အရက်နဲ့ ဓာတ်မတည့် ကြောင်း ဘယ်လိုသိနိုင်မလဲ

အရက်ကို တန်ဆေး၊ လွန်ဘေးလို့ တချို့လူတွေက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ လူတချို့မှာတော့ တန်ဆေးပမာဏ တောင် သောက်လို့မရတာရှိပါတယ်။ အရက်လေး နည်းနည်းဝင်သွားတာနဲ့ ချက်ချင်းဆိုသလိုပဲ နေလို့ထိုင်လို့မ ကောင်းဖြစ်တာ၊ နှာစေးလာတာ၊ အရေ ပြားနီမြန်းလာတာတွေ ဖြစ်လာတတ်ပါ တယ်။ သင်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း တွေမှာလည်း ဒီလိုအဖြစ်မျိုး ကြုံဖူးမှာ ပါ။ ဒီလိုဖြစ်တတ်တဲ့သူတွေကို အရက်နဲ့ အလာဂျီရှိတယ်လို့ ဆိုနိုင်ပါတယ်၊ Alcohol intolerance လို့ခေါ်ပါတယ်။
Alcohol intolerance ရှိတဲ့သူ တွေ အရက်သောက်မိတဲ့အခါ –

(၁) မျက်နှာအရေပြားနီမြန်းလာတာ
(၂) ပူစပ်ပူလောင်ဖြစ်နေတာ
(၃) နှာစေးတာ
(၄) ခေါင်းကိုက်တာ
(၅) ရင်ပူတာ
(၆) အင်ပြင်တွေထွက်လာတာ
(၇) အဖုအပိမ့်တွေထွက်တာ
(၈) နှလုံးခုန်နှုန်းမြန်လာတာ
(၉) သွေးပေါင်ချိန်ကျတာ
(၁၀) ဗိုက်အောင့်တာ
(၁၁) ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
(၁၂) အသက်ရှူကျပ်တာ
(၁၃) အော့အန်တာ
(၁၄) သတိမေ့လဲကျတာတွေ ဖြစ်တတ် ပါတယ်။

ပန်းနာရင်ကျပ်ရှိတဲ့သူမှာ Alcohol intolerance ပါရှိနေရင် အသက်ရှူ ပိုကျပ်နိုင်တယ်ဆိုတာကို သတိထားရပါ မယ်။

♦ Alcohol intolerance ရှိမရှိ ဘယ်လို သိနိုင်လဲ
အရက်သေစာနဲ့ မတည့်တဲ့သူက ဝိုင်နှစ်ဇွန်းလောက်၊ ဘီယာတစ်ငုံလောက် လေးသောက်ရုံနဲ့ လက္ခဏာတွေပြမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့တည့်မတည့်ကိုသိ ဖို့ အများကြီး သောက်ကြည့်ဖို့ မလိုပါ ဘူး။ တစ်ကြိမ်ကို တစ်မျိုးပဲစမ်းသောက် ကြည့်ရင်လည်း ဘယ်အရက်အမျိုးအ စားနဲ့ မတည့်လဲဆိုတာကို အတိအကျသိနိုင်ပါတယ်။ သင့်မိသားစုထဲမှာ Alcohol intolerance ရှိတဲ့သူ ရှိနေရင် လည်း ဒါက မျိုးရိုးကြောင့်လို့ ဆိုနိုင်ပါ တယ်။ အရေပြားပေါ်စမ်းသပ်တဲ့ Patch Test နဲ့ သွေးစစ်ဆေးရလဒ်တွေကနေ လည်း Alcohol intolerance ရှိမရှိကို သိနိုင်ပါတယ်။

♦ အရက်ထဲမှာဘာတွေပါလဲ
အရက်မှာ အစေ့အဆန်၊ ဓာတု ပစ္စည်းနဲ့ တာရှည်ခံဆေးတွေပါဝင်ပါတယ်။ အရက်နဲ့ ဓာတ်မတည့်တာ ဖြစ် စေတဲ့ကြောင်းကတော့ အရက်မှာပါတဲ့ ဘာလီ၊ ဥပရိုတင်း၊ ဂလူတန်၊ စပျစ်သီး၊ ဂျုံစပါး၊ ဂျုံကြမ်း၊ ပင်လယ်စာပရိုတင်း၊ တဆေးကစော်၊ ဆာလ်ဖာ၊ ဆိုဒီယမ်မီ တာဘိုင်ဆာလ်ဖိုက်ဒ်၊ ဟစ်စတာမင်း တွေကြောင့်ပါ။

♦ ဝိုင်၊ ဘီယာနဲ့ကော တည့်နိုင်လား
အနီရောင်ဝိုင်က တခြားအရက်သေ စာတွေထက်ပိုပြီး မတည့်တဲ့အလာဂျီ ပိုပြနိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက Alcohol intolerance ရှိရင် ဝိုင်အနီနဲ့ လည်း ဓာတ်မတည့်နိုင်ခြေများပါတယ်။ ဘီယာနဲ့ ဝီစကီမှာပါတဲ့ဒြပ်ပေါင်းတွေ ထဲမှာ ဂျုံ၊ ဘာလီ၊ တဆေးနဲ့ hops ပါဝင် တာ တူတူပဲဖြစ်တာကြောင့် ဘီယာနဲ့ မတည့်ရင် ဝီစကီနဲ့လည်း မတည့်နိုင်ပါ ဘူး။

♦ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့လိုလဲ
သင်ဟာအရက်သေစာတစ်မျိုးမျိုး ကို သောက်မိတိုင်း မတည့်တဲ့ လက္ခဏာ တွေ အပြင်းအထန် မပေါ်လာဘူးဆိုရင် ဆရာဝန်နဲ့ ပြစရာမလိုပါဘူး။ လူတစ် ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် အရက်သေစာကို ပမာဏချိန်ပြီး သောက် တာ၊ သင့်ကိုအလာဂျီပိုဖြစ်စေတဲ့ အရက် မျိုးကို ရှောင်တာတွေ လုပ်ရပါမယ်။ ဆိုး ဆိုးရွားရွား အလာဂျီဖြစ်တာမျိုးဆိုရင် တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါ မယ်။

♦ ဘယ်သူတွေမှာ အရက်နဲ့ ဓာတ်မတည့်တာ အဖြစ်များလဲ
အရက်သေစာနဲ့မတည့်တဲ့ အလာ ဂျီတွေ အဖြစ်များတဲ့သူတွေကတော့ –
(၁) အာရှတိုက်သားဖြစ်နေရင်
(၂) ပန်းနာရင်ကျပ်ရောဂါရှိရင်
(၃) ပြန်ရည်ဂလင်းကင်ဆာရောဂါရှိရင်
(၄) အရက်ထဲမှာပါတဲ့ ဒြပ်ပေါင်း တစ်ခု ခုနဲ့ ဓာတ်မတည့်ရင်
(၅) ခန္ဓာကိုယ်က အရက်သေစာကို ချေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိရင် Alcohol intolerance ဖြစ်တတ်ပါတယ်။
တခြားဖြစ်နိုင်တဲ့ အကြောင်းအရာ တွေကတော့ –
– ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေမှာ အရက်နဲ့မတည့်တာ ဖြစ်တတ်ပါ တယ်။
– အရက်ထဲမှာ Histamines တွေပါဝင် ပါတယ်။ သင့်ကိုယ်ခံအားစနစ်ကလည်း Histamines တွေထုတ်ပေးတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ပိုဆိုးစေ နိုင်ပါတယ်။
– တစ်ခုခုဆို အပြင်းအထန် ဆိုးဆိုးရွား ရွား အလာဂျီ ရှိတတ်တဲ့သူတွေမှာလည်း အရက်နဲ့ မတည့်နိုင်ပါဘူး။ အသက် အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါ တယ်။

♦ ကုသလို့ရနိုင်လား
အရက်နဲ့ဓာတ်မတည့်တာ လုံးဝ ပျောက်ကင်းသွားအောင် ကုသလို့ မရ ပါဘူး။ သင့်မှာ Alcohol intolerance ရှိတယ်ဆိုရင် အလာဂျီလက္ခဏာတွေ မဖြစ်အောင် အရက်ကို လုံးဝရှောင်လိုက် ရမှာပဲဖြစ်ပါတယ်။ အလာဂျီ အရမ်းဆိုးရွားလာရင်တော့ Anti-histamine ဆေးသောက်ဖို့ လိုပါတယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Admin