ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွက်တွေကို ချက်ချင်းကြီးပျောက်အောင်တော့ မဖြစ်နိုင်ပါဘူး။ အမာရွတ်ရဲ့ အနေထားအပေါ်မူတည်ပြီးတော့လည်း အချိန်က အပြောင်းအလဲရှိပါတယ်။ အမာရွအတ်အရမ်းဆိုးရင် ပိုပြီးကြာနိုင်ပါတယ်။ အဓိကကတော့ အမာရွတ်ကို အစိုဓာတ်လုံလောက်အောင်လိမ်းပေးဖို့လိုပါတယ်။
အမာရွတ်ပျောက်ဆေးတွေ အပြင် ဘဘာဝထဲမှာဆိုရင် ရှားစောင်းလက်ပက်အနှစ်လိမ်းတာ၊ သခွားသီးကပ်တာ၊ သံလွင်ဆီနဲ့ အုန်းဆီစစ်စစ်လိမ်းပေးတာ၊ Moisturizer cream ကောင်းကောင်းလိမ်းတာတွေ လုပ်ပေးရပါမယ်။
အာလူးကပ်ပေးတောကလည်း အမာရွက်အရောင်ကို ဖျော့ကျစေပါတယ်။ အမာရွတ်နဲ့ အမည်းစက်တွေအတွက် ထုတ်ထားတဲ့ မျက်နှာပေါင်းတင်ဆေးတွေ၊ mask တွေ ကပ်ပေးတာကလည်း ထိရောက်ပါတယ်။
ဗီတာမင်စီနဲ့ အသားဓာတ်ကို အစားစာထဲမှာဖြစ်စေ၊ ဖြည့်စွက်ဆေးဖြစ်စေ သောက်ပေးမယ်၊ ရေများများသောက်မယ်ဆိုရင် ဝက်ခြံအမာရွတ်တွေ အနှေးနဲ့အမြန် ပျောက်ကင်းသွားပါလိမ့်မယ်။
ဒေါက်တာစိမ့်