COVID – 19 နှင့် ပတ်သက်၍ သိသင့် သည့် အချက် ၁၀

ကိုရိုနာဗိုင်းရပ်စ်ကို ဗိုင်းရပ်စ်အုပ်စု ကြီးတစ်စုအဖြစ် သတ်မှတ်ပြီး သူတို့ ကြောင့် အအေးမိရောဂါကနေ ပိုပြီးပြင်း ထန်တဲ့ရောဂါအထိ ရောဂါအမျိုးမျိုး ရရှိ နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ တာကြောင့် ပြသတဲ့လက္ခဏာထဲမှာ အ သက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာ၊ အဖျားရှိတာ၊ ချောင်းဆိုးတာ၊ အသက်ရှူ မဝတာနဲ့ အသက်ရှူရခက်ခဲတာတွေ ပါ ဝင်ပါတယ်။ ပိုပြီးပြင်းထန်ခဲ့ရင် နမိုးနီး ယားရောဂါ၊ ပြင်းထန်အသက်ရှူလမ်း ကြောင်းပြဿနာ၊ ကျောက်ကပ်ပျက်စီး တာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အုပ်စုကြောင့် ဖြစ် တဲ့ရောဂါတွေထဲမှာ ဥပမာအဖြစ် MERS (Middle East Respiratory Syn-drome Coronavirus) နဲ့ SARS (Severe Accute Respiratory Syndrome Coronavirus) ပါဝင်ပါ တယ်။ COVID-19 ခေါ်တဲ့ နိုဗယ်ကို ရိုနာဗိုင်းရပ်စ်ကတော့ ယခင်က လူတွေ မှာ မတွေ့ရှိခဲ့ဖူးတဲ့ မျိုးစိတ်အသစ်ဖြစ် ပါတယ်။ ဒီဗိုင်းရပ်စ်က တရုတ်နိုင်ငံ ဝူ ဟန်ကနေ စတင်တွေ့ရှိပြီး အခုအခါမှာ တော့ ကမ္ဘာ့နိုင်ငံအတော်များများကို ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် COVID-19 နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရောဂါကူးစက်ခံရသူကို ဘယ်လိုရှာဖွေ နိုင်သလဲ
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာ တွေက အပျော့စားကနေ ပြင်းထန်တဲ့အ ထိ အမျိုးမျိုးကွဲပြားခြားနားတတ်ပါ တယ်။ အဖျားရှိတာ၊ လည်ချောင်းနာတာ၊ အဆုတ်ရောင်တာကနေ သေဆုံးတဲ့အ ထိဖြစ်နိုင်ပါတယ်။
ရောဂါစတင်ကူးစက်ခံရတဲ့အချိန် က စပြီး လက္ခဏာပြတဲ့အချိန်ဟာ နှစ် ရက်ကနေ ၁၄ ရက်အတွင်းရှိတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာ ကွယ်ရေးဗဟိုဌာနက ခန့်မှန်းထားပါ တယ်။
ရောဂါဖြစ်နှုန်းများပြားတဲ့နိုင်ငံ (အထူးသဖြင့် ဝူဟန် ဒါမှမဟုတ် တရုတ် နိုင်ငံရဲ့ ဒေသတစ်ခုခု၊ အီတလီ၊ အီရန်၊ ကိုရီးယား)တွေကို သွားခဲ့ဖူးသူ၊ ရောဂါ ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဖူးသူတွေကို သံသယရှိလူနာလို့ သတ်မှတ်ပါတယ်။
သံသယရှိလူနာတွေကို သီးခြားခွဲ ထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ၊ ကုသ မှုတွေကို ပြုလုပ်ပေးပါတယ်။
ရောဂါကူးစက်ခံရတဲ့လူနာနဲ့ ထိ တွေ့ရတဲ့ ဆရာဝန်နဲ့ သူနာပြုအပါအဝင် ကျန်းမာရေးလုပ်သားအားလုံးကို တစ် ကိုယ်ရေသုံးအကာအကွယ်ပစ္စည်း တွေ (ဥပမာအားဖြင့် Mask နဲ့ ပိုးမွှားအကာ အကွယ်ဝတ်စုံ)ကို အသုံးပြုပြီးမှ လူနာ ကို စောင့်ကြပ်စေပါတယ်။

၂။ COVID-19 ရဲ့ ရောဂါလက္ခဏာတွေ က ဘာပါလဲ
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါရတဲ့ သံသယလူနာတွေကို အောက်ပါအချက်ထဲက တစ်ချက်ချက်နဲ့ ညီရင် သီးသန့်ထားရှိပါတယ်။
ပထမတစ်ချက်က ဝူဟန် ဒါမှမ ဟုတ် ရောဂါအဖြစ်များတဲ့နိုင်ငံကို လွန်ခဲ့ တဲ့ ၁၄ ရက်အတွင်းက ခရီးသွားခဲ့ရင် ဒါ မှမဟုတ် ရောဂါကူးစက်ခံရသူနဲ့ ယခင် က ထိတွေ့ခဲ့ဖူးသူတွေဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ရောဂါလက္ခဏာပြသနေသူ (ဥပမာအားဖြင့် အအေး မိရောဂါလက္ခဏာ၊ နှာချေတာ၊ နှာစေး တာ၊ ချောင်းဆိုးတာ၊ ကြွက်သားနာကျင် တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူရ ခက်ခဲတာ၊ အဲဒီလူတွေမှာ အဖျားရှိနိုင် သလို မရှိတာလည်း ဖြစ်နိုင်ပါတယ်)ဖြစ် ပါတယ်။
လူနာက ဒီအချက်တွေနဲ့ ကိုက်ညီ နေမယ်ဆိုရင် COVID-19 အတွက် ဓာတ်ခွဲစစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။

၃။  Mask တပ်ထားတာက COVID-19 ကူးစက်မှုမရှိအောင် ကာကွယ်ဖို့ ကူညီနိုင်ပါသ လား
COVID-19 ကူးစက်ခံရတာ ကြောင့် ခုခံအားစနစ်ကျဆင်းသူနဲ့ နာ တာရှည်ရောဂါရှိသူတွေမှာ ရောဂါဝေဒ နာပြင်းထန်ပေမယ့် ရောဂါကူးစက်မှုဟာ တခြားကိုရိုနာဗိုင်းရပ်စ်လိုပဲ ဖြစ်ပါတယ်။ ရောဂါရှိသူတွေ ချောင်းဆိုး ဒါမှမဟုတ် နှာချေတာကြောင့် ရောဂါပိုးအမှုန်အ မွှားတွေက ခြောက်ပေအတွင်းမှာ ပျံ့နှံ့ရာ ကနေ တခြားသူဆီကို ကူးစက်တာဖြစ် ပါတယ်။ အဲဒီအမှုန်အမွှားတွေက လေ ထဲမှာ အချိန်ခဏတာအတွင်းပဲ နေနိုင်ပါ တယ်။ သူက သတ္တု၊ မှန်၊ ပလတ်စတစ် လိုမျိုး အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ ရက်အနည်းငယ်ကြာအထိ ရှင်သန်နိုင်ပါ တယ်။ အဲဒီမျက်နှာပြင်တွေမှာ ရှိနေတဲ့ ဗိုင်းရပ်စ်တွေကို မိမိလက်နဲ့ ကိုင်မိပြီး မျက်နှာ၊ ပါးစပ်၊ နှာခေါင်းတို့ကို ထိ တွေ့မိတယ်ဆိုရင် မိမိဆီကို ကူးစက်နိုင် ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုးဟာ ရော ဂါရှိသူနဲ့ လက်ဆွဲနှုတ်ဆက်အပြီးမှာ သူ့ လက်မှာ ရှိနေတဲ့ ဗိုင်းရပ်စ်က မိမိထံကူး စက်နိုင်ပါတယ်။
ရောဂါကူးစက်ခံရသူကသာ Mask တပ်ရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ လူ ထုထဲသွားရင် ဗိုင်းရပ်စ်ရောဂါပြန့်ပွားနှုန်း နည်းအောင် Mask ကို မဖြစ်မနေ တပ် သင့်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူကို ပြု စုရသူ၊ ကြည့်ရှုရသူတွေအနေနဲ့လည်း Mask ကို မဖြစ်မနေ တပ်ရပါမယ်။ သာ မန်ကျန်းမာနေသူတွေအဖို့တော့ မိမိ လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စင် ကြယ်အောင် ဆေးကြောတာ၊ လက်မ ဆေးဘဲ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေ ကို မကိုင်တွယ်တာတွေက ပိုပြီးအရေး ကြီးပါတယ်။

၄။ COVID-19 က ကုသလို့ ပျောက် ကင်းနိုင်ပါသလား
COVID-19 က ကူးစက်နှုန်းမြန် တဲ့အတွက် ကြောက်စရာကောင်းလှပေ မယ့် မိမိမှာ ခုခံအားစနစ်ကောင်းမွန်နေ ရင် ရောဂါပျောက်ကင်းဖို့ လွယ်ကူနိုင်ပါ တယ်။ အဲဒီရောဂါကြောင့် သေဆုံးသူအ များစုဟာ မိမိပင်ကိုက ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါတွေရှိတာကြောင့် ဒါမှမဟုတ် ခုခံအားစနစ် လျော့နည်းနေ တဲ့ အသက်အရွယ်ကြီးရင့်သူတွေဖြစ်ပါ တယ်။ ဒီရောဂါအတွက် လတ်တလောမှာ တော့ တိကျတဲ့ကုထုံးမပေါ်သေးပါဘူး။ ဖြစ်တဲ့ရောဂါလက္ခဏာနဲ့ လိုက်ပြီး ကု သနေရဆဲပါ။ လတ်တလောမှာတော့ HIV လူနာအတွက် ကုသတဲ့ဆေးနဲ့ တုပ်ကွေးရောဂါအတွက် ကုသတဲ့ဆေး တွေကို ပေါင်းစပ်ပြီး ကုသနေကြတယ်လို့ သိရပါတယ်။

၅။ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရှိပါသလား
လောလောဆယ်တော့ နိုဗယ်ကိုရို နာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက်လည်း ကာကွယ်ဆေးကို စမ်းသပ်နေတုန်းပါ။ တုပ်ကွေးရောဂါကာကွယ်ဆေးတွေက တုပ်ကွေးတစ်မျိုးတည်းကိုသာ ကာကွယ် ပြီး ကိုရိုနာအတွက် မကာကွယ်ပေးနိုင်ပါ ဘူး။

၆။ အဆုတ်ရောင်ကာကွယ်ဆေးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်ပါသ လား . . . အသက်ကြီးသူတွေအနေနဲ့ အဆုတ် ရောင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါသလား
အဆုတ်ရောင်ကာကွယ်ဆေးက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ် ရောင်ရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။ အဆုတ်ရောင်ရောဂါ၊ ဦးနှောက် အမြှေးပါးရောင်ရောဂါနဲ့ သွေးဆိပ်တက် ရောဂါတွေကို ကာကွယ်ဖို့အတွက် အ သုံးပြုနိုင်ပါတယ်။ ဒီကာကွယ်ဆေးတွေ က အသက်ကြီးသူနဲ့ နာတာရှည်ကျောက် ကပ်ရောဂါရှိသူလိုမျိုး ခုခံအားစနစ်ကျ ဆင်းနေသူတွေအတွက် အထူးလိုအပ် ပါတယ်။ ဒါပေမဲ့ ဒီအဆုတ်ရောင်ကာ ကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ကာ ကွယ်နိုင်စွမ်းမရှိပါဘူး။
၇။ COVID-19 အတွက် ကုထုံးက တုပ် ကွေးရောဂါကုထုံးနဲ့ဆင်တူပါသလား
COVID-19 ဟာ ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်ဖြစ်ပေမယ့် သူနဲ့ အုပ်စုချင်းတူ ညီတဲ့ တခြားရောဂါတွေထက် ရောဂါလက္ခဏာပိုမိုပြင်းထန်ပါတယ်။ အဆုတ်ရောင် ရောဂါ၊ သွေးဆိပ်တက်ရောဂါလိုမျိုး အ သက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေအ ထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် COVID-19 ကူးစက်ခံရတယ်လို့ သံသ ယရှိတယ်ဆိုရင် တခြားသူတွေဆီ ရောဂါ မကူးစက်နိုင်အောင် သီးသန့်ထားဖို့က ဦးစားပေးပြုလုပ်ရမှာဖြစ်ပါတယ်။

၈။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမခံရအောင် ဘယ်လိုကာကွယ်မလဲ
ရေ၊ ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကို ဟောအခြေခံ Hand Sanitizer ကို အသုံးပြုပြီး မကြာခဏဆေးကြောတာ၊ နှာခေါင်း မျက်လုံး ပါးစပ်လိုမျိုး မျက်နှာ ပေါ်ကနေရာတွေကို လက်နဲ့မကိုင်တာ၊ ရောဂါဖြစ်တယ်လို့ သံသယရှိသူကို ရှောင်ကြဉ်တာမျိုးတွေက ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မခံရအောင် ကာကွယ်နိုင် တဲ့နည်းလမ်းတွေဖြစ်ပါတယ်။
ဒါ့အပြင် ရောဂါရှိသူတွေအနေနဲ့ မိမိဆီကရောဂါပိုးကို တခြားသူဆီ မကူး စက်အောင် Mask ကို မဖြစ်မနေ အသုံး ပြုသင့်ပါတယ်။ ရောဂါရှိသူကို ပြုစုတဲ့ သူ/ ကုသတဲ့သူတွေအနေနဲ့လည်း Mask ကို မဖြစ်မနေ တပ်ထားသင့်ပါ တယ်။

၉။ Mask ကို ဘယ်လိုတပ်ရမလဲ . . တပ် ဆင်ပြီးသား Mask ကို ဘယ်လိုလွှင့်ပစ်ရမလဲ
WHO ကတော့ Mask အသုံး ပြုသူတွေကို အောက်ပါအတိုင်း အကြံ ပေးထားပါတယ်။
♦ ပါးစပ်နဲ့ နှာခေါင်းကို သေချာဖုံး အုပ်ရမှာဖြစ်ပြီး မျက်နှာနဲ့ Mask အကြား မှာ နေရာလွတ်မရှိစေရပါ။
♦ Mask ရဲ့ လက်ကိုင်နေရာကနေ သာ ကိုင်တွယ်ရမှာဖြစ်ပြီး Mask မျက် နှာပြင်ကို သင့်လက်နဲ့ မထိတွေ့ရပါ။
♦ Mask ကို လက်ကိုင်ကွင်းနေရာက နေသာ ဖြုတ်ရမှာဖြစ်ပြီး Mask ရဲ့ အရှေ့မျက်နှာပြင်ကို လက်နဲ့ မထိတွေ့ ရပါ။
♦ သုံးပြီးသား Mask ကိုပြန်လည်အ သုံးမပြုပါနဲ့။
♦ အသုံးပြုပြီးတိုင်း Mask ကို လိပ်ပြီး အမှိုက်ပုံးထဲကို သေချာလွှင့်ပစ်ပါ။
♦ Mask ကို ဖြုတ်အပြီးမှာ သင့်လက် ကို ရေ၊ ဆပ်ပြာ ဒါမှမဟုတ် Hand Sanitizer နဲ့ သေချာဆေးကြောပါ။

၁၀။ လက်ကို အယ်လ်ကိုဟော အခြေခံတဲ့ Hand Sanitizer  နဲ့ ဆေးကြောတာက ရေ၊ ဆပ်ပြာနဲ့ဆေးကြောတာလိုမျိုး ထိ ရောက်မှုရှိတာချင်း တူညီပါသလား
အယ်လ်ကိုဟောအနည်းဆုံး ၆၀-၇၀ ရာခိုင်နှုန်းပါဝင်တဲ့ Hand Sanitizer  နဲ့ လက်ဆေးတာက ရေ၊ ဆပ်ပြာနဲ့ လက် ဆေးသလိုမျိုးပဲ ထိရောက်မှုချင်းတူညီပါ တယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal