စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတွေမှာ တွေ့ရတဲ့ စိတ်ဓာတ် အရည်အ သွေး (၇) ချက်

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ဆိုတာ ကြွက်သားတွေသန်မာစေဖို့ လေ့ကျင့်ရသလိုပါပဲ၊ လေ့ကျင့်ယူရပါတယ်။ အချိန်လည်း ပေးဆပ်ရမယ်၊ လုံ့လ၊ ဝီရိယတွေလည်း ပေးဆပ်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ ခိုင်စေဖို့ မွေးမြူသင့်တဲ့ စိတ်ဓာတ် အရည်အသွေးတွေကတော့ –

(၁) ရှေ့ဆက်လျှောက်လှမ်းပါ
အဆင်မပြေနိုင်တဲ့အရာတွေအ တွက် စိတ်ဆင်းရဲခံပြီး အချိန်ကုန် မခံပါ နဲ့၊ Move On လုပ်ပါ။ စိတ်ဓာတ် ကြံ့ခိုင် သူတွေက ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် အချိန်ကုန်မခံပါဘူး။ Plan A နဲ့ အဆင်မပြေရင် Plan B ရှိပါတယ်၊ Plan B လည်း အဆင်မပြေသေး ဘူးလား၊ သူတို့မှာ Plan က A အသ Z ထိ ရှိပါတယ်။

(၂) အပြောင်းအလဲကို လက်ခံပါ
ဘယ်အရာမှ ပုံသေ သတ်မှတ်လို့ မရတဲ့ လူ့လောကကြီးထဲမှာ အပြောင်း အလဲမျိုးစုံ ကြုံတွေ့ရမှာပါ။ ဒါဟာ သဘာဝ ပါပဲ၊ ဒါကြောင့် အပြောင်းအလဲတွေကို လက်ခံပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။ ကြိုးစားနေတဲ့ ရည်ရွယ်ချက် မှန်ကန်တယ်ဆိုရင် အလွယ်တကူ လက် မလျှော့ဘဲ စိတ်အား၊ လူအား တက်တက်ကြွကြွနဲ့ ပန်းတိုင်ရောက်အောင် စွမ်း အောင်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပျော်ရွှင်အောင်နေထိုင်ပါ
ကိုယ့်ဘဝပျော်ရွှင်မှုကို ကိုယ့်လက် ထဲမှာပဲ ထားပါ။ ကိုယ်ရဲ့ ပျော်ရွှင်မှုကို ဘယ်သူ့လက်ထဲကိုမှ၊ ဘယ်အရာပေါ်ကို မှ မမှီထားပါနဲ့။ ပျော်ရွှင်မှုကို ကိုယ့်လက် ထဲမှာ ရာနှုန်းပြည့်ထားရှိနိုင်သူတွေဟာ ကမ္ဘာပေါ်မှာ စိတ်အချမ်းသာရဆုံး လူ သားတွေ ဖြစ်လာပါလိမ့်မယ်။

(၄) ကိုယ်ချင်းစာစိတ်ထားပါ
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့သူတွေ က တခြားသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ့် စိတ်နဲ့ကိုယ် လုပ်ချင်ရာလုပ်သူတွေ မ ဟုတ်ပါဘူး။ တခြားသူအပေါ်မှာ ကြင်နာ မယ်၊ ကိုယ်ချင်းစာမယ်၊ မျှမျှတတ ဆက် ဆံတတ်သူတွေပါ။ ပြောစရာရှိတာကို လည်း ပွင့်ပွင့်လင်းလင်းနဲ့ တိုင်တိုင်ပင် ပင် ပြောဆိုကြပါတယ်။

(၅) အရှုံးကိုလက်ခံပါ
အရှုံး၊ အမြတ် တွက်ချက်တဲ့အခါ အမြဲတမ်း မြတ်နေချင်လို့ မရသလို၊ အ မြဲတမ်း အောင်နိုင်သူလည်း မဖြစ်နိုင်ပါ ဘူး။ ရှုံးတဲ့အခါမှာလည်း လက်ခံပြီး Critical Reflection လို့ခေါ်တဲ့ မိမိ ကိုယ်ကိုယ် ပြန်လည် သုံးသပ်တဲ့ အလေ့ အကျင့် လုပ်ဆောင်ပါ။ အတွေ့အကြုံ တွေကို ဗဟုသုတတွေအနေနဲ့ အစဉ်မ ပြတ်ဆည်းပူးလေ့လာနေဖို့က စိတ်ဓာတ် ကြံ့ခိုင်စေဖို့ အဓိက သော့ချက် တစ်ခု ဖြစ်ပါတယ်။

(၆) အကောင်းမြင်စိတ်ရှိတယ်
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ချင်တယ်ဆို ရင် အကောင်းမြင်စိတ်ရှိဖို့လည်း အရမ်း အရေးကြီးပါတယ်။ အကောင်းမြင်စိတ်ရှိ တာက စိတ်ခွန်အားကို ဖြစ်စေသလို စိတ် ဖိစီးမှုကိုလည်း လျော့ကျစေနိုင်တယ်လို့ သုတေသနအတော်များများမှာ ဖော်ပြ ထားပါတယ်။

(၇) တခြားသူရဲ့အောင်မြင်မှုကို ဝမ်းသာ ပီတိဖြစ်တယ်
ကိုယ်တိုင်ရဲ့ အောင်မြင်မှုတစ်ခု တည်းကိုသာ လိုလားတာ မဟုတ်ပါဘူး၊ တခြားသူရဲ့ အောင်မြင်မှုကိုလည်း လို လားတတ်ကြပြီး အောင်မြင်သွားသူတွေ အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ပီတိ ဖြစ်နိုင်ကြပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal