ရွှေဖရုံသီးစားပေးတာက ခုခံအားစနစ်ကို ပိုကောင်းလာ စေပြီး ရောဂါတွေမဖြစ်အောင် ကာကွယ်ဟန့်တားပေးတယ်လို့ သိရပါတယ်။ ဟောလိုးဝင်းပွဲတော်ရဲ့အထင်ကရဖြစ်တဲ့ ရွှေဖရုံ သီးမှာ ဘီတာ-ကာရိုတင်းတွေ ပေါများစွာ ပါရှိတာကြောင့် ခုခံ အားစနစ်ကိုကောင်းစေပြီး ကျန်းမာစေတယ်လို့ အာဟာရသု တေသီတွေက ဆိုပါတယ်။ ရွှေဖရုံသီးမှာပါတဲ့ အစာမျှင်တွေက လည်း အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာကြောင့် အစာ အိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကိုလည်း ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။ ဗီတာမင်အေပါရှိမှုကြောင့် ရွှေဖရုံသီးက မျက် လုံးကျန်းမာရေးအတွက်လည်း အကောင်းဆုံးအစာဖြစ်တယ်လို့ ကလိဗ်လန်းဆေးခန်းမှ အာဟာရကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အမျှင်ပါဝင်မှုများပြီး ကယ်လိုရီနည်းပါးတာကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက်လည်း အာလူးစားမယ့် အစား ရွှေဖရုံသီးကို အစားထိုးစားသုံးပေးနိုင်တယ်လို့ အာဟာရ ပညာရှင်တွေကဆို ထားပါတယ်။ ရွှေဖရုံသီးကနေရတဲ့ ဖရုံစေ့ တွေမှာ မဂ္ဂနီဆီယမ်ဓာတ်ပါရှိတာကြောင့်လည်း ဖရုံစေ့စားပေး ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုတွေအတွက် စွမ်းအင် ရရှိစေတယ်လို့လည်း ဆိုပါတယ်။
(DM, 1.11.18) သံသာ