နေ့စဉ် မိနစ် ၂၀ မျှ ယောဂလေ့ကျင့်ပေးခြင်းဖြင့် အိုမင်းချိန်ထိဉာဏ်ရည်ထက်မြက်နိုင်

မိုင်ယာမီတက္ကသိုလ်ရဲ့လေ့လာချက်အသစ်အရ နေ့စဉ် မိနစ် ၂၀ မျှ ယောဂလေ့ကျင့်ပေးတာက အသက်အရွယ်အိုမင်း လာချိန်ထိ ဉာဏ်ရည်ထက်မြက်လာစေနိုင်တယ်လို့ သိရပါတယ်။ နေ့စဉ်ယောဂလေ့ကျင့်ပေးတာအပြင် လမ်းလျှောက်ပေးတာကလည်း အိုမင်းချိန်ထိ ဉာဏ်ရည်ထက်မြက်နေစေဖို့ အထောက်အကူပြုတယ်လို့ မိုင်ယာမီမေလာဆေးတက္ကသိုလ်မှ သုတေသနဦးဆောင်သူ ဒေါက်တာဂျွိုက်စ်ဂိုမက်စ်အော့စမန်ကဆိုပါတယ်။ သုတေသနလေ့လာမှုမှာ လူပေါင်း ၁၁၀၀၀ ကျော်နဲ့ လေ့လာခဲ့ကြတာဖြစ်ပြီး ယောဂလေ့ကျင့်တာနဲ့ အပေါ့စားလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်မိနစ် ၂၀ ခန့်ပြုလုပ်စေခဲ့တာဖြစ်ပြီး အကျိုးရလဒ် အနေနဲ့နေ့စဉ်နည်းနည်းနဲ့ ပုံမှန်လေ့ကျင့်ခန်းကို ကာလရှည်ကြာစွာ ပြုလုပ်လာခဲ့သူတွေမှာ ဉာဏ်ရည်ပိုင်းဆိုင်ရာ ယုတ်လျော့မှုမရှိဘဲ မူလအတိုင်း ဉာဏ်ရည်ထက်မြက်နေမြဲဖြစ်စေတာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပြီး သွေးလည်ပတ်မှုပုံမှန်ဖြစ်စေကာ ဦးနှောက်တွင်းမှတ်ဉာဏ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေလည်းဖြစ်စေတာကြောင့် အသက်အရွယ်အိုမင်းချိန်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့တဲ့မှုဖြစ်စဉ်တွေ ဖြစ်နိုင်ခြေနည်းပါးလာစေတာဖြစ်တယ်လို့ ဒေါက်တာအော့စမန်က ပြောကြားသွားခဲ့ပါတယ်။

◘ (DM,31.5.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *