AHA (alpha hydroxy acid) နဲ့ BHA (beta hydroxy acid) ဆိုတာ အက်စစ်အမျိုးအစား ဖြစ်ပါတယ်။ သူတို့ကို မျက် နှာသစ်ဆေး၊ တိုနာ၊ အစိုဓာတ်ထိန်းခရင်မ်၊ ဆဲလ်သေဖယ်ရှားတဲ့ Scrub အမျိုးမျိုး၊ Peel အမျိုးမျိုး၊ မျက်နှာကပ်တဲ့ Masks တွေမှာ ထည့်သွင်းထုတ်လုပ်တာကိုတွေ့ရပါတယ်။ ဒီနေ့ခေတ် မှာ အလှကုန်မျိုးစုံက အလုံးအရင်း ဝင်ရောက်လာပြီး အသုံးပြုပုံ မမှန်ကန်ရင် အရေပြားကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အက်စစ်အခြေခံထုတ်လုပ်ထားတဲ့ အလှကုန်တွေကို နည်းမှန် လမ်းမှန်အသုံးပြုဖို့လိုပါတယ်။
Safety Tips
– AHA နဲ့ BHA ရဲ့ ရည်ရွယ်ချက်က ဆဲလ်သေတွေရှိတဲ့ အရေပြားကို ပြောင်စင်အောင်လုပ်ပေးတာပါ။ ပါဝင်တဲ့ ဆေးပမာဏပေါ်မူတည်ပြီး အရေပြားပေါ်ရှိတဲ့ ဆဲလ်သေ တွေကိုဖယ်ရှားမှာလား၊ အပေါ်ယံအရေပြားတစ်ခုလုံးကို ဖယ်ရှားပစ်မှာလားဆိုပြီး ကွဲပြားသွားပါတယ်။
– AHA အမျိုးအစားအနွယ်ဝင်တွေထဲမှာ ဂလိုင်ကောလစ် အက်စစ် (Glycolic)၊ လက်တစ်အက်စစ် (Lactic)၊ တာ တာရစ်အက်စစ်(Tartaric) တွေပါဝင်ပါတယ်။
– AHA နဲ့ BHA က အရေပြားရောင်ရမ်းတာ၊ ဝက်ခြံ၊ ချွေး ပေါက်ကျယ်တာ၊ ချွေးပေါက်ပိတ်တာ၊ အသားရောင် မညီ တာ၊ အရေးကြောင်း၊ အမာရွတ်တွေကို သက်သာစေနိုင်ပါ တယ်။
– AHA ကို အရေပြားအမျိုးမျိုးအတွက် သင့်တော်တယ်လို့ ပြောတတ်ပေမယ့် အသားခြောက်တတ်သူတွေနဲ့ Sensitive Skin (ထိရှလွယ်တဲ့အသားအရေ) ရှိသူတွေအနေနဲ့ ကတော့သတိထားပြီး အသုံးပြုရပါမယ်။
– BHA ကို ဝက်ခြံနဲ့ နေလောင်ဒဏ်အတွက် အဓိက အသုံး ပြုပါတယ်။ မျက်နှာပြင်ပေါ်က အဆီတွေ ဖယ်ရှားပေးပြီး ချွေးပေါက်မပိတ်အောင်လုပ်ပေးပါတယ်။ ပေါင်းစပ်အသား အရေရှိသူ၊ အဆီပြန်တဲ့အသားအရေရှိသူတွေအတွက် သင့်တော်ပါတယ်။ Sensitive Skin (ထိရှလွယ်တဲ့အသား အရေ)ရှိသူတွေအနေနဲ့ BHA ကို ပြင်းအား Concentration မများတာ အသုံးပြုနိုင်ပါတယ်။
– အက်စစ်အမျိုးအစားတွေဖြစ်တာကြောင့် Safe အဖြစ်ဆုံး ကတော့ တစ်ပတ်ကို သုံးကြိမ်ထက်ပိုပြီး အသုံးမပြုသင့်ပါ ဘူး။ အသက်နှစ်ဆယ့်ငါးနှစ်အောက် အသုံးမပြုသင့်ပါဘူး။
– အသုံးပြုပြီး အရေပြားယားယံတာ၊ ရောင်ရမ်း၊ နီမြန်းတာ ဖြစ်ရင် ဆက်အသုံးမပြုပါနဲ့။ အသုံးပြုပြီး နေရောင်အောက် သွားတာရှောင်ပါ။ အသားအရေကို နှစ်ဆ၊ သုံးဆပိုပြီး ထိခိုက်ပျက်စီးစေပါတယ်။
Darliko