ခြေထောက်လေ့ကျင့်ခန်းများက ဦးနှောက်နှင့်အာရုံကြောစနစ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်

ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကျန်းမာရေးအတွက် လေ့ လာမှုတွေပြုလုပ်ခဲ့ရာမှာ ခြေထောက်လေ့ကျင့်ခန်းတွေကလည်း အကျိုးပြုစေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလာနိုတက်္ကသိုလ်က ဒေါက်တာရာဖယ်လာအဒါမီဦးဆောင်တဲ့ သုတေသနအဖွဲ့ရဲ့လေ့လာချက်အရ ခြေထောက်လှုပ်ရှားမှု တွေ၊ ခြေထောက်လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေမှာ ဦးနှောက် နဲ့ အာရုံကြောစနစ်ကျန်းမာရေးအတွက် အကျိုးပြုပြီး အိပ်ရာ ပေါ်ကာလကြာလဲလျောင်းနေရတဲ့လူနာတွေ၊ ခရီးဝေးသွားသူ တွေနဲ့ အာကာသယာဉ်မှူးတွေမှာ ခြေထောက်ပိုင်းလှုပ်ရှားမှုနဲ့ လေ့ကျင့်မှုတွေနည်းပါးလာတာကြောင့် ကြွက်သားထုလျော့နည်း လာရုံမျှမက ခန္ဓာကိုယ်တွင်းဓာတုပြောင်းလဲမှုကြောင့် ဦးနှောက် နဲ့အာရုံကြောမှာပါ ထိခိုက်မှုဖြစ်လာစေတယ်လို့ သိရပါတယ်။ ခြေ ထောက်လေ့ကျင့်ခန်းပြုလုပ်ဖြစ်စေဖို့အတွက် လမ်းလျှောက်တာ၊ ပြေးတာ၊ လှေကားအတက်အဆင်းလုပ်ပေးတာတွေပြုလုပ်ပေး နိုင်ပြီး ဒီလေ့ကျင့်ခန်းတွေကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုသွက်လက် ကျန်းမာစေရုံမျှမက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုပါ ကျန်း မာစေတယ်လို့ ဒေါက်တာရာဖယ်လာက ပြောသွားခဲ့ပါတယ်။

◘ (DM, 7.6.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *