ADHD ကြောင့် စိတ်ဓာတ်မကျစေဖို့

Attention Deficit Hyperacti-vity Disorder (ADHD) ကို လှုပ်ရှား လွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ၊ အာရုံ စူးစိုက်မှု မပြုလုပ်နိုင်ဘဲတက်ကြွမှု လွန် ကဲတဲ့ရောဂါ စသဖြင့် အဓိပ္ပာယ် သတ် မှတ်ကြပါတယ်။ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ စတင်ဖြစ်လေ့ ရှိပြီး အရွယ်ရောက်တဲ့အထိ ရောဂါဆက် ရှိသွားနိုင်ပါတယ်။Mental Disorder ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ဒီရောဂါရှိသူတွေ မှာ တက်ကြွမှုလွန်ကဲပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း (Self-control) အား နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် နေ့စဉ်ဘ၀လုပ်ငန်းစဉ်တွေမှာ အခက်အ ခဲတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ရောဂါရှိမှန်းဘယ်လိုသိနိုင်လဲ

ဒီရောဂါဟာ ယောက်ျားလေးတွေ မှာ ပိုအဖြစ်များတတ်ပြီး ငယ်စဉ်ပညာ သင်ကြားတဲ့အရွယ်မှာကတည်းက အာရုံ စူးစိုက်နိုင်စွမ်းမရှိတာကိုကြည့်ပြီး ရောဂါ ရှိကြောင်း သိနိုင်ပါတယ်။ အရွယ်ရောက် တဲ့အခါမှာလည်း ADHD ရောဂါရှိသူ တွေဟာ ကိုယ့်ကိုယ်ကိုယ် စနစ်တကျ ထိန်းချုပ်နိုင်စွမ်းမရှိတာ၊ အချိန်ကိုစီမံ ခန့်ခွဲနိုင်မှုမရှိတာ၊ စနစ်တကျမလုပ်ဆောင် နိုင်တာ၊ ရည်မှန်းချက်ပန်းတိုင်မချမှတ် နိုင်တာ၊ အလုပ်တာဝန်ကိုတိတိကျကျ မ လိုက်နာမစွမ်းဆောင်နိုင်တာတွေ ကြုံရ နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာ၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာ၊ စွဲလမ်းမှုပြဿနာစတာ တွေလည်း ဖြစ်နိုင်ပါတယ်။
ရောဂါအမျိုးအစားဘယ်နှမျိုးရှိလဲ
ADHD မှာ အမျိုးအစား သုံးမျိုး ခွဲထားပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း(Inattention)
– အလွယ်တကူစိတ်ပျံ့လွင့်တာ
– စည်းကမ်းတကျမလိုက်နာနိုင်တာ
– လုပ်ငန်းတာဝန်တွေမပြီးတာ
– စကားပြောနေတာကိုနားထောင်နေသ ယောင်မပြတာ
– အာရုံစူးစိုက်မှုမရှိတာ
– သတိလက်မဲ့အမှားတွေပြုလုပ်တာ
– နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့ တာ
– နေ့စဉ်လုပ်နေကျလုပ်ဆောင်စရာတွေ ကို မလုပ်နိုင်တာ
– အငြိမ်ထိုင်ပြီးပြုလုပ်ရမယ့်အလုပ်ကို မလုပ်ချင်တာ
– မကြာခဏပစ္စည်းတွေပျောက်တာ
– စိတ်ကူးယဉ်လွန်တာ

တက်ကြွမှုလွန်ကဲခြင်း (Hyperactivity)
– မငြိမ်မသက်လှုပ်လှုပ်ရှားရှားရှိနေတာ
– ရုတ်တရက်ခုန်လွှား၊ လှုပ်ရွနေတာ
– တိတ်တိတ်ဆိတ်ဆိတ်မကစားနိုင်တာ
– အမြဲတမ်းလှုပ်ရှားနေတာ
– စကားတွေအလွန်အကျွံပြောတာ
– နည်းနည်းလေးမှကို အငြိမ်မနေနိုင်တာ

ထကြွလွယ်ခြင်း (Impulsivity)
– သူရဲ့အလှည့်ကိုရောက်ဖို့မစောင့်နိုင် တာ
– ရုတ်တရက် ပြောချင်ရာကို ပြောချ လေ့ရှိတာ
– သူများတွေကိုကြားဖြတ်တာ၊ အနှောင့် အယှက်ပေးတာ စတဲ့လက္ခဏာတွေကို တွေ့ရှိရနိုင်ပါတယ်။
အရွယ်ရောက်သူတွေမှာတွေ့ရများသော လက္ခ ဏာများ
အသက်အရွယ်ပြောင်းလဲလာတာ နဲ့အမျှ ရောဂါလက္ခဏာတွေဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ADHD ရှိတဲ့အရွယ်ရောက်သူတွေမှာ တွေ့ရများ တဲ့ လက္ခဏာတွေကတော့ –
– Chronic Lateness လို့ခေါ်တဲ့ အမြဲ တမ်းလိုလို အစည်းအဝေး၊ အလုပ်ကို နောက်ကျတာ
– အမြဲတမ်းလိုလိုမေ့လျော့တာ
– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်း တာ
– လုပ်ငန်းခွင်မှာပြဿနာဖြစ်တာ
– ဒေါသကိုမထိန်းချုပ်နိုင်တာ
– ဆူပူထကြွလွယ်တာ
– ဆေးစွဲတာ၊ အရက်စွဲတာ၊ တားမြစ် ဆေးသုံးစွဲတာ
– စည်းစနစ်တကျမရှိတာ
– လုပ်စရာရှိတာကိုမလုပ်ဘဲ အချိန်ဆွဲ လွန်းတာ
– စိတ်ရှုပ်ထွေးလွယ်တာ
– အမြဲတမ်းလိုလိုပျင်းရိငြီးငွေ့နေတာ
– စာဖတ်တဲ့အခါ အာရုံစူးစိုက်နိုင်စွမ်း မ လုပ်နိုင်တာ
– စိတ်အတက်အကျမြန်တာ
– စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ
– Relationship ပြဿနာတွေကြုံရတာ

ADHD ဖြစ်ရခြင်းအကြောင်းများ
ADHD ရောဂါဖြစ်ရတဲ့အကြောင်း ရင်းကို တိတိကျကျမသိနိုင်ပေမယ့် ဖြစ် နိုင်ခြေရှိတဲ့အချက်တွေကို သုတေသန ပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။
အောက်ပါအခြေအနေတွေကြောင့် ADHD ရောဂါဖြစ်နိုင်ပါတယ်။
– မျိုးရိုးလိုက်တာ
– ဦးနှောက်တွင်းဓာတုပစ္စည်းတွေမညီ မျှတာ
– ဦးနှောက်တွင်းအာရုံစူးစိုက်နိုင်စွမ်းကို ထိန်းချုပ်တဲ့နေရာမှာအားနည်းတာ
– သန္ဓေသားလောင်းဘ၀မှာ ကိုယ်ဝန် ဆောင်မိခင်က အစာအာဟာရပြည့်ဝ အောင်မစားတာ၊ ဆေးလိပ်၊ အရက်သုံးစွဲ တာ၊ ဆေးစွဲတာတွေပြုလုပ်တာကြောင့် ကလေးဦးနှောက်ထိခိုက်တာ
– ခဲအဆိပ်သင့်တာ
– ဦးနှောက်အရှေ့ပိုင်း (Frontal Lobe) မှာ ထိခိုက်တာ စတာတွေ ပါဝင် ပါတယ်။
သိထားသင့်သောအချက်များ
သကြားအစားများတာ၊ တီဗီအ ကြာကြီးထိုင်ကြည့်တာ၊ အစားအစာဓာတ် မတည့်တဲ့အလာဂျီရှိတာတွေကြောင့် ADHD ရောဂါ မဖြစ်နိုင်သလို၊ ဆင်းရဲ နွမ်းပါးတာကြောင့်လည်း ADHD ရော ဂါဖြစ်စေမှုနဲ့ ဆက်စပ်မှု မရှိပါဘူး။
ADHD ရောဂါ မဖြစ်အောင် ကာကွယ်ကုသလို့မရပေမယ့် ရောဂါရှိ မှန်းစောစောစီးစီး သိရှိရင် ဒီအတွက် ကု သရေးနည်းလမ်း၊ ပညာသင်ကြားရေးနဲ့ ရောဂါလက္ခဏာတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ADHD ရောဂါရှိပေမယ့် ရောဂါလက္ခဏာတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဘ၀မှာ အောင်မြင်တဲ့သူတွေအဖြစ်ရပ်တည်နေသူတွေလည်း အများအပြားရှိနေပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal