နေ့စဉ် အခွံမာသီးလက်တစ်ဆုပ်စာ စားသုံးပါက အမျိုးသားများ၏ မျိုးပွားစွမ်းရည် ကောင်းမွန်နိုင်

တစ်ရက်လျှင် အခွံမာသီးလက်တစ် ဆုပ်စာကို တစ်နှစ်တိတိစားသုံးပေးပါက အမျိုးသားတွေရဲ့သုက်လွှတ်မှုနှုန်းက မြင့်တက်လာနိုင်တယ်လို့ စပိန်တက္ကသိုလ်တစ်ခုရဲ့သုတေသနသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ အခွံမာသီးက သုက် ပိုးရဲ့လှုပ်ရှားမှု၊ပုံသဏ္ဌာန်နဲ့စွမ်းအင်ပမာ ဏကိုလည်း မြင့်တက်စေနိုင်တာကြောင့် အမျိုးသားတွေရဲ့မျိုးပွားစွမ်းရည်ကို ကောင်းမွန်စေပြီး ကလေးရနိုင်ခြေများ အောင်လုပ်ဆောင်ပေးပါတယ်။ အခွံမာ သီးတွေက အိုမီဂါ-၃ အက်စစ်နဲ့ anti- oxidants  ကြွယ်ဝစွာပါဝင်တာကြောင့် သုက်ပိုးအတွက်အကျိုးရှိစေတယ်လို့ လူ သိများပါတယ်။ စပိန်သုတေသီတွေက ကျန်းမာသန်စွမ်းတဲ့လူငယ် ၁၁၉ ယောက် ကို တစ်နှစ်ကြာအောင် တစ်နေ့ကို အခွံ မာသီးလက်တစ်ဆုပ်စာကျွေးပြီး လေ့ လာစောင့်ကြည့်ခဲ့ရာမှာ သုက်ပိုးအရေ အတွက်က ၁၆ ရာခိုင်နှုန်းမြင့်တက်လာ တာကိုမြင်တွေ့ခဲ့ကြရပါတယ်။ သုက်ပိုး တွေရဲ့လှုပ်ရှားမှုက ၆ ရာခိုင်နှုန်းပို ကောင်းလာသလို သုက်ပိုးတွေရဲ့စွမ်းအင် ကလည်း ၄ ရာခိုင်နှုန်းလောက် မြင့်တက် လာခဲ့ပါတယ်။

◘ (DM,5.7.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *