သင်ဖျားနေတာက အအေးမိဝေဒနာထက် ပိုနေပြီလား

♦ အခုလို မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေတဲ့ရာသီမှာ အအေးမိဝေဒနာကို ခံစားရတတ်ကြပါတယ်။ ကိုဗစ်ရောဂါကြောင့် လူအများစုက မကြာခဏလက်ဆေးတာ၊ လူစုလူဝေးရှိတဲ့နေရာတွေမှာ Mask တပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြတဲ့ အကျင့်ကောင်းလေးတွေရရှိသွားတာကြောင့် အအေးမိရောဂါက ခါတိုင်းနှစ်တွေလောက် ကူးစက်နှုန်းရှိမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း ဖျားနာကြတဲ့အခါမှာ ကိုဗစ်ရောဂါဖြစ်မှာကို စိုးရိမ်ကြရပြန်ပါတယ်။ ရောဂါဖြစ်မှာထက် Q ဝင်ရမှာကို ပိုပြီးကြောက်ကြတယ်လို့တော့ ထင်မိပါတယ်။ ဒါကြောင့်လည်း တော်ရုံဖျားတာလောက်နဲ့ ဆေးရုံဆေးခန်းကို သွားမပြကြတော့ဘဲ ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူလို့ရနေတဲ့ အအေးမိနှာစေးပျောက်ဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသာ ဝယ်ယူ သောက်သုံးကြပြီး ရောဂါဝေဒနာသက်သာအောင် ပြုလုပ်နေကြပါတော့တယ်။
♦ ဒီလို ပြုလုပ်နေတာက အအေးမိရောဂါအတွက်တော့ သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာ အောက်ဖော်ပြပါလက္ခဏာတွေရှိနေရင်တော့ သင်ဖျားနာနေတာက အအေးမိရောဂါထက် ပိုမိုဆိုးရွားနေတာကြောင့်ပါ။

 

 

♦ ချမ်းတုန်တာက ခန္ဓာကိုယ်ရဲ့အပူချိန်ပြောင်းလဲသွားတာကြောင့်ပါ။ သူက အအေးမိရောဂါရဲ့လက္ခဏာမဟုတ်ပါဘူး။ ရောဂါပိုးဝင်ရောက်ပြီး အဖျားကြီးလွန်းတာကြောင့် ဖြစ်ပေါ်လာတာပါ။ တုပ်ကွေးရောဂါ ဒါမှမဟုတ် အဆုတ်ရောင်နမိုးနီးယား ရောဂါကြောင့်ပါ။

 

 

 

 

 

 

 

♦ အအေးမိဝေဒနာဖြစ်ရင် နှာရည်ယိုတာ ဒါမှမဟုတ် နှာစေးတာလိုမျိုးတွေနဲ့ စတင်ပြီးမှ တဖြည်းဖြည်းပိုမိုဆိုးရွားလာပါတယ်။ တုပ်ကွေးလက္ခဏာကတော့ ရုတ်တရက် အပြင်းဖျားပါတယ်။

 

 

 

 

 

 

 

♦ ခန္ဓာကိုယ်က ရောဂါပိုး ဒါမှမဟုတ် ရောဂါကို တိုက်ထုတ်တဲ့အခါမှာ အဖျားတက်လာပါတယ်။ အအေးမိတာကြောင့် အဖျားရှိတာက ဖြစ်ခဲပါတယ်။ အဖျားရှိတာက တုပ်ကွေးရောဂါ၊ လေပြွန်ရောင်ရောဂါ ဒါမှမဟုတ် အဆုတ်ရောင်ရောဂါဖြစ်နေတာ ကြောင့်ပါ။

 

 

 

 

 

 

 

♦ အအေးမိတာကြောင့် ကိုယ်လက်ကိုက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ တုပ်ကွေးကြောင့် ကိုက်ခဲတာက ပိုပြီး ပြင်းထန်နိုင်ပါတယ်။

 

 

 

 

 

 

 

 

 

♦ သင့်အသက်ရှူသံက ဝီစီမှုတ်သလိုမျိုး အသံမြည်နေရင် အထူးသဖြင့် လဲလျောင်းနေစဉ်မှာဖြစ်ရင် အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

♦ တစ်ခုခုနဲ့ဓာတ်မတည့်တာ၊ သင့်ကိုကိုက်လိုက်တဲ့ ပိုးမွှားကောင် ဒါမှမဟုတ် သင်စားထားတဲ့အစားအသောက်နဲ့ ဓာတ်မတည့်တာကြောင့်လည်း ဒီလိုအသက်ရှူသံမြည်နိုင်ပါတယ်။

 

 

 

 

 

♦ အအေးမိတာကြောင့် အနည်းငယ် ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးရာမှ သလိပ်ပါနေရင်၊ ရင်ဘတ်ထဲက တင်းကျပ်ပြီး ချောင်းဆိုးနေရင်တော့ လေပြွန်ရောင်တာ ဒါမှမဟုတ် အဆုတ်ရောင်ရောဂါဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးရာမှာ သွေးပါလာရင်ပါ။

 

 

 

 

 

 

 

♦ စွမ်းအင်မရှိသလိုဖြစ်နေတာ၊ အစားစားချင်စိတ်မရှိတာတွေက တုပ်ကွေးရောဂါရဲ့ လက္ခဏာပါ။ အအေးမိတာကြောင့် ဖြစ်ခဲပါတယ်။ အဆုတ်ရောင်ရောဂါ ဒါမှမဟုတ် ထိပ်ကပ်နာရောဂါကြောင့်လည်း ဒီလိုလက္ခဏာပြတတ်ပါတယ်။

 

 

 

 

 

 

 

♦ အအေးမိရောဂါနဲ့ တုပ်ကွေးကြောင့် လည်ချောင်းနာနိုင်ပါတယ်။ ဒါပေမဲ့ များမကြာခင်မှာ ပျောက်ကင်းသွားနိုင်ပါတယ်။ ရုတ်တရက် အလွန်အမင်းလည်ချောင်းနာလာရင်တော့ ဘက်တီးရီးယားပိုးကူးစက်ခံရတာကြောင့်ပါ။ ပဋိဇီဝဆေးဝါးနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

 

 

 

 

 

 

 

♦ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်ပေမယ့် အအေးမိရောဂါရဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ တုပ်ကွေးနဲ့ ထိပ်ကပ်နာရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ နှာခေါင်းအပေါ်နေရာနဲ့ အဲဒီတစ်ဝိုက်မှာ နာကျင်နေရင်တော့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာမြှေးရောင်ရောဂါကြောင့်ပါ။

 

 

 

 

 

 

 

♦ လေပြွန်ရောင်ရောဂါကြောင့်ပါ။ ရင်ဘတ်ထဲ တင်းကျပ်နေတာကြောင့် အသက်ပြင်းပြင်းရှူလို့ မရနိုင်ပါဘူး။ ရင်ဘတ်ထဲမှာ စူးစူးရှရှနာကျင်နေပြီး ချောင်းဆိုးတာကြောင့် နာတာက ပိုဆိုးလာရင် အဆုတ်ရောင်ရောဂါနမိုးနီးယားကြောင့် ဖြစ်နိုင်ပါတယ်။ ရင်ဘတ်ထဲ တင်းကျပ်နေတာက ပန်းနာရောဂါရဲ့လက္ခဏာပါ။

 

 

 

 

 

 

 

♦ အအေးမိရောဂါကြောင့် နှာပိတ်ပြီး အသက်ရှူရတာ ခက်ခဲနိုင်ပါတယ်။

♦ ဒါပေမဲ့ ရင်ကျပ်ပန်းနာရောဂါ၊ နာတာရှည်အဆုတ်ပွရောဂါ၊ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေကြောင့် အသက်ရှူမဝတာ ဖြစ်တတ်ပါတယ်။

 

 

 

 

 

 

 

♦ နားရွက်မှာ ဖိအားပေးခံထားရသလိုဖြစ်နေရင် ထိပ်ကပ်နာရောဂါကြောင့်ပါ။

♦ မျက်စိ၊ ပါး ဒါမှမဟုတ် နဖူးမှာပါ ဖိအားပေးခံရပြီး နာကျင်နေကာ ရှေ့ကိုကုန်းလိုက်ရင် ပိုပြီးဆိုးရွားနိုင်ပါတယ်။

♦ နားတစ်ဖက်မှာ ပြည့်ဝနေသလို ဖြစ်နေရင်တော့ နားထဲကို ရောဂါပိုးဝင် ရောက်နေတာကြောင့်ပါ။

 

 

 

 

 

♦ တုပ်ကွေးရောဂါ ဖြစ်ရင် ခံစားရတဲ့ ဝေဒနာက အလွန်ဆိုးရွားပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာသွားနိုင်ပါတယ်။

♦ အအေးမိတာဖြစ်ရင်တော့ ဝေဒနာပျောက်ကင်းဖို့ ၁၀ ရက်လောက်ကြာတတ်ပါတယ်။

♦ နမိုးနီးယား အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာက တစ်လကျော်ထိ တာရှည်တတ်ပြီး လေပြွန်ရောင်ရောဂါက တချို့လူတွေမှာ လအနည်းငယ်တန်အောင် ကြာရှည်တတ်ပါတယ်။

 

 

 

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal