ဗောက်ထဆံပင်​အတွက်​ Shampoo

ဗောက်​​တွေထ​နေလို့ ​ခေါင်းယားတာက ခံရခက်​တဲ့ ပြဿနာပါ။
ဆံပင်​​ပေါ်မှာ ​ဗောက်​​တွေနဲ့ဆို လူကြားထဲသွားရင်​လည်း ​ဗောက်
တွေများ ဆံပင်​မှာမြင်​​နေရမလားဆိုတဲ့ အ​တွေး​တွေနဲ့ ကိုယ့်​ကိုယ်
ကိုယ်​ ယုံကြည်​မှုရှိမှာ မဟုတ်​​တော့ပါဘူး။ ဒါ​ကြောင့်​ ဒီတစ်​ပတ်​မှာ 
ဗောက်​ထတာ​ပျောက်​​စေတဲ့ ​ခေါင်း​လျှော်​ရည်​ပြုလုပ်​နည်းကို ​ဖော်​ပြ
ပေးလိုက်​ပါတယ်​။

..
ဂလစ်ဆရင်းဟာ ဆံသားကို အစိုဓာတ်ပေးနိုင်ပြီး
ဦးခေါင်းယားယံတာကို သက်သာစေပါတယ်။ ဗောက်ကင်းစင်ကာ
ဆံပင်နှစ်ခွဖြစ်တာကိုလည်း ကူညီပေးပါတယ်။
ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံသားကို
နူးညံ့စေနိုင်စွမ်းလည်း ရှိပါတယ်။

Jojoba oil က သူ့မှာပါဝင်တဲ့ များစွာသော ဗီတာမင် စီ၊ ဗီတာမင် ဘီ၊
ဗီတာမင် အီးနဲ့ ဇင့်လိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ဆံသား
ခြောက်သွေ့တာ၊ ကျိုးပဲ့ပျက်စီးတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေကို
သက်သာစေပြီး ဗောက်ထလို့ ယားယံတာကနေလည်း
ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်
ဆံပင်ကျွတ်တာတွေအတွက်လည်း ကူညီပေးနိုင်ပါတယ်။

Tea Tree Oil ကလည်း ဗောက်ထတာကို ကုသပေးနိုင်ပြီး
ဆံပင်သန်စွမ်းစေနိုင်ပါတယ်။ ဦးရေပြားအတွင်းက
မွေးညင်းပေါက်တွေကို သန့်စင်ပေးနိုင်တာ၊ ဘက်တီးရီးယား၊ မှိုပိုးနဲ့
မမြင်နိုင်တဲ့ပိုးမွှားတွေကို သေစေတာ၊ ဦးရေပြားကို
ချောမွေ့စေတာနဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ဦးရေပြားဂလင်းတွေကို
ထိန်းချုပ်ပေးတာလိုမျိုး အစွမ်းသတ္တိတွေရှိပါတယ်။

လိုအပ်​တာ​တွေက


♦ Castile Soap ခွက်​တစ်​ခွက်​ရဲ့ ​လေးပုံတစ်​ပုံစာ (City Mart
များတွင် ၀ယ်ယူရရှိနိုင်)
♦ ရေသန့် ခွက်တစ်ဝက်စာ
♦ ဂလစ်ဆရင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
♦ Jojoba oil စားပွဲဇွန်း နှစ်ဇွန်းစာ
♦ Tea Tree oil အစက် ၂၀ ခန့်

ပြုလုပ်နည်း

♦ ပါဝင်ပစ္စည်းအားလုံးကို ရောစပ်ပါ။
♦ ပြီးရင် သင် သိမ်းဆည်းမယ့် ဘူးလွတ်ထဲကို ထည့်ပါ။

အသုံးပြုနည်း


♦ ခေါင်းမလျှော်ခင်မှာ ခေါင်းလျှော်ရည်ဘူးကို သေချာစွာ လှုပ်ပြီးမှ
အသုံးပြုပါ။

♦ ဦးရေပြားအနှံ့ခေါင်းလျှော်ရည်ကိုဆွတ်ပြီး ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။

♦ ငါးမိနစ်ခန့်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

♥ ဆူးမြာ ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *