ဆေးရုံ၊ ဆေးခန်း သွားစရာမလိုရန် ရှောင်သင့်သည့် အလေ့အကျင့်များ

အပယိကပြဿနာတွေကြောင့် မ ကြာခဏ ဆေးရုံဆေးခန်းသွားနေရလို့ စိတ်ညစ်နေပါသလား။ ဆေးခန်းကို သွား ရတာက ငွေကုန်ကြေးကျများတဲ့အပြင် ဆေးခန်းမှာ ဆရာဝန်ကို စောင့်ရတဲ့ ဒုက္ခ ကလည်း မသေးလှပါဘူး။ ဆေးထိုးဆေး သောက်ခဏခဏလုပ်နေရလို့ ဆရာဝန် နဲ့ တွေ့ရမှာတောင် ကြောက်နေခဲ့ရင် အောက်ပါအကျင့်ဆိုးတွေကို ပြုပြင် လိုက်ပါ။
 
ဖျော်ရည်ကို သံဘူးထဲမှတိုက်ရိုက်သောက်ခြင်း
ကိုကာကိုလာ၊ Sprite နဲ့ လိမ္မော် အစရှိတဲ့ ဖျော်ရည်တွေကို သံဘူးကနေ တိုက်ရိုက်သောက်တဲ့အကျင့်ရှိနေရင် ပြု ပြင်လိုက်ပါ။ ဒီလိုပြုလုပ်တဲ့အကျင့်က ဘူးနှုတ်ခမ်းဝမှာ ရှိနေတဲ့ ဘက်တီးရီး ယားပေါင်းများစွာကို ခန္ဓာကိုယ်ထဲရောက် ရှိသွားအောင် ခေါ်ယူလိုက်သလို ဖြစ် သွားပြီး အစာမကြေတာ၊ ခံတွင်းမှာ အ နာပေါက်တာ၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာ လိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဘူးထဲက ဖျော်ရည်တွေကို ဖန်ခွက်ထဲ ထည့်သောက်တာ ဒါမှမဟုတ် ပိုက်နဲ့ စုပ် သောက်တာမျိုး ပြုလုပ်ပါ။
 
သင်၏ အသုံးအဆောင်အိတ်များကို အိပ်ရာ သို့မဟုတ် ကုလားထိုင်ပေါ် တင်ထားခြင်း
သင် နေ့စဉ် ကိုင်နေကျ ပိုက်ဆံ အိတ် ဒါမှမဟုတ် ဈေးဝယ်ထားတဲ့အိတ် တွေကို ကုလားထိုင် ဒါမှမဟုတ် အိပ်ရာ ပေါ်မှာ ဘယ်တော့မှမတင်ထားမိပါစေနဲ့။ သင့်အိတ်တွေမှာ ပတ်ဝန်းကျင်က ဘက် တီးရီးယားတွေ ကပ်ပါလာတာမို့ အိတ်က တစ်ဆင့် ရောဂါပိုးတွေကူးစက်လာပြီး ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်တာ ကြောင့်ပါ။ သားရေအိတ်တွေက အဆိုး ဆုံးပါ။
ပလတ်စတစ်ခွက်ဖြင့် ကော်ဖီသောက်ခြင်း
ကော်ဖီဆိုင်ကနေ ပါဆယ်ဝယ်လာ တဲ့အခါမှာ ပလတ်စတစ်ခွက်နဲ့ ထည့် ထားလို့ သန့်ရှင်းပြီး အန္တရာယ်ကင်းတယ် လို့ ထင်နေပါသလား။ ပလတ်စတစ်ခွက် မှာ Bisphenol A ဒြပ်ပေါင်းတွေ ပါဝင် ပြီး သူတို့ရဲ့ ပမာဏဟာ ကော်ဖီရဲ့ အပူချိန် များလာတာနဲ့ တစ်ပြိုင်နက် မြင့် တက်လာပါတယ်။Bisphenol A ရဲ့ ပမာ ဏများစွာက ခန္ဓာကိုယ်ထဲကို ၀င်ရောက် သွားခဲ့ရင် အာရုံမစူးစိုက်နိုင်တာ၊ စွမ်း အင်လျော့နည်းသွားတာ၊ ဆဲလ်ကြီးထွား မှု ကျဆင်းသွားတာနဲ့ မျိုးပွားအင်္ဂါ အဖွဲ့ လုပ်ဆောင်ချက်တွေ လျော့နည်းသွား တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ် လာနိုင်ပါတယ်။ ကော်ဖီကို သတ္တုခွက် ဒါမှမဟုတ် ကြွေခွက် ဒါမှမဟုတ် ဖန်ခွက် တွေနဲ့သာ သုံးဆောင်သင့်ပါတယ်။
 
ဘာဂါအစား Salad စားမိခြင်း
Salad ခေါ်တဲ့ ဟင်းရွက်တွေကို အသား၊ ချိစ်၊ သံလွင်ဆီတွေနဲ့ သုပ်ထား တာကြောင့် ဘာဂါထက်ပိုပြီး အာဟာရ ပိုပြည့်ဝကာ ကျန်းမာရေးနဲ့ ညီညွတ်တယ် လို့ ထင်နေပါသလား။Salad ခ်ါတဲ့ ဟင်းရွက်သုပ်တွေမှာ အဆီ၊ အာလူး၊ ချိစ်လိုမျိုး အဆီများတဲ့အစာတွေ ပါဝင် တတ်ပါတယ်။ Salad  ထက်စာရင် ဘာဂါ က အသား၊ လတ်ဆတ်တဲ့ဟင်းသီးဟင်း ရွက်တွေ ပိုပြီးပါဝင်တဲ့အတွက် နှစ်မျိုး ယှဉ်လာရင် ဘာဂါကိုသာ ရွေးချယ်သင့်ပါ တယ်။
 
မိမိ၏ ကိုယ်ပိုင်အိမ်သုံးပစ္စည်းများကို အခြား သူများနှင့် ဝေမျှမသုံးစွဲလိုခြင်း
သင်ဟာ တခြားလူတစ်ယောက်နဲ့ အတူ တစ်ခန်းတည်းနေရသူဖြစ်ရင် သင် ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို တခြားသူကိုပါ ဝေမျှသုံးစွဲခွင့်ပြုလိုက်ပါ။ သင့်ပစ္စည်းကို သူများကို ပေးမသုံးဘဲ သင်ကိုယ်တိုင်ပဲ သုံးမယ်ဆိုရင် သင့်အတွက် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊ ဒေါသထွက်မှုတွေ များ လာပြီး သွေးပေါင်ချိန် တက်လာနိုင်ပါ တယ်။
 
သကြားအစား ဆေးသကြားအသုံးပြုခြင်း
Diet Coke, Sugar Less Icecream ဒါမှမဟုတ် Low Fat လို့ အ မည်တပ်ထားတဲ့ပစ္စည်းတွေဟာ တခြား စားသောက်ကုန်တွေထက် ကျန်းမာရေး နဲ့ ပိုပြီးညီညွတ်တယ်ဆိုတာ မဟုတ်ပါ ဘူး။ သုတေသနပြုလုပ်ချက်အရ အစား အစာတွေမှာ ပါဝင်တဲ့ သကြားတု (ဆေး သကြား)တွေက သဘာဝသကြားထက် ပိုပြီး အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ Stevia ဆိုတဲ့ အမျိုးအစား တစ်ခုသာ သကြားအစားထိုးအသုံးပြုဖို့ သင့်တော် တယ်လို့ သုတေသီတွေက မှတ်ချက် ပေးထားပါတယ်။
 
အသက်ရှူပုံရှူနည်း မှားယွင်းခြင်း
အသက်ရှူပုံရှူနည်း ၂၅ မျိုးရှိတယ် ဆိုတာ သင် သိပါရဲ့လား။ ဒီထဲက နို့စို့က ကလေးတွေ ရှူတဲ့အသက်ရှူနည်းတစ် မျိုးတည်းကသာ မှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်မတို့တွေ က များသောအားဖြင့် ရင်ဘတ်ကတစ် ဆင့်ကသာ အသက်ရှူကြပါတယ်။ ဒီ နည်းလမ်းနဲ့ အသက်ရှူတာကြောင့် အောက်ဆီဂျင်က အဆုတ်အောက်ပိုင်း နေရာကိုသာ ရောက်ရှိပြီး အ၀လွန်တာ နဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။ နို့စို့ကလေးငယ်တွေ အသက် ရှူတဲ့နည်းလမ်းအတိုင်း ၀မ်းဗိုက်ကနေ သာ အသက်ရှူသင့်ပါတယ်။
 
အိမ်သာတက်ပုံတက်နည်း မှားယွင်းခြင်း
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဗိုလ်ထိုင်အိမ်သာနဲ့ အိမ်သာတက်တာက သင့်ကျန်းမာရေးကို ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အ နေအထားကသာ အိမ်သာတက်ဖို့ အကောင်းဆုံးအနေအထားဖြစ်ပြီး ၀မ်း သွားဖို့ ညှစ်အားအသုံးမပြုရတာကြောင့် လိပ်ခေါင်းဖြစ်ဖို့ အခွင့်အရေး အလွန် နည်းသွားပါတယ်။ သင့်အိမ်မှာ ဗိုလ်ထိုင် အိမ်သာတပ်ထားတယ်ဆိုရင်လည်း အိမ်သာရှေ့မှာ သင့်ခြေထောက်တင်ဖို့ ခွေးခြေပုခုံလေး ထားပေးပါ။
 
နေ့စဉ် လည်စည်း(Tie)စည်းထားခြင်း
သင်ဟာ နိုင်ငံခြားသားတွေနဲ့ တွဲပြီး အလုပ်လုပ်ရသူဖြစ်ကာ လည်စည်းကို မဖြစ်မနေ ၀တ်ရသူဖြစ်မှသာလျှင် လည် စည်းကို အသုံးပြုသင့်ပါတယ်။ လည် စည်းကို နေ့စဉ်အသုံးပြုတာက သင့် လည်ပင်းမှာရှိတဲ့ သွေးပြန်ကြောကြီးကို ဖိအားပေးထားသလိုဖြစ်တဲ့အတွက် မျက်လုံးအတွင်း ဖိအားတွေ တိုးလာပြီး ရေတိမ်ရောဂါ ဒါမှမဟုတ် အမြင်အာရုံ ဆုံးရှုံးတာလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါ့ အပြင် လည်စည်းမှာလည်း ဘက်တီးရီး ယားတွေ ကပ်ငြိတွယ်ကပ်နေတတ်ပါ တယ်။
သင့်ရောဂါကို အင်တာနက်မှတစ်ဆင့် ရှာ ဖွေခြင်း
သင့်မှာဖြစ်နေတဲ့ ကျန်းမာရေး ပြဿနာကို အင်တာနက်ကနေ ရှာဖွေ ပြီး မိမိဘာသာ ကုသနေပါသလား။ ဒီလို ပြုလုပ်တာက ရောဂါရဲ့ အခြေအနေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ အင်တာနက်က နေ ရောဂါကုမယ့်အစား ဆရာဝန်နဲ့သာ တိုင်ပင်ပြီး ကုသပါ။
◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *