ခြေထောက်သွေးကြော ဖောင်းတွန့်မှုအတွက် လေ့ကျင့်ခန်း

သင့်ခြေထောက်ရဲ့ သွေးကြောတွေက ဖောင်းကားပြီးတွန့်ခေါက် (Varicose vein)နေရင် ဆရာဝန်က သင့်ကို လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

လေ့ကျင့်ခန်းပြုလုပ်တာက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ကိုယ်အလေးချိန်ရရှိအောင် ကူညီနိုင်ပြီး သွေးကြောရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာသွား နိုင်ပေမယ့် တချို့လေ့ကျင့်ခန်းတွေကြောင့် သွေးကြောရောင်ရမ်းတာ ပိုမိုဆိုးရွားနိုင်ပါတယ်။

ဥပမာအားဖြင့် အလေးမလေ့ကျင့်ခန်းက ခြေထောက်က သွေးတွေ နှလုံးထဲ ပြန်ဝင်ဖို့ ဟန့်တားထားလိုက်တာကြောင့် ခြေထောက်မှာ သွေးတွေ စုပုံလာတဲ့အတွက် သွေးကြော ပျက်စီးနိုင်ပါတယ်။

ခြေထောက်သွေးပြန်ကြောဖောင်းကားတွန့်ခေါက်တာကို ဆေးဝါးအကူအညီမပါဘဲ လုံးဝပျောက်ကင်းအောင် မပြုလုပ်နိုင်ပေမယ့် အောက်ဖော်ပြပါလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ် တာကြောင့် ရောဂါ ပိုမိုမဆိုးရွားအောင် ကာကွယ်နိုင်ပါတယ်။

~ စက်ဘီးစီးလေ့ကျင့်ခန်း ~
စက်ဘီးစီးတာက ခြေသလုံးကြွက်သားတွေကို လှုံ့ဆော်မှုပေးကာ သွေးစီးဆင်းမှုရဲ့ Direction မှန် ကန်စေနိုင်ပါတယ်။ သင့်မှာ စက်ဘီးမရှိရင် ဒါမှမ ဟုတ် မိုးရွာနေလို့ စက်ဘီးထွက်င်္စီးဖို့ အဆင်မပြေ ဖြစ်နေရင် အိမ်မှာ အောက်ပါအတိုင်း ပြုလုပ်ပါ။

ပြုလုပ်နည်း
– ခြေထောက် ၂ ချောင်းကို လေထဲမှာ ၉၀ ဒီဂရီ မြှောက်ပြီး ပက်လက်အိပ်ပါ။
– ဘယ်ဘက်ခြေထောက်ကိုကွေးလိုက်ပြီး ညာခြေထောက်ကို ဖြည်းဖြည်းချင်းကန်ထုတ် လိုက်ပါ။
– ညာခြေထောက်ကို မူလနေရာ ပြန်ထားပြီး နောက်တစ်ဖက်ကို ပြောင်းလုပ်ကာ စက်ဘီး နင်းတဲ့ပုံစံ ဆက်တိုက်လုပ်သွားပါ။

~ ခြေထောက်မြှောက်လေ့ကျင့်ခန်း ~

ဒီလေ့ကျင့်ခန်းက ရိုးရှင်းပြီး ဘာကိရိယာမှ မလိုအပ်ပါဘူး။ နေ့စဉ် ပုံမှန်ပြုလုပ်ပေးရင် သွေး ပြန်ကြောအတွင်း သွေးလှည့်ပတ်မှုကောင်းမွန်နိုင် ပါတယ်။

ပြုလုပ်နည်း
– ခြေထောက်ဆင်းပြီး ပက်လက်အိပ်ပါ။
– ခြေထောက်တစ်ဖက်ကို ၉၀ ဒီဂရီမြှောက်ပြီး လေထဲမှာ စက္ကန့် အနည်းငယ်ထားပါ။
– နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။
– ၁၂ ကြိမ်စီ ပြုလုပ်ပေးပါ။

~ Lunges လေ့ကျင့်ခန်း ~

ဒီလေ့ကျင့်ခန်းက ခြေထောက်ကြွက်သားတွေ ကို လေ့ကျင့်ပေးတာကြောင့် နှလုံးအတွင်း သွေး ရောက်ရှိမှု ပိုပြီးများပြားနိုင်ပါတယ်။

ဒါကြောင့် နှလုံးအလုပ်ပိုလုပ်ရတဲ့အတွက် သွေးပြန်ကြောသန်မာနိုင်ပါတယ်။

ပြုလုပ်နည်း
– လက်နှစ်ဖက်ကို ခါးမှာထောက်ထားပြီး မတ် မတ်ရပ်ပါ။
– ဘယ်ခြေထောက်ကို ရှေ့တစ်လှမ်းတိုးပါ။
– မျက်စိက ရှေ့တည့်တည့်ကို ကြည့်ကာ ခါး မတ်မတ်ထားပြီး ဘယ်ဘက်ဒူးခေါင်းကို ကွေး လိုက်ပါ။
– ဘယ်ဒူးခေါင်းကို ၉၀ ဒီဂရီရောက်တဲ့အထိကွေး ပြီး ၁၀ စက္ကန့်လောက် ထားပါ။
– မူလနေရာကို ပြန်နေပြီး နောက်တစ်ဖက် ပြောင်းလုပ်ပါ။
– ၁၂ ကြိမ်စီ ပြုလုပ်ပေးပါ။

