Apple Night Cream

ဈေးကွက်ထဲမှာ Night Cream အများကြီးပါ။ ဒါပေမဲ့လည်း အခုဖော်ပြပေးမယ့် သဘာဝ ညလိမ်းခရင်မ်ကို ပြုလုပ်ပြီး လိမ်းကြည့်ပါ။ ဓာတုပစ္စည်းကင်းကင်းနဲ့ သဘာဝအလှတရားကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။

လိုအပ်တာတွေက….
– ပန်းသီး တစ်လုံး
– သံလွင်ဆီ
– နှင်းဆီပွင့်ဖတ်ရည်

ပန်းသီးမှာ ဗီတာမင် အေ၊ ဘီနဲ့ စီ လိုမျိုး ဘီတာကယ်ရိုတင်း၊ မဲလစ်အက်စစ်နဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက ကျန်းမာပြီး ငယ်ရွယ်နုပျိုတဲ့အသားအရေကို ပိုင်ဆိုင်စေပါလိမ့်မယ်။ သံလွင်ဆီနဲ့ နှင်းဆီပွင့်ဖတ်ရည် ကတော့ အသားအရေကို ထိန်းညှိပေးနိုင်ပြီး နေလောင်လို့ အရောင်ညစ်ညစ်ဖြစ်နေတာ ကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ သံလွင်ဆီက သဘာဝအစိုဓာတ်ထိန်းခရင်မ်အဖြစ် လည်း အသုံးဝင်ပါတယ်။

ပြုလုပ်နည်း
– ပန်းသီးတစ်လုံးကို ထက်ခြမ်းခြမ်းပါ။
– ပြီးရင် အစေ့နဲ့ အူလယ်တိုင်တွေကို ထုတ်လိုက်ပါ။
– ပန်းသီးကို အတုံးသေးသေးလေးတွေ လှီးပါ။
– ပြီးရင် အဲဒီအတုံးလေးတွေကို ကြိတ်စက်ထဲထည့်ကာ သံလွင်ဆီ ခွက်တစ်ဝက်စာ ရောထည့်ကြိတ်ပါ။
– ၅-၇ မိနစ်ခန့် ကြိတ်စက်နဲ့ မွှေပြီးနောက် နူးညံ့ပျစ်နှစ်တဲ့အနှစ်တွေ ရလာလိမ့်မယ်။
– အဲဒီအနှစ်တွေကို ပန်းကန်လုံးတစ်လုံးထဲထည့်ပါ။
– ဒယ်အိုးတစ်လုံးထဲမှာ အဲဒီပန်းကန်လုံးကိုထည့်ကာ ရေထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ပါ။
– ပြီးရင် ပန်းကန်လုံးကို ထုတ်ယူကာ အအေးခံပြီးနောက် နှင်းဆီပွင့်ဖတ်ရည် ခွက်တစ်ဝက်စာခန့်နှင့် ရောစပ်ပါ။
– နောက်ဆုံးမှာ ရလာတဲ့အနှစ်တွေကို လေလုံဘူးတစ်ခုအတွင်းထည့်ကာ သိမ်းဆည်းနိုင်ပါပြီ။

အသုံးပြုပုံ

ညအိပ်ရာဝင်ခါနီးမှာ သင့်အသားအရေ၊ မျက်နှာနဲ့ လည်ပင်းကို သန့်စင်အောင် ဆေး ကြောပြီး မျက်နှာသုတ်ပဝါနုနုနဲ့ ခြောက်သွေ့အောင် သုတ်ပါ။
– ပြီးရင် အဲဒီခရင်မ်ကို သင့်အရေပြားပေါ် လိမ်းပြီး စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပါ။
– တစ်ညတာလုံး ထားအိပ်ပါ။
– နောက်တစ်နေ့မနက်မှာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *