ဝေဘာဂီဆေးရုံမှာ သံသယလူနာတွေကို ဘယ်လိုကုသမှုပေးနေလဲ

♦ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဝေဘာဂီ ဆေးရုံအနေနဲ့ ဆောင်ရွက်ထားပုံကို ပြောပြ ပေးပါ။
ပြည်သူ့ဆေးရုံကြီးဝေဘာဂီမှာ သံ သယလူနာတွေ၊ စောင့်ကြည့်လူနာတွေ ကို ပြုစုကုသမှုပေးနေပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ သံသယရှိတာပဲဖြစ် ဖြစ်၊ စောင့်ကြည့်လူနာဖြစ်ဖြစ် ရောဂါပျိုး ချိန်ကာလအတွင်းမှာ လုပ်သင့်တာ၊ ကျန်း မာရေးဝန်ထမ်းတွေက အကြံပေးတာ တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။ နှာခေါင်း၊ အာခေါင်တို့ကနေ ဓာတ်ခွဲစစ် ဆေးဖို့ နမူနာယူတဲ့အခါမှာလည်း လေ့ ကျင့်ထားတဲ့ ဓာတ်ခွဲဆိုင်ရာဌာနက စနစ်တကျယူပေးပါတယ်။ စနစ်တကျယူ သလို ပါသွားဖို့လည်းလိုအပ်ပါတယ်။ ဂွမ်းကို နှာခေါင်းထဲထည့်ချိန် နှာချေတတ် တာကြောင့် လုပ်ဆောင်တဲ့သူအနေနဲ့လည်း PPE လို့ ခေါ်တဲ့ ဝတ်စုံကို ဝတ်ဆင်ထား သင့်ပါတယ်။ အရေးကြီးဆုံးက သူက ဘယ်သူတွေနဲ့ အတူနေထိုင်သလဲ၊ ခရီး သွားခဲ့သလဲဆိုတာကို မေးထားရမှာ ဖြစ် ပါတယ်။ ဒါမှ အတည်ပြုလူနာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သတ်မှတ်လို့ ရမှာပါ။ ပြီးတော့ ဘယ်သူတွေက သူနဲ့အတူတူ သွားလာနေသူတွေဆိုတာကိုပါ တင်ပြ ထားရင် သူနဲ့ဆက်စပ်ခဲ့သူတွေကိုပါ နေ ကောင်းလား၊ နေမကောင်းလားဆိုတာ ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ဆက်လက်မေးမြန်းနိုင်မှာ ဖြစ်ပါ တယ်။

♦ ဘယ်လိုပြုစုစောင့်ရှောက်မှုတွေ ဆောင်ရွက် ပေးပါသလဲ။
ဆေးရုံတက်နေတဲ့ကာလတစ်ခုမှာ Covid-19 ဟုတ်တယ်၊ မဟုတ်ဘူးဆို တာ လုပ်ကိုင်ဆောင်ရွက်ပေးရသလို ဃသလငိ မဟုတ်ခဲ့ရင် ဒီလူက ဘာကြောင့် နေမကောင်းဖြစ်နေရသလဲဆိုတာကို လည်း ရှာဖွေပြီး ကုသမှုပေးပါတယ်။ နေ ကောင်းပြီးတော့မှ နောက်ထပ်နမူနာတွေ လည်း ထပ်ပြီးယူစရာမလိုတော့တဲ့ အ ချိန်ရောက်မှ လူနာကိုပြင်ပမှာ မိသားစုနဲ့ ဘယ်လိုနေရမလဲဆိုတာကို ပြောပြီးမှ ပြည်သူလူထုထဲကို ပြန်ပို့ပေးမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဝေဘာဂီဆေးရုံမှာ တက် ခဲ့တယ်ဆိုပြီး ခွဲခြားဆက်ဆံမှုတွေ မပြု လုပ်စေချင်ဘူး။ ဒီလူနာတွေကလည်း သံသယရှိလူနာတွေပဲဖြစ်ပါတယ်။ တ ကယ်ရောဂါရှိတဲ့လူနာ မဟုတ်ပါဘူး။ တ ကယ်ဖြစ်နေတဲ့ လူနာဖြစ်ခဲ့ရင်လည်း ပြု စုစောင့်ရှောက်မှုတွေပေးပြီး စိတ်ချရ တော့မှ ဆေးရုံဆင်းခွင့်ပေးမှာကြောင့် ဒါတွေအပေါ်လည်း ဆက်လက်ပြီး ပြုစု စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ပြင်ပ ဆေးခန်းတွေ၊ ဆေးရုံတွေအားလုံးက သတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ်က နေလွှဲပို့ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

♦ ဝေဘာဂီဆေးရုံမှာ ကုသနေတဲ့သူ ဘယ်နှ ယောက်ရှိပါသလဲ။
အခုလက်ရှိ ဝေဘာဂီဆေးရုံမှာ အ ယောက် ၅၀ ကျော်စောင့်ကြည့်လူနာအ နေနဲ့ ရှိပြီး Quantine လူနာ ၁၅ ယောက် လောက် ဖြစ်သွားပါပြီ။ ဒါကြောင့် ကျန်း မာရေးဝန်ထမ်းတွေအနေနဲ့လည်း စနစ် တကျ စောင့်ရှောက်မှုတွေ ဆောင်ရွက် နေပြီး အဖိတ်အစဉ်မရှိသေးတာကို တွေ့ရပါတယ်။ ဖိတ်စဉ်တာမျိုးရှိခဲ့ရင် လည်း ရောဂါအခံရှိတဲ့သူတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြုစုကုသမှု ကာလအနေနဲ့ အဲဒီလူနာက နောက်ထပ် ရေရှည်ကုသဖို့လိုအပ်ပြီး ကျောက်ကပ် ဆေးဖို့လိုအပ်တဲ့သူကိုလည်း ကျောက်ကပ် ဌာနကို လွှဲပြောင်းရပါတယ်။ အသည်း ဌာနကို လွှဲပြောင်းပေးရတာလည်း ရှိပါ တယ်။ တီဘီဌာနကို လွှဲပြောင်းရတာ လည်း ရှိပါမယ်။

ဒါကြောင့် ရောဂါဆိုင်ရာ လွှဲပြောင်းမှုတွေကိုလည်း ကျန်းမာရေး ဌာနတွေက လက်ခံဆောင်ရွက်ပေးနေပါ တယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို တင်ပြထားတာက ကုသမှုအဖွဲ့ကြီး က တစ်ဖွဲ့တည်း ဖြစ်လို့မရပါဘူး။ တစ်ဖွဲ့ က ဆင်းလာပြီး နောက်တစ်ဖွဲ့က နောက် တစ်ပတ်မှာ လုပ်ပြီး ခဏနားပါ။ နောက် တစ်ဖွဲ့က ထပ်လုပ်ပါ။ ဒါကို ဘယ်တော့ ကျင့်သုံးမလဲဆိုရင် နိုင်ငံအတွင်းမှာ အ တည်ပြုလူနာ တွေ့ရှိသွားပြီဆိုရင် အတည် ပြုလူနာအဆောင်မှာ စနစ်တကျ လုပ် ဆောင်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ဆရာဝန်၊ ဆရာမအရေအတွက် လိုအပ် ပါမယ်။ လိုအပ်ချက်အနေနဲ့ Consultant တစ်ယောက်၊ အထူးကုဆရာဝန် တစ်ယောက်၊ လက်ထောက်အထူးကု ဆရာဝန် သုံးယောက်၊ လက်ထောက် ဆရာဝန်ရိုးရိုး ငါးယောက်၊ သူနာပြု ၁၀ ယောက်၊ အလုပ်သမား ၁၀ ယောက် လောက်နဲ့ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ အနေနဲ့ တစ်ဖွဲ့လုံးလုပ်မယ်၊ နားမယ်၊ ပြီး ရင် တခြားအဖွဲ့က ဆက်လုပ်မယ်။ အဲဒီ အထဲကမှ နေမကောင်းဖြစ်ခဲ့သူရှိရင် သူတို့အနေနဲ့ ထွက်ပြီး တခြားသူအနေနဲ့ ဝင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဆေး တက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂) နဲ့ တခြားဆေးတက္ကသိုလ်တွေက လက် ထောက်အထူးကုဆရာဝန်တွေကလည်း ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။ ဒါကို ကျန်းမာရေးဝန်ကြီးဌာနဘက်ကနေ ချမှတ်ပေးမယ်လို့ ထင်ပါတယ်။

ပြည်သူ လူထုကို စိုးရိမ်ပူပန်မှုတွေ နည်းစေချင်ပါ တယ်။ ဒါပေမဲ့ သတိထားမှုကတော့ ပိုကြီးလာပါပြီ။ အားလုံးသတိရှိရှိ၊ တာဝန် သိသိနဲ့ နေပေးစေချင်ပါတယ်။ ကျန်းမာ ရေးဝန်ထမ်းတွေအားလုံး အဆင်သင့် ဖြစ်စေချင်ပါတယ်။ ဒီလို လုပ်ဆောင်ထား နိုင်မှ ဖြစ်လာခဲ့ရင် ထိခိုက်မှုအနည်းဆုံး၊ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ပြုလုပ် သွားရပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကို စောင့်ရှောက်မှု အပြည့်အဝရှိအောင် တင်ပြထားပါတယ်။ လူနာနဲ့ထိတွေ့ပြီး တာနဲ့ နှစ်ပတ်ကြာအောင် မနက်ခင်းတိုင်း အဖျားတိုင်းတယ်။ နေမကောင်းတစ်ခုခု ဖြစ်လာခဲ့ရင်လည်း ချက်ချင်းကုသမှုခံယူ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူ ထုအနေနဲ့ သတိထားဖို့က အဓိက ဖြစ်ပါတယ်။ တတယ်လို့ မတော်တဆ ရောဂါပိုးကူးလာရင်လည်း စိတ်ဓာတ်မ ကျဘဲ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ နမိုးနီးယားကို အဓိက ကုသရမယ့် ဆေးဝါးဆိုတာ မရှိပါဘူး။ ဖြစ်လာသမျှ လက္ခဏာတွေကို ကုသရတာဖြစ်ပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အရမ်းမဆိုး ရွားပေမယ့် ၂၀ ရာခိုင်နှုန်းလောက်က ဆိုးရွားတဲ့အခြေအနေကို ရောက်နိုင်ပါ တယ်။ ဒါကြောင့်ရောဂါလက္ခဏာအား လုံးအပေါ်မှာ ကုသမှုပဲ ပေးတာဖြစ်ပါ တယ်။

အဓိကအနေနဲ့ ဒီရောဂါက ဘာ ဆေးသုံးနိုင်တယ်ဆိုပြီးတော့ အခုအချိန် အထိ ကာကွယ်ဆေးက မရှိသေးပါဘူး။ ဖြစ်လာတဲ့လက္ခဏာတွေကို ကုသရတဲ့ အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေအနေ နဲ့လည်း ကိုယ်တိုင်ကာကွယ်မှု အဆင် သင့် ပြုလုပ်ထားဖို့လိုပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနအပြင် တခြားဌာနအသီးသီး က ပံ့ပိုးမှုတွေပေးနေပြီး အခုဆိုရင်နိုင်ငံ တော်အဆင့်ကပါ ပံ့ပိုးပေးနိုင်ကြမယ်လို့ လည်း မျှော်လင့်ထားပါတယ်။

♦ သင်္ကြန်ကာလလည်း နီးလာပြီဆိုတော့ သံသယ လူနာတွေများလာနိုင်တာကြောင့် ကြိုတင်ပြင် ဆင်မှု ဆောင်ရွက်ထားတဲ့အပိုင်းကို ပြောပြ ပေးပါ။
နှာစေး၊ ချောင်းဆိုးလူနာက ရှိနေမှာ ဖြစ်တယ်။ ကိုယ့်နိုင်ငံထဲကို ပိုးရောက်မ လာသေးရင် သိပ်ပူစရာမလိုသေးပါဘူး။ ပိုးရောက်လာခဲ့ရင်တော့ ပြည်သူလူထုရဲ့ ပြင်ဆင်မှုတွေရော ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်မှုက အရမ်းပဲ အရေးကြီးပါတယ်။ ဒါကြောင့် နှာစေး၊ ချောင်းဆိုးဖြစ်တာနဲ့ သံသယရှိ လူနာတော့ မဟုတ်ပါဘူး။ သူရဲ့ နောက် ခံအချက်အလက်တွေက အရေးကြီးပါ တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပါ ဝင်ပူးပေါင်းဖို့ကလည်း အရေးကြီးပါ တယ်။

♦ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက အပူချိန်တူပေမယ့် ထိုင်းမှာဖြစ်ပြီး မြန်မာနိုင်ငံမှာမဖြစ်သေးတာ ဘာကြောင့်လဲ။
ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွား ဝင် ရောက်မှုက မြန်မာနိုင်ငံနဲ့စာရင် အဆ ပေါင်းများစွာ များတာကို တွေ့ရပါတယ်။ ဒါကြောင့် အန္တရာယ်ပိုများတာလည်း ဖြစ် နိုင်ပါတယ်။

♥ ပါမောက္ခဒေါက်တာစံပယ်ဖြူ (အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်)

Post Author: Good Health Journal