ရေခဲတုံးစားတဲ့အကျင့် သင့်မှာရှိလား

အအေးသောက်တဲ့အခါ ရေခဲတုံး လေးတွေ တဂျွမ်းဂျွမ်းမြည်အောင် ၀ါးစားတတ်တဲ့အကျင့် သင့်မှာရှိပါသလား။လေ့လာမှုများစွာမှာ ရေခဲတုံးစားတာ ကြောင့် ကျန်းမာရေးပြဿနာတချို့ ရှိနိုင်တယ်လို့ဆိုပါတယ်။ နောက်ထပ် လေ့လာမှုများစွာမှာ တွေ့ရတာက ရေခဲစားတာကြောင့် ရုပ်ပိုင်းသာမက စိတ်ပိုင်း ဆိုင်ရာကိုပါ ထိခိုက်စေတယ်လို့ သိရပါတယ်။

♦ သွားကြွေလွှာ ပျက်စီးစေတယ်
ရေခဲတုံးကို ကိုက်စားတာကြောင့် ထိခိုက်နိုင်တဲ့ အထင်ရှားဆုံးတစ်ချက်က တော့ သွားကြွေလွှာကို ပျက်စီးစေတာပါ။

♦ သွားဖုံးပိုးဝင်စေတယ်
ရေခဲတုံးရဲ့ ချွန်တဲ့အပိုင်းက သွားဖုံး ကိုထိုးမိပြီး သွားဖုံးထိခိုက်ကာ ပိုးဝင်နိုင် ခြေလည်း များစေပါတယ်။

♦ သွေးအားနည်းလက္ခဏာ ဖြစ်ပေါ်စေတယ်
ရေခဲတုံးမှာ ဘာအာဟာရဓာတ်မှ မ ပါဝင်တာကြောင့် ရေခဲတုံးစားတာက သွေးအားနည်းစေတဲ့လက္ခဏာပဲလို့ ဆို ပါတယ်။ ဒါပေမဲ့ ရေခဲတုံးစားတာနဲ့ သွေး အားနည်းတာရဲ့ ဆက်စပ်မှုကိုတော့ ပညာရှင်တွေက ထုတ်ဖော်ပြောကြားမှု မရှိပါဘူး။

♦ စိတ်ပိုင်းဆိုင်ရာအားနည်းစေတယ်
ရေခဲတုံးကိုက်ဝါးတတ်သူတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိတ်စွဲလမ်းတာ ကြောင့် အပြုအမူတစ်ခုခုကို ထပ်ခါတ လဲလဲလုပ်တတ်တာ စတာတွေ ရှိတဲ့သူ မှာ ရေခဲတုံး ကိုက်ဝါးတတ်လေ့ရှိပါတယ်။ သံဓာတ်ချို့တဲ့တာမျိုးကြောင့် ဖြစ်တာ မဟုတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသ ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသဖို့လိုပါတယ်။

♦ သွားကျဉ်စေတယ်
ရေခဲတုံး ကိုက်ဝါးတာကြောင့် သွား ရဲ့ကြွေလွှာ ပျက်စီးသွားတယ်ဆိုရင် သွား ကျဉ်တာကို ခံစားရနိုင်ပါတယ်။

♦ စိတ်ဖိစီးမှု ပြေပျောက်စေတယ်
စိတ်ဖိစီးမှုတွေ များတဲ့အခါ ရေခဲ တုံး ၀ါးစားလိုက်တာကြောင့် စိတ်သက် သာရာ ရစေတယ်ဆိုတာကို မသိပေမယ့် ဒီအကျင့်ကို လုပ်မိတတ်ကြပါတယ်။ တ ချို့တွေမှာတော့ ဒီအကျင့်က ကျန်းမာ ရေးဆိုင်ရာပြဿနာတွေ ဖြစ်နေတတ်ပါ တယ်။

♦ ရောင်ရမ်းမှုကိုလျော့နည်းစေတယ်
ရေခဲတုံးကိုက်ဝါးတာကြောင့် ခံတွင်းနဲ့လျှာမှာ ဖြစ်ပေါ်နေတဲ့ရောင် ရမ်းမှုတွေကို လျော့နည်းသွားစေပါ တယ်။ ဒါဟာ ရောဂါကုသရေးဘက်က ကြည့်မယ်ဆိုရင် ဘာကြောင့်ရောင်ရမ်းမှုဖြစ်လဲဆိုတဲ့အချက်ကို ရှာဖွေကုသဖို့ ခက်ခဲစေပါတယ်။

♦ စွဲလမ်းမှုဖြစ်စေတယ်
တချို့တွေရဲ့ ရေခဲတုံး ကိုက်တဲ့အ ကျင့်က စွဲစွဲလမ်းလမ်းဖြစ်နေတာမျိုးပါ။ ဒါဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သ ကြားမပါတဲ့ ပီကေ၀ါးတာမျိုး လုပ်ပေးပါ။

♦ ရေခဲစုပ်စားတဲ့အကျင့်
ရေခဲတုံးစုပ်တာက ရေခဲတုံးကိုက် ၀ါးတာနဲ့ မတူပါဘူး။ ရေခဲတုံးကို စုပ်ပြီး စားတာက ရေငတ်တာ၊ အာခေါင်ခြောက် တာကို သက်သာစေပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *