AIDS ရောဂါရှိသူတွေ မျက်စိမထိအောင်ဘယ်လိုကာကွယ်သင့်လဲ

AIDS ရောဂါရှိသူတွေ မျက်စိကို ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်သလဲ ဆရာ။
AIDS ရောဂါရှိသူတွေမှာCD4 Count က ၅၀ အောက်ဆိုရင် မျက်စိထဲ ကို ရောဂါပိုးကျရောက်နိုင်တဲ့ အခွင့်အ လမ်းက များပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကလည်း ရှင်းပါတယ်။ ခုခံအားကျတဲ့သူမှန်သမျှ  AIDS ရောဂါရယ်မှ မဟုတ်ပါဘူး၊ ဘယ် လိုရောဂါကြောင့်ပဲဖြစ်ဖြစ် အာဟာရချို့ တဲ့လို့ပဲဖြစ်ဖြစ်၊ နာတာရှည် အရက်စွဲတာ (Chronic Alcoholism)ကြောင့်ပဲဖြစ် ဖြစ် ခန္ဓာကိုယ်ခုခံအားကျသွားရင် ပတ် ၀န်းကျင်မှာ ရှိနေတဲ့ရောဂါပိုးတွေ ကျ ရောက်လွယ်တတ်ပါတယ်။ AIDS ဆိုတာ နာမည်ကိုက ခုခံအားကျဆင်းမှု ရောဂါဆိုတော့ တစ်ကမ္ဘာလုံးမှာ တွေ့ရှိ ချက်အရ CD4 ပမာဏ ၅၀ ထက် လျော့ နည်းတယ်ဆိုရင် မျက်စိထဲ ရောဂါပိုးဝင် ရောက်နိုင်ခြေက များတယ်လို့ လက်ခံ ထားကြပါတယ်။

မျက်စိကို ဘယ်လိုရောဂါပိုးတွေ အများ ဆုံး ကျရောက်နိုင်ပါသလဲ ဆရာ။
ရောဂါပိုး အကုန်လုံးကျရောက်နိုင် ပါတယ်။ အများဆုံးကျရောက်နိုင်တာက တော့ Cytomegalovirus, Crypto-coccus, Candida နဲ့ Herpes ဆိုတဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။ Cytomega-lovirus ကြောင့် မျက်စိအာရုံခံလွှာ (Retina) မှာ အများဆုံး ထိခိုက်ပြီး မျက် စိအာရုံခံလွှာရောင်ရမ်းမှု (CMV Retinitis) ဖြစ်နိုင်ပါတယ်။ Cytomega-lovirus ကြောင့်လည်း မျက်စိအာရုံခံလွှာ ရောင်နိုင်ပါတယ်။ ပြီးတော့ Candida (မှက်ခရု)နဲ့ Herpes(ရေယုန်)လည်း ဖြစ် နိုင်ပါတယ်။ ဒီအထဲမှာ အဖြစ်အများဆုံး ကျရောက်တဲ့ ရောဂါပိုးတွေက Cytome-galovirus ပဲ ဖြစ်ပါတယ်။ ပြီးရင် ဒုတိယ အများဆုံးအနေနဲ့ Cryptococcus နဲ့ Candida ပိုးတွေ ကျရောက်တာကို တွေ့ရပါတယ်။ ဒါတွေအပြင် Pneumocystic Carini ဆိုတဲ့ ရောဂါပိုးတွေ ကျ ရောက်တာကို တွေ့ရပါတယ်။ ဆရာတို့ မြန်မာလူမျိုးတွေ အဖြစ်အများဆုံး တီဘီ ရောဂါပိုးကလည်း AIDS ရောဂါနဲ့ အမြဲ တွဲနေတာကို တွေ့ရပါတယ်။ ဒါကြောင့် AIDS ရောဂါသည်တွေရဲ့ မျက်လုံးမှာ တီဘီကြောင့်ဖြစ်တဲ့ ဝေဒနာတွေ ဖြစ်နေ တာကို အတွေ့ရများပါတယ်။

AIDS ရှိသူတွေမှာ မှိုပိုးကျရောက်နိုင်ခြေ များလား ဆရာ။
မှိုပိုးကျရောက်တာကြောင့် မျက်စိ ကွယ်နိုင်ပါတယ်။ မျက်စိကွယ်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ မျက်စိ အာရုံခံလွှာမှာ စောစောကပြောတဲ့ Cytomegalovirus, Cryptococcus နဲ့ Candida ပိုးတွေ ကျရောက်ပြီး ရောင်ရမ်းမှု နဲ့ တွဲဖြစ်ရာက မျက်စိအာရုံခံလွှာတစ်ခု လုံး ထိခိုက်ပျက်စီးသွားတာကြောင့် ဖြစ်ပါတယ်။ AIDS ရောဂါရှိသူတွေမှာ Candida မှိုပိုး ကျရောက်နိုင်ခြေရှိသလို ကိုယ်ခံအားကျတဲ့ ဆီးချိုသွေးချိုရောဂါ သည်တွေမှာလည်း ဒီမှိုပိုး ကျရောက် တတ်ပါတယ်။ ဆီးချိုရောဂါသည်တွေ အာဟာရချို့တဲ့နေတဲ့သူတွေနဲ့ အထူး ကြပ်မတ်ကုသဆောင်ထဲက ကလေးတွေ မှာလည်း ကန်ဒီဒါမှိုပိုး ကျရောက်တတ် ပါတယ်။
မျက်ကြည်လွှာမှာလည်း ရောဂါပိုး ကျရောက်တတ်ပေမယ့် မျက်စိအာရုံခံ လွှာမှာ ရောဂါပိုးကျရောက်မှုက ပိုးများပါ တယ်။ မျက်ကြည်လွှာမှာ Cytomega-lovirus ပိုးကျရောက်တဲ့ CMV Endothelitis ကို အခုနောက်ပိုင်းမှာ အတော် လေးတွေ့လာရပါတယ်။ ပြီးတော့ မျက်စိ သူငယ်အိမ်ရောင်တာ (Uvetitis) ဖြစ် နိုင်ပါတယ်။
အခုပြောတဲ့ အကြောင်းတွေအား လုံးက မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမဲ့ AIDS ကြောင့် မျက်စိကွယ်စေတဲ့ အများဆုံး အကြောင်းအရာက မျက်စိ အာရုံခံလွှာ ထိခိုက်မှုကြောင့်ပဲ ဖြစ်ပါတယ်။
တစ်ခါတလေကျရင် လူနာက ဘာ မှမဟုတ်ဘူးလို့ ထင်တတ်တာတစ်ခုက မျက်ခွံကConjunctiva မှာ Kaposi’s Sarcoma ဆိုတဲ့ ၀ိုင်းဝိုင်းနီနီ အလုံးလေး တွေ့ရတတ်တယ်။ ဒါက Subconjunctival Haemorrahge နဲ့ မှားတတ် တယ်။ တကယ်တမ်း သေချာကြည့်ရင် ၀ိုင်းဝိုင်းနီနီလေး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို လူနာတွေကတော့ ဆရာတို့ ဆီလာပြတာ နည်းတယ်။ ဆရာတို့ဆီ လာပြတာက မျက်စိအာရုံခံလွှာရောင်လို့ လာပြတာပဲ များပါတယ်။

ART ဆေးသောက်ရင် မျက်စိထဲ ပိုးဝင် နိုင်ခြေ လျော့နည်းနိုင်လား ဆရာ။
ART ဆေးသောက်လိုက်လို့ CD4 Count တက်လာပြီဆိုရင် မျက်စိထဲ ရောဂါပိုး ၀င်နိုင်ခြေက နည်းသွားပါတယ်။ ဆေးသောက်တဲ့ အကျိုးကျေးဇူးကြောင့် အထွေထွေ ခန္ဓာကိုယ်ခုခံအား ကောင်း လာတယ်ဆိုရင် မျက်စိထဲ ပိုးဝင်နိုင်ခြေ ကလည်း နည်းသွားပါတယ်။

AIDS ရောဂါရှိမှန်း မသိဘဲ ဆရာတို့ဆီ လာပြတာမျိုးတွေကော ကြုံရလား ဆရာ။
မျက်စိမှာ ရောဂါပိုးဝင်ရောက်မှ ကိုယ့်မှာ AIDS ရှိနေမှန်း သိသူတွေ အ များကြီးရှိပါတယ်။ သူ့ပုံကလည်း AIDS ရှိတဲ့ပုံမဟုတ်ဘူး။ ခန္ဓာကိုယ် တည်ဆောက် ပုံကလည်း သန်သန်မာမာပဲ။ ရုပ်ရည်က လည်း သန့်ပြန့်မှုရှိတယ်။ ပညာတတ်၊ ကျန်းကျန်းမာမာပဲ။ ဒါပေမဲ့ မျက်စိမှာ ပိုးကျရောက်နေတော့ ဆရာတို့က သံသယ ၀င်ပြီး HIV ပိုး စစ်ခိုင်းလိုက်တယ်။ စစ် တော့ ရှိနေတယ်။ ဒါမျိုးတွေက အများ ကြီးပဲ။ အဲဒီအခါ ကျွန်တော့်မှာ မဖြစ်နိုင် ဘူးဆိုပြီး လက်မခံဘူး။ ဒါပေမဲ့ စစ်ဆေး ချက်အဖြေအရ ပိုးရှိနေတယ်။ ဒါကြောင့် သက်ဆိုင်ရာဆရာဝန်ကို လွှဲလိုက်ရတာ တွေလည်း ရှိပါတယ်။

AIDS ရှိသူတွေကို ကုသရာမှာ မရှိသူ တွေနဲ့ အတူတူပါပဲလား ဆရာ။
AIDS ရောဂါရှိသူနဲ့ တခြားသာမန် လူနာတွေကို မျက်စိကုသမှုပေးတဲ့အခါ ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ တစ်ခုရှိတာက AIDS ရှိသူတွေမှာ ART ကုထုံးအပြင် မျက်စိအတွက် ရောဂါဝေဒနာအပေါ် မူတည်ပြီး သက် ဆိုင်ရာကုသမှုကို ပေးရပါတယ်။ မျက် စဉ်းဆေးလည်း ပေးရပါတယ်။ ထိုးဆေး ပေးရတာလည်း ရှိပါတယ်။

AIDS ရှိသူတွေ မျက်စိရောဂါ မဖြစ် အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။
AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် CD4 Count ၅၀ အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အ တွက်CD4 Count ၅၀ အောက်မကျ သွားအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ သမားတော်နဲ့တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်း နေအောင် နေထိုင်တည်ဆောက်ပေးနေ ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေ မယ်ဆိုရင်တော့ ရောဂါပိုးတွေ မကျ ရောက်နိုင်တော့ပါဘူး။ CD4  အရေအ တွက်ကို တက်အောင် ကြိုးစားပြီး ကိုယ် ခံအားတက်အောင် လုပ်မယ်ဆိုရင် ရော ဂါပိုးကျရောက်နိုင်ခြေက နည်းသွားပါ တယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ကော သက် ဆိုင်မှုရှိလား ဆရာ။
တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်း တဲ့သူတွေမှာတော့ ရောဂါပိုးကျရောက်နိုင် တယ်ဆိုတဲ့ လူတိုင်းလက်ခံထားတဲ့ အချက် ပဲဖြစ်ပါတယ်။AIDS ရှိသူတွေမှာ တစ် ကိုယ်ရေသန့်ရှင်းရေးက အားနည်းတယ် ဆိုရင် ရောဂါပိုးကျရောက်နိုင်တဲ့ အချက် က ပိုများသွားလိမ့်မယ်လို့ ယူဆရပါတယ်။AIDS ရှိပြီး ART  ဆေးကို ပုံမှန်မှီဝဲတဲ့ သူက တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ကောင်းတယ်ဆိုရင် ရောဂါပိုး ကျရောက် နိုင်ခြေက နည်းနေမှာပါ။

AIDS ရှိသူတွေကို လိုအပ်တဲ့ အကြံပြု ချက်တွေကို ပြောပြပေးပါဆရာ။
AIDS ဆိုတာ တကယ်တော့Burge Phenomenon ဖြစ်နေပါတယ်။ ပင်လယ်ပြင်မှာငုပ်နေတဲ့ ရေခဲတုံးထိပ်ဖျား ကိုပဲ တွေ့ရပြီး အောက်မှာ ဘယ်လောက် ရှိသလဲဆိုတာ မသိသေးပါဘူး။ ဒီတော့ ဒါကြီးတစ်ခုလုံးကို ဖော်ထုတ်ပြီး သိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုဆို မင်္ဂလာဒုံ၊ ဝေဘာဂီနဲ့ သာကေတမှာ AIDS အထူးကုဆေးရုံတွေ တည်ဆောက် ထားပါတယ်။ ဒါ့အပြင်NGO တွေက လည်း အများကြီး ကူညီကြပါတယ်။ အားလုံးဝိုင်းဝန်းပြီး AIDS ဝေဒနာရှင် တွေကို ကူညီနေကြပါတယ်။ ပေါင်းစပ် ညှိနှိုင်းမှုကောင်းနေသမျှ ပိုပြီး Target ကို ရမှာပဲဖြစ်ပါတယ်။ လူနာတွေဘက်က လည်း AIDS ဆေးစစ်ချက်အဖြေကို ရ လာတဲ့အခါမှာလည်း လက်ခံသင့်ပါတယ်။

◘ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *