ရေဓာတ်ခန်းခြောက်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ (၁)

ထမင်းအသက် ခုနစ်ရက် ရေ အသက် တစ်မနက်ဆိုတဲ့စကားအတိုင်း ရေဓာတ်က ခန္ဓာကိုယ်အတွက် အလွန် ကိုအရေးကြီးပါတယ်။ ဘယ်လိုအခြေ အနေတွေမှာ ရေဓာတ်ခန်းခြောက် တတ်လဲ။ ရေဓာတ်ပြည့်ဝနေအောင် ဘယ်လိုလုပ်ဆောင်ရမလဲ စတာတွေကို ရေးသားဖော်ပြလိုက်ပါတယ်နော်။

၁။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက် မဖြစ်မနေသောက်သင့်တယ်။
(က) မှန်
(ခ) မှား

၂။ အစားအစာကနေ ရေပမာဏဘယ် လောက်ရလာတတ်သလဲ။
(က) ၅ ရာခိုင်နှုန်း
(ခ) ၁၀ ရာခိုင်နှုန်း
(ဂ) ၂၀ ရာခိုင်နှုန်း
(ဃ) ၅၀ ရာခိုင်နှုန်း

၃။ ပူနွေးစွတ်စိုတဲ့ပတ်ဝန်းကျင်မှာ လေ့ ကျင့်ခန်းလုပ်ရင် မိနစ်ဘယ်လောက် အတွင်း ရေဓာတ်ခန်းခြောက်လာနိုင်ပါ သလဲ။
(က) မိနစ် ၃၀
(ခ) ၄၅ မိနစ်
(ဂ) တစ်နာရီ
(ဃ) နှစ်နာရီ

၎။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဘယ်လောက်ကြာတစ်ကြိမ် ရေ သောက်သင့်သလဲ။
(က) ၅ မိနစ်
(ခ) မိနစ် ၂၀
(ဂ) မိနစ် ၄၀
(ဃ) တစ်နာရီ

၅။ အောက်ပါတို့အနက် ဘယ်အရည်က ခန္ဓာကိုယ်ထဲကရေဓာတ်ကိုစုပ်ယူပြီး ရေဓာတ်အခန်းခြောက်ဆုံးဖြစ်စေပါသလဲ။
(က) အရက်
(ခ) ကော်ဖီ
(ဂ) ဆိုဒါပါတဲ့အချိုရည်

၆။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေစေဖို့ လိုအပ်တဲ့ရေပမာဏက ဘယ်ပေါ်မှာ မူတည်နေပါသလဲ။
(က) အသက်အရွယ်
(ခ) ကျန်းမာရေး
(ဂ) ရာသီဥတု
(ဃ) အပေါ်က အချက်အလက်အားလုံး

၇။ အရွယ်ရောက်လူကြီးတွေအနေနဲ့ နေ့စဉ် သဘာဝအတိုင်း ရေဓာတ် ဘယ် လောက်ကုန်ဆုံးလေ့ရှိလဲ။
(က) တစ်ခွက်
(ခ) ၂ ခွက်
(ဂ) ၅ ခွက်
(ဃ) ၁၀ ခွက်

၈။ ဆီးအရောင်က အောက်ဖော်ပြပါ မည်သည့်အရောင်လိုဖြစ်နေရင် ရေ ဓာတ်ခန်းခြောက်နေတာလို့ပြောရမလဲ။
(က) ရေအရောင်
(ခ) သံပရိုသီးဖျော်ရည်အရောင်
(ဂ) ပန်းသီးဖျော်ရည်ပျစ်ပျစ်အရောင်
(ဃ) ဂရိတ်ဖရုဖျော်ရည်အရောင်

ကဲ အဖြေလေးတွေကို ဖြေကြည့်ရအောင် ♥ ♥ ♥

၁။ (ခ) မှား
အမျိုးသားတွေအနေနဲ့ နေ့စဉ် ရေ ၁၂၅ အောင်စနဲ့ အမျိုးသမီးတွေမှာ ၉၁ အောင်စသောက်သင့်တယ်လို့ သိရပါ တယ်။ ဒါပေမဲ့လည်း အစားအသောက်နဲ့ အအေး၊ ကော်ဖီကနေရလာတဲ့ အရည် တွေလည်း ထည့်တွက်ရမှာပါ။ လူအများ စုက အပူလှိုင်းဒဏ်မခံရမချင်း၊ အချိန် ကြာကြာလှုပ်လှုပ်ရှားရှားမနေချင်း ရေ ဓာတ်ကို အလုံအလောက်ရရှိနေပါတယ်။ ဒါကြောင့် နေ့စဉ်ရေ (၈) ခွက်ကို မဖြစ် မနေသောက်ပေးဖို့မလိုဘဲ ကျန်းမာပြီး အသားအရေစိုပြည်ချင်ရင်တော့ သောက်ပေးပါ။

၂။ (ဂ) ၂၀ ရာခိုင်နှုန်း
ပုံမှန်လူတစ်ယောက်အနေနဲ့ တစ် နေ့တာလိုအပ်တဲ့ရေ ၂၀ ရာခိုင်နှုန်းကို အစားအစာကနေ ရလေ့ရှိပါတယ်။ ပန်း သီးမှာ ရေ ၆၅ ရာခိုင်နှုန်းပါပြီး ငှက် ပျောသီးမှာတော့ ရေ ၇၀ ရာခိုင်နှုန်း ပါပါ တယ်။ ပန်းဂေါ်ဖီစိမ်းမှာတော့ ရေ ၉၀ ရာ ခိုင်နှုန်း ပါရှိနေပါတယ်။ ရေဓာတ်သိပ်မပါ ဘူးလို့ ထင်ရတဲ့အစား အစာတွေမှာ တောင် ရေတွေပါနေတတ်ပါတယ်။ ဥပမာ ပြောရရင် ပေါင်မုန့်မှာ ၄၀ ရာခိုင်နှုန်း၊ အ မဲသားမှာ ၅၃ ရာခိုင်နှုန်း ၊ အမေရိကန် ချိစ်မှာ ၂၈ ရာခိုင်နှုန်းစီ ရေဓာတ်ပါရှိနေ တတ်ပါတယ်။

၃။ (က) မိနစ် ၃၀
ပူအိုက်တဲ့ရာသီဥတုပတ်ဝန်းကျင် မှာ ရေဓာတ်ခန်းခြောက်ဖို့ အချိန်သိပ် မလိုပါဘူး။ ဒါကြောင့် ပူတဲ့အချိန်မှာ ပြင် ပထွက်ပြီး လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ ကျင့်ခန်းလုပ်တဲ့အခါမှာ အချိန်လျှော့ပါ။ မကြာခဏအနားယူပြီး ပေါ့ပါးလွတ်လပ် တဲ့ အ၀တ်အစားတွေဝတ်ဆင်ပါ။

၎။ (ခ) မိနစ် ၂၀
လေ့ကျင့်ခန်းလုပ်တဲ့အခါ ပုံမှန် အနေနဲ့ မိနစ် ၂၀ ကြာတစ်ကြိမ် ရေ သောက်သင့်ပါတယ်။ အများစုကတော့ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ တိုင်း အရည် ၇ အောင်စကနေ ၁၀ အောင်စအထိသောက် မှ ရေဓာတ်အလုံအလောက်ရမှာပါ။ ဒါ ပေမဲ့ လိုအပ်တဲ့ရေဓာတ်အတိအကျက တော့ အပြင်မှာလေ့ကျင့်ခန်းလုပ်တာ လား၊ အဲကွန်းခန်းထဲလုပ်တာလား၊ အ သက်အရွယ်၊ ကျားမနဲ့ ကိုယ်အလေးချိန် ပေါ် မူတည်နေပါတယ်။ လေ့ကျင့်ခန်း မလုပ်မီ ၂ နာရီ၊ ၃ နာရီအတွင်း အရည် ၂ ခွက် ( ၁၇ ကနေ ၂၁ အောင်စ) အထိ သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

၅။ (က) အရက်
အရက်၊ ဘီယာ၊ ၀ိုင်တို့မှာ ရေဓာတ် ခန်းခြောက်စေတဲ့ အာနိသင်ပါရှိပါတယ်။ ကော်ဖီနဲ့ တခြားကဖင်းဓာတ်ပါတဲ့အ ရည်တွေက ဆီးမကြာမကြာသွားစေပေမယ့် ခြုံကြည့်ရင်တော့ ရေဓာတ်ပါဝင်မှုများလို့ ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အအေး၊ ဆိုဒါနဲ့ တခြားအချိုရည်တွေကလည်း ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ရေ ဓာတ်ဖြည့်ဖို့ဆို ရေကအကောင်းဆုံးပါ။ ရေမှာကယ်လိုရီလည်း မပါရှိတာကြောင့်ပါ။

၆။ (ဃ) အပေါ်က အချက်အလက်အား လုံး
ခန္ဓာကိုယ်က အရည်ပမာဏ ဘယ် လောက်လိုသလဲဆိုတာ အချက်ပေါင်း များစွာပေါ် မူတည်နေပါတယ်။
အသက်အရွယ်အရဆိုရင် ကလေး တွေမှာ ရေဓာတ်ခန်းခြောက်တာပိုမြန်တဲ့ အတွက် အရည်များစွာလိုအပ်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ကျန်းမာ ရေးအခြေအနေကြောင့် ရေဓာတ်လိုအပ် သလို ရေဆာလေ့မရှိတာကြောင့်လည်း ရေဓာတ်ခန်းခြောက်နေတတ်ပါတယ်။
ကျား၊ မကွာခြားချက်မှာတော့ အမျိုး သားတွေမှာ အမျိုးသမီးတွေထက် အ ရည်ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ တခြားအမျိုးသမီးတွေထက်ပိုလိုအပ်ပါတယ်။
ကိုယ်အလေးချိန်အနေနဲ့ ခန္ဓာ ကိုယ် ပိုထွား၊ ပိုကြီးသူတွေအနေနဲ့ ရေ ဓာတ်ပိုလိုအပ်ပါတယ်။
ကျန်းမာရေးအနေနဲ့ဆိုရင် ဆီးချို ရောဂါ၊ ကျောက်ကပ်ရောဂါတွေကလည်း ရေဓာတ်ပိုလိုအပ်တတ်ပါတယ်။
ပတ်ဝန်းကျင်အနေနဲ့ကတော့ အ ရမ်းပူ၊ အရမ်းအေးတဲ့အချိန်မျိုးတွေ တောင်ပေါ်ဒေသလိုမျိုးတွေမှာ ရေပိုလို အပ်ပါတယ်။

၇။ (ဃ) ၁၀ ခွက်
ပုံမှန်လူတစ်ယောက်အနေနဲ့ နေ့ စဉ် ရေ ၁၀ ခွက်နဲ့အထက် ခန္ဓာကိုယ်က နေ ထွက်ရှိလေ့ရှိပါတယ်။ ချွေး၊ ဆီး၊ ၀မ်း၊ အသက်ရှူ စတာတွေကနေထွက် ရှိနေတာပါ။ ဒါကြောင့် စားသောက်ပြီး ရေဓာတ်ပြန်ဖြည့်နေရတာပါ။

၈။ (ဂ) ပန်းသီးဖျော်ရည်ပျစ်ပျစ်
ဆီးအရောင်ကိုကြည့်ပြီး ရေဓာတ် ခန်းခြောက်နေလား၊ လိုအပ်နေလားဆို တာကိုလည်း သိနိုင်ပါတယ်။ ဆီးအ ရောင်ရင့်ပါက ရေဓာတ်နည်းနေလို့ပါ။ ဒါကြောင့် ဆီးအရောင်ကြည်အောင် ရေများများသောက်ပါ။ ဆီးအရောင် ကြည်နေ၊ ဖျော့နေရင် ရေဓာတ်ပြည့်နေ တာကြောင့်ပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *