ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်ခံရကြောင်းသိရှိနိုင်ရန် လူတိုင်းအလွယ်တကူ မှန်းဆနိုင်သောနည်း

 အသက်ပြင်းပြင်းရှူသွင်းပြီး ၁၀ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ။

 ချောင်းမဆိုးဘဲ၊ ရင်မကျပ်ဘဲ၊ မမောပန်းဘဲ အလွယ်တကူ ပြုလုပ်နိုင်တယ်ဆိုရင် သင့်အဆုတ်မှာ အမာရွတ်မရှိသေးတဲ့အတွက် သင့်မှာ အဆုတ်ရောင်ရောဂါဖြစ်မနေသေးသလို ရောဂါကူးစက်မခံရသေးဘူးလို့ ယူဆနိုင်ပါတယ်။

 ဒီစမ်းသပ်နည်းကို နေ့စဉ်နေ့တိုင်း မနက်အိပ်ရာထခါစ မှာ ရက်ဆက်ပြုလုပ်ပေးပါ။

ဒီနည်းကတော့ ထိုင်ဝမ်မှ ဆရာဝန်တွေက မနက်အိပ်ရာ ထတိုင်း မိမိကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများမှာ ကူးစက်ခံနေရတဲ့ COVID-19 လို့ခေါ်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ရောဂါပိုးဝင်ရောက်ပြီး ဝ-၂၄ ရက်အတွင်းမှာသာ ရောဂါ လက္ခဏာပြတတ်ပါတယ်။ ရောဂါကူးစက်ခံရခါစမှာ ရောဂါ ပိုးဝင်ရောက်တဲ့လက္ခဏာတွေ မတွေ့ရှိရသေးတဲ့အတွက် ရောဂါရှိနေကြောင်း ဘယ်သူမှ မသိနိုင်ကြပါဘူး။

အဖျားရှိပြီး ချောင်းဆိုးလို့ ဆေးရုံရောက်သွားပြီးမှဆိုရင် သူတို့အဆုတ်ရဲ့ ၅၀ ရာခိုင်နှုန်းက အမာရွတ် Fibrosis (တွယ်ဆက်တစ် သျှူးများ သိပ်သည်းထူပြောလာခြင်း) ဖြစ်ပေါ်နေတဲ့အတွက် နောက်ကျလွန်းနေပါပြီ။

ဒါကြောင့် ကိုယ့်မှာ ရောဂါပိုးရှိမရှိ မှန်းဆနိုင်ဖို့ ဒီနည်းလမ်းကို ပြုလုပ်ကြည့်နိုင်ပါတယ်။

 ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal