ဒေါသကို မထိန်းချုပ်နိုင်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်များ

ဒေါသထွက်တာဟာ အပေါ်ယံစိတ်ခံစားမှုသက်သက်တစ်ခုလို့ ထင်ရပေမယ့် ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ တချို့ တွေက လက်သုံးစကားအဖြစ် ပြောတတ်ကြတာက “ငါက ဒေါသထွက်လာရင် လူ ပါ သတ်ချင်လာတာ၊ ဒေါသထွက်လာရင် မရဘူးနော်၊ ငါက ဒေါသသိပ်ကြီးတာ” ဒါ တွေက ဂုဏ်ယူပြီး ပြောနေရမှာမျိုး မဟုတ်ပါဘူး။ သင်က ဒေါသကြီးသူတစ် ယောက်ဖြစ်နေပြီဆိုရင်တော့ ရောဂါတွေကို လက်ယပ်ဖိတ်ခေါ်နေသူဖြစ်နေပြီဆို တာ မမေ့လိုက်ပါနဲ့။

နှလုံးရောဂါ
လေ့လာမှုပေါင်းများစွာအရ စိတ် တို ဒေါသဖြစ်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်မားပြီး နှလုံးတိုက်ခိုက် ခံရနိုင်ခြေ မြင့်မားတယ်ဆိုတာကို တွေ့ ရှိခဲ့ပါတယ်။

ဆက်ဆံရေးအဆင်မပြေခြင်း
စိတ်ဆိုးနေချိန်မှာ ချစ်တဲ့သူနဲ့ စကားပြောရင်တောင် အဆင်မပြေဖြစ် နိုင်ပါတယ်။ စိတ်က အထိခိုက်မခံ ဖြစ်လာတတ်ပြီး နှစ်ဦးကြားက ဆက် ဆံရေးကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကြောင့် ဒေါသဖြစ်နေချိန်မှာ ချစ်ခင်သူ နဲ့တောင် ငြင်းခုန်ပြီး မပြောမိအောင် ရှောင်လိုက်တာ၊ တိတ်ဆိတ်တဲ့နေရာမှာ နေလိုက်တာတွေ လုပ်နိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ
ဒေါသကြောင့် အမျိုးအစား ၂ ဆီး ချိုရောဂါဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းရှိတယ် လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါ ကြောင့် ဒေါသကို အတတ်နိုင်ဆုံး ထိန်း နိုင်အောင် ကြိုးစားဖို့လိုပါတယ်။အဆုတ်ထိခိုက်ခြင်း
အမျိုးသား ၇၀၀ နီးပါးမှာ လေ့လာမှု ပြုခဲ့ရာမှ ဒေါသထွက်နေချိန်တွင် အဆုတ် ကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါသထွက်တာကြောင့် အဆုတ်ထဲကို ရောဂါပိုးဝင်ရောက်နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။ အ သက်ကြီးသူမှာ ပိုဖြစ်နိုင်ကြောင်းလည်း သိရပါတယ်

သွေးဖိအားတက်ခြင်း

ဒေါသထွက်ချိန်မှာ သွေးပေါင်တွေ ရုတ်တရက်တက်လာနိုင်ကြောင်းကို လေ့လာမှုများစွာမှာ တွေ့ရှိခဲ့ပြီးဖြစ်ပါ တယ်။ စိတ်ဆိုးဒေါသထွက်ချိန်မှာ စိတ် ဖိစီးမှုနဲ့အတူ သွေးဖိအားတွေပါ တိုးလာ နိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေ အနေနဲ့ ဒေါသကို ထိန်းချုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

အရေပြားပြဿနာများ

အရေပြားမှာ အနီပိမ့်တွေထွက်လာ တာ၊ နှင်းခူလို အဖြူကွက်တွေဖြစ်လာတာ မျိုးက စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု၊ ပင်ပန်း နွမ်းနယ်မှု၊ စိတ်အလိုမကျဖြစ်မှုတွေနဲ့ ၂၀ ရာခိုင်နှုန်း ဆက်စပ်မှုရှိပြီး ဒါတွေဖြစ် ရတာရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဒေါသဖြစ်တာကြောင့် ၆၈ ရာခိုင်နှုန်း အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ခေါင်းကိုက်ခြင်

ဒေါသ အရမ်းထွက်နေတဲ့အချိန်မှာ ဦးနှောက်ကနေ ကော်တီဇောဟော်မုန်း ထွက်ရှိလာပြီး အဲဒီဟော်မုန်းက ဦး နှောက်တွင်းအောက်ဆီဂျင်ရရှိမှုကို ကန့် သတ်လိုက်တာကြောင့် ဖိအားသက် ရောက်မှုတွေဖြစ်စေပြီး ခေါင်းကိုက်လာ ရတာဖြစ်ပါတယ်။

စိတ်ကျခြင်း
ဒေါသထွက်တာကြောင့် အပြု သဘော ဆောင်တဲ့အတွေးအခေါ်တွေကို တွေးတောမိစေပြီး စိတ်အလိုမကျဖြစ်မှု တွေများလာလို့ အများနဲ့ဆက်ဆံဖို့ဝန် လေးကာ အထီးကျန်ဆန်လာတတ်ပါ တယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *