝေဒနာ၊ အအေးမိလက္ခဏာ၊ စိတ်ဖိစီးမှု နဲ့ နေ့စဉ် သက်သောင့်သက်သာ မရှိတာတွေ သက်သာနိုင်ပါတယ်။
ညစဉ် အိပ်ရာမဝင်ခင် ခြေဖဝါးကို အနှိပ်ခံတာကြောင့် တစ်နေ့တာလုံး ပင်ပန်းထားတဲ့ ခြေထောက် ညောင်းညာကိုက်ခဲတာ သက်သာသွားတဲ့ အပြင် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးကိုလည်း ရရှိနိုင်ပါတယ်။
ခြေဖဝါးကို နေ့စဉ် အနှိပ်ခံတာကြောင့် စိတ်ကျန်းမာရေး အခြေအနေ ကောင်းမွန် နိုင်ပါတယ်။ ၁၉၉၉ခုနှစ်က ပြုလုပ်တဲ့ လေ့လာမှုအရ ရောဂါအခြေအနေဆိုးရွားတဲ့ လူနာတွေကို ငါးမိနစ်တာခန့် ခြေဖဝါး အနှိပ်ခံစေတာကြောင့် စိတ်ဖိစီးမှုလျော့နည်းကာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအား ကျဆင်းသွားတဲ့အတွက် စိတ်ဖြေလျော့မှု ရရှိနိုင်တယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ်က ပြုလုပ်တဲ့ လေ့လာမှုအရလည်း မိမိချစ်ရတဲ့သူသေဆုံးသွားလို့ သောက ရောက်နေသူရဲ့ လက်ဖဝါး ဒါမှမဟုတ် ခြေဖဝါးရဲ့အသားဆိုင်ကို နှိပ်နယ် ပေးတာကြောင့် စိတ်သက်သာမှု ရရှိနိုင်တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်က လေ့လာမှုအရလည်း အလုပ်အကိုင်အတွက် စိတ်ဖိစီးမှု အရမ်းများနေသူတွေကို ၁၀ မိနစ်ခန့် ခြေဖဝါးနှိပ်နယ်မှု ပြုလုပ်တာကြောင့်ဘစိုးရိမ်စိတ်လျော့ကျပြီး စိတ်ခံစားမှု ကောင်းမွန်လာတယ် လို့ သိရပါတယ်။
ခြေဖဝါးကို အနှိပ်ခံတာကြောင့်ဘနာကျင်မှု ဝေဒနာ ပျောက်ကင်းနိုင်ပါတယ် ။ ၂၀၀၄ ခုနှစ်က လေ့လာမှုအရ ခွဲစိတ်ကုသမှု ခံယူထားသူတွေကို လက် ဒါမှမဟုတ် ခြေထောက် အနှိပ်ခံစေတာကြောင့် ဆေးဝါးသာ အသုံးပြုသူတွေထက် နာကျင်မှုဝေးနာ သိသိသာသာ လျော့ကျသွားတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ်က လေ့လာမှုအရလည်း ဗိုက်ခွဲပြီး ကလေးမွေးဖွားထားသူ တွေကို ခြေထောက်အနှိပ်ခံစေတာကြောင့် နာကျင်မှု လျော့ကျနိုင်တယ်လို့ သိရပါတယ်။
ခြေထောက်အနှိပ်ခံတာကြောင့် ကင်ဆာရောဂါရှိသူတွေက နာကျင်မှု ဝေးနာအပြင် ပျို့အန်တာပါ သက်သာနိုင်တယ်လို့ ၂၀၀၀ ခုနှစ်က လေ့လာမှုအရ သိရပါတယ်။
ကုသမှု ခံယူနေတဲ့ သားမြတ်ကင်ဆာလူနာတွေကို အနှိပ်ခံစေရာမှ အသက်ရှူမဝတာလိုမျိုး ကင်ဆာရောဂါနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေ သိသိသာသာ လျော့ကျသွားပြီး စွမ်းအင် အဆင့် မြင့်တက်လာတာကို ၂၀၁၂ ခုနှစ် လေ့လာမီုအရ သိရပါတယ်။
#Multiple sclerosisလက္ခဏာ သက်သာနိုင်ခြင်း။
ခြေထောက်ကိုနှိပ်ပေးတာကြောင့် ဝေဒနာ သက်သာနိုင်တာက ကင်ဆာရောဂါ ရှိသူတွေ အတွက်သာ မဟုတ်ပါဘူး။ Multiple Sclerosis ရောဂါရှိသုတွေကလည်း ခြေထောက် အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာနိုင်တယ်လို့ အီရန်နိုင်ငံက သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
သွေးတိုးရောဂါကလည်း ခြေထောက်အနှိပ်ခံတာကြောင့် သက်သာနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ သက်သေပြနိုင်ခဲ့ပါတယ်။ အနှိပ်ခံတာကြောင့် အပေါ်သွေးပေါင်ချိန်နဲ့ သွေးတွင်း တရိုင်ဂလစ်စရိုက် ပမာဏ လျော့ကျနိုင်တာကို ကိုရီးယားမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
သွေးတိုးရောဂါရှိသူတွေကိုလည်း အနှိပ်ခံစေတာကြောင့် သွေးဖိအားသိသိသာသာ ကျဆင်းသွားကာ သွေးတိုးကျဆေးသောက်ရတဲ့ ပမာဏလျော့နည်းသွားတယ်လို့ စပိန်ဆရာဝန်တွေရဲ့ လေ့လာမှု အရ သိရပါတယ်။
အမျိုးသမီးတော်တော်များများက မီးယပ်လာချိန်မှာ လေပွတာ၊ ဗိုက်အောင့်တာနဲ့ ဆီးစပ်အောင့် တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီအချိန်မှာ ခြေထောက်ကို အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာနိုင်တာကို ကယ်လီဖိုးနီးယား မီးယပ်နဲ့ သားဖွားဌာန မှ လေ့လာမှုအရ သိရပါတယ်။
ဖောယောင်တယ်ဆိုတာက ခန္ဓာကိုယ်တွင်း ရေစုဆောင်းမှုများလာတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ခြေထောက် အနည်းငယ်ယောင်အမ်းနေတာက ပုံမှန် အခြေအနေ ဖြစ်ပါတယ်။ ဥပမာ တစ်နေကုန် မတ်တတ်ရပ် ဒါမှမဟုတ် ထိုင်နေရတာကြောင့်၊ ကိုယ်ဝန်ဆောင်ကာလ။
ဒါပေမဲ့ ခြေထောက်နဲ့ ခြေချင်းဝတ်နေရာမှာ ဖောယောင်နေတာက ကိုယ်တွင်းမှာ ကုသမှုလိုအပ်တဲ့ ကျန်းမာရေး ပြဿနာရှိနေဆာကျု အချက်ပြနေတာပါ။ ကျောက်ကပ်ရောဂါ၊ နှလုံး ပျက်စီးတာ၊ အသည်းရောဂါနဲ့ တစ်ချို့ဆေးဝါးတွေကြောင့် ခြေထောက်ဖောယောင်နိုင်ပါတယ် ။
တူရကီနိုင်ငံက လေ့လာမှုအရ ကိုယ်ဝန်ဆောင်ထားရတာကြောင့် ဖြစ်ပေါ်လာတဲ့ ခြေထောက်ဖောယောင်တာကို ခြေထောက်ကို ပုံမှန် အနှိပ်ခံစေတာကြောင့် သိသိသာသာ လျော့ကျနိုင်တယ်လို့ သိရပါတယ်။
ဒေါက်တာ ခင်မိုးမိုး

Post Author: Good Health Journal