~ ခြေသလုံးကြွက်သားမြှင့် လေ့ကျင့်ခန်း ~

ခြေသလုံးကြွက်သားသန်မာပြီး သွေးလှည့် ပတ်မှုကောင်းမွန်နိုင်ပါတယ်။

ပြုလုပ်နည်း
– မတ်မတ်ရပ်ပါ။
– ဖြည်းဖြည်းချင်း ခြေဖျားထောက်ပါ။
– ခြေချောင်းကို ကြမ်းပြင်ပေါ်ပြန်ချပြီး ခြေဖ နောင့်မြှောက်ပါ။
– သင်ခံနိုင်ရည်ရှိသလောက် ကြိမ်ရေများများ လုပ်ပေးပါ။

~ ခြေလွှဲလေ့ကျင့်ခန်း ~

ခြေသလုံးမြှင့်လေ့ကျင့်ခန်းနဲ့ ဆင်တူပြီး ဒီ လေ့ကျင့်ခန်းကတော့ တစ်ဆင့်ပိုလုပ်ရပါတယ်။ သူ က ကိုယ်ဟန်ချက်ထိန်းဖို့လည်း အထောက်အကူ ရပါတယ်။

ပြုလုပ်နည်း
– မတ်မတ်ရပ်ပါ။
– ဖြည်းဖြည်းချင်း ခြေဖျားထောက်ပါ။
– ခြေချောင်းကို ကြမ်းပြင်ပေါ်မှ မြှင့်တင်ပြီး ခြေ ဖနောင့်နဲ့ကြမ်းပြင်ကို ထိပါ။
– ခြေဖျားထောက်လိုက် ခြေထောက်ကို ကြမ်း ပြင်ပေါ်က မçလိုက်နဲ့ ခြေလွှဲသလိုမျိုး လေ့ ကျင့်ခန်းအကြိမ် ၂၀ လောက် ပြုလုပ်ပါ။

~ ခြေချောင်းကော့ လေ့ကျင့်ခန်း ~

ဒီလေ့ကျင့်ခန်းကိုတော့ အလုပ်အတွင်း ခဏ နားနေချိန်၊ ခရီးသွားနေချိန် ဒါမှမဟုတ် အချိန်အ ကြာကြီး စောင့်ဆိုင်းနေရချိန်တွေမှာ ပြုလုပ်နိုင်ပါ တယ်။

ကြမ်းပြင် ဒါမှမဟုတ် ဖျာတစ်ချပ်ပေါ်မှာ ခြေ ဆင်းပြီး ထိုင်ကာ ပြုလုပ်ရပါမယ်။

ပြုလုပ်နည်း
– ခြေချောင်းတွေကို အရှေ့သို့ ဆန့်ထုတ်နိုင်သ လောက် ဆန့်ထုတ်ပါ။ ပြီးရင် နောက်ဘက်သို့ ပြန်ကော့ပါ။
– စည်းချက်ညီညီနဲ့ အကြိမ် ၂၀ စီ ပြုလုပ်ပါ။

~ ခြေထောက်မြှင့် လေ့ကျင့်ခန်း ~

သင့်မှာ ခြေထောက်သွေးပြန်ကြောဖောင်းတွန့် ရောဂါ ရှိနေရင် ဆရာဝန်က သင့်ခြေထောက်ကို နှလုံးအဆင့်ထက် မြင့်နေအောင် မြှောက်ထားခိုင်း ပါလိမ့်မယ်။

ဒီလိုပြုလုပ်တာကြောင့် ခြေထောက်ဖောရောင် တာ ဒါမှမဟုတ် ကိုက်ခဲတာ သက်သာသွားပြီး ခန္ဓာ ကိုယ်ရဲ့ တခြားနေရာတွေကို သွေးရောက်ရှိမှု ကောင်းမွန်နိုင်ပါတယ်။

ပြုလုပ်နည်း
– ကြမ်းပြင် ဒါမှမဟုတ် အိပ်ရာပေါ်မှာ ပက်လက် အိပ်ပါ။
– ခြေထောက်နှစ်ချောင်းကို လေထဲမှာ ဒါမှမ ဟုတ် နံရံတစ်ခုကို ကပ်ပြီး ထောင်ထားပါ။
– ဒီအနေအထားအတိုင်း မိနစ်အနည်းငယ် ထားပြီး ခြေထောက်ကို ကြမ်းပြင်ပေါ် ပြန်ချ ပါ။

TIPS!

– သင့်ခြေထောက်ကို ရေအေးအေးနဲ့ ဆေး ကြောပါ။

– ရေအေးနဲ့ ရေချိုးတာက သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်တာကြောင့် သွေးပြန်ကြောအတွင်း သွေးစုဆောင်းမှု လျော့နည်းစေနိုင်ပါတယ်။ သွေး ပြန်ကြောမှာ သွေးတွေ စုဆောင်းနေရင် သွေးကြော ဖောင်းကြွလာပြီး အရေပြားအောက်မှာ အတိုင်းသား မြင်တွေ့ရနိုင်တာကြောင့် ရေအေးနဲ့ နေ့စဉ် ရေချိုး တာက သွေးပြန်ကြောဖောင်းတွန့်မှု လျော့နည်း အောင် ကူညီနိုင်ပါတယ်။

– သွေးစီးဆင်းမှုကောင်းမွန်တဲ့အတွက် နှလုံး သွေးကြောကျန်းမာရေးလည်း ကောင်းမွန်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal