ရေချိုးရာမှာ အရေပြားမထိခိုက်အောင် ဘာတွေလိုက်နာဖို့လိုလဲ

နေ့စဉ် ရေချိုးနေတာမို့ လူတိုင်းအတွက် ရေချိုးတာက အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေချိုးတဲ့အခါ သင်သတိမမူမိဘဲ မှားယွင်းစွာ ပြုလုပ်မိတဲ့ အပြုအမူတွေက သင့်အရေပြား အလှအပကို ထိခိုက်စေနိုင်ပါတယ်။

ရေပူလွန်းခြင်း
အရေပြားခြောက်သွေ့ပြီး ယားယံ နေပါသလား။ ရေနွေးနဲ့ချိုးပေမယ့် ရေက ပူလွန်းနေတာကြောင့် ဖြစ်နိုင်ပါ တယ်။ ရေပူချိုးတာကြောင့် အရေပြား ခြောက်သွေ့တာနဲ့ ယားယံတာတွေ အပြင် နှင်းခူရောဂါလည်း ဖြစ်ပွားနိုင် တယ်လို့ အရေပြားအထူးကု Dr. Piliang က ပြောပါတယ်။ ရေချိုးမယ်ဆိုရင် ရေရဲ့ အနွေးဓာတ်ကို အရင်ဆုံးလက်နဲ့ စမ်းပြီးမှ သင့်တော်တဲ့ အနွေးဓာတ် လောက်နဲ့သာ ချိုးသင့်ပါတယ်။

ဆပ်ပြာအကြမ်း အသုံးပြုခြင်း
ရေချိုးတဲ့အခါသုံးတဲ့ ဆပ်ပြာက ဘက်တီးရီးယားပိုးသတ်ဆပ်ပြာ ဒါမှမ ဟုတ် ကြမ်းတမ်းတဲ့ဆပ်ပြာတွေ အသုံး ပြုတာက အရေပြားကို ထိခိုက်စေပါ တယ်။ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး သဘာဝအဆီတွေကို ဖယ်ရှားနိုင်ပါ တယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီ တွေက ချောဆီအဖြစ် အသားအရေကို နူးညံ့စိုပြည်စေပါတယ်။ အရေပြားမှာ သဘာဝအဆီ အကာအကွယ်သာမရှိရင် အသားအရေကို ထိခိုက်လွယ်စေပါ တယ်။ ဆပ်ပြာထဲမှာ ပိုးသတ်အာနိသင်ရှိ တဲ့ ထရိုင်ကလိုစန်က ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် FDA က လူသားတွေကို အဆိပ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းကို တိရစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ရာ ဟော်မုန်း ပမာဏကို အပြောင်းအလဲဖြစ်စေတာ တွေ့ရပါတယ်။ နောက်ထပ်စမ်းသပ်မှု တွေအရ ဒီဒြပ်ပေါင်းက ပိုးသတ်ဆေး တွေကို ဆေးယဉ်ပါးစေတာကိုလည်း တွေ့ရပါတယ်။

အလွန်အကျွံ ကြေးချွတ်ခြင်း
ဆပ်ပြာနဲ့ အဓိက သန့်စင်သင့်တဲ့ နေရာက ချိုင်းကြားနဲ့ ပေါင်ခြံကြားနေရာ တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီနေရာတွေက ချွေးထွက်များပြီး ရေနဲ့တင် သန့်စင်ဖို့ မလုံလောက်တာ ကြောင့်ပါ။ တခြားနေရာတွေကိုတော့ အလွန်အကျွံ ကြေးချွတ်တာမျိုး မလုပ် သင့်ပါဘူး။ အရေပြားမှာ သဘာဝအဆီ တွေရှိပြီး ကြေးချွတ်တာကြောင့် သဘာ၀ အဆီတွေ မရှိတော့ရင် ဘက်တီးရီးယား တွေ ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင် ရောက်နိုင်တဲ့အပြင် အရေပြားခြောက် သွေ့မှုကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ။

မုတ်ဆိတ်ရိတ်ဓား သန့်ရှင်းမှု မရှိခြင်း
အရေပြားပေါ်၊ မုတ်ဆိတ်နဲ့ နှုတ် ခမ်းမွေးတွေထဲမှာ ဘက်တီးရီးယားပိုးမွှား တွေ များစွာရှိပြီး မုတ်ဆိတ်ရိတ်ဓားပေါ်မှာ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ နောက် ပြီး ရေချိုးခန်းလို မှောင်ပြီးစိုစွတ်တဲ့နေ ရာမှာ ထားတာကြောင့်လည်း ပိုးမွှားတွေ ပေါက်ပွားရှင်သန်မှုကို အားပေးပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ဓားကို အသုံး မပြုခင်မှာ ရေနွေးနဲ့ စိမ်ပြီးဆေးကြောဖို့ မီချီကန်တက္ကသိုလ်မှ ပညာရှင်က အကြံ ပြုထားပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal