ကျောက်ကပ်ရောဂါများ မဖြစ်ပွားအောင် ရှောင်ရှားလိုပါလျှင်

နာတာရှည်ကျောက်ကပ်ရောဂါကို ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ ခံစားနေ ရပါတယ်။ ဒီရောဂါကြောင့် ဘ၀ရဲ့အရည် အသွေးတွေကျဆင်းပြီး နောက်ဆုံးအ ဆင့် ကျောက်ကပ်ရောဂါတွေ ဖြစ်လာပြီ ဆိုရင်တော့ ကျောက်ကပ်ဆေးရတာ ဒါမှမ ဟုတ် ကျောက်ကပ်အစားထိုးလဲလှယ်တာ တွေနဲ့သာ ကုသလို့ ရနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။

ရေ များများသောက်ပါ
ရေများများသောက်တာက ကျောက် ကပ်ကနေ ဆိုဒီယမ်၊ ယူရီးယားနဲ့ အဆိပ် အတောက်တွေ ဖယ်ရှားရှင်းလင်းပေးပြီး ကျောက်ကပ်လုပ်ငန်းတွေ ကောင်းမွန်စေ ပါတယ်။ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမျိုးမှာ ရေ၀အောင်သောက် ပါ။ အသက် ၆၅ နှစ်နဲ့ အထက်တွေအနေနဲ့ တစ်နေ့ကို ရေခြောက်ဖန်ခွက်လောက် သောက်ပေးဖို့လိုပါတယ်။

ကျောက်ကပ်ကို ထိခိုက်စေတဲ့ဆေးတွေ မသောက်ပါနဲ့
ဆေးဆိုင်တွေကနေ အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ဆေးတွေဖြစ်တဲ့ အကိုက် အခဲပျောက်ဆေး၊ နာကျင်မှုသက်သာစေ တဲ့ဆေးတချို့ (အိုင်ဗျူပရိုဖန်လိုမျိုး)က ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ တချို့ဆေးတွေက ပုံမှန်စွဲသောက်ပါက ကျောက်ကပ်ကို ထိခိုက်နိုင်တာမျိုးတွေ လည်း ရှိပါတယ်။ သင့်မှာ အရိုးအဆစ် ရောင်ရမ်းနာကျင်မှုတွေခံစားနေရလို့ အ ကိုက်အခဲပျောက်ဆေးတွေ မကြာခဏ သောက်နေရပါက ဆရာဝန်နဲ့ တိုင်ပင်ပြ သဖို့လိုပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ
ကယ်လိုရီများတဲ့အစာတွေနဲ့ ဆား များတဲ့အစာတွေ လျှော့စားပါ။ လိုအပ်ပါ က ကျောက်ကပ်ကျန်းမာစေတဲ့ အစာတွေ ကို အာဟာရပညာရှင်နဲ့တိုင်ပင်ပြီး စား သုံးနိုင်ပါတယ်။

ကျန်းမာရေးနဲ့မညီတဲ့ အလေ့အထတွေ ကို စွန့်လွှတ်ပါ
အရက်အလွန်အကျွံသောက်တာ က အသည်းကိုပျက်စီးစေသလို ကျောက် ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ဆေး လိပ် အလွန်အကျွံသောက်တာက အဆုတ် ကို ထိခိုက်စေသလို ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်တယ်ဆိုတာ သိရှိပြီး အရက်နဲ့ ဆေးလိပ်သောက်သုံးမှုတွေကို စွန့်လွှတ် ဖို့လိုပါတယ်။

မိသားစုရောဂါရာဇ၀င်ကို သိရှိပါစေ
သင့်မိဘ၊ ဆွေမျိုးတွေထဲမှာ ကျောက် ကပ်ရောဂါဖြစ်ဖူးသူရှိပါက ကြိုတင်ကာ ကွယ်မှုတွေကို ဆောင်ရွက်ထားဖို့လိုပါ တယ်။ ကျောက်ကပ်တွေ ကောင်း၊ မ ကောင်း ကြိုတင်စစ်ဆေးပါ၊ ကျောက် ကပ်ထိခိုက်စေနိုင်တဲ့အရာတွေကို မလုပ် ဘဲ ရှောင်ကြဉ်ပါ။

သွေးတွင်းသကြားကို ထိန်းညှိပါ
ဆီးချိုသွေးချိုရှိသူတွေ သွေးတွင်း သကြားဓာတ်ကို ထိန်းမထားနိုင်ပါက ၅-၁၀ နှစ်အတွင်း ကျောက်ကပ်ကို ထိ ခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ်ကို ပုံမှန်စစ်ဆေးဖို့လိုပါတယ်။

သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပါ
မိဘမျိုးရိုးမှာ သွေးတိုးရောဂါရှိသူ၊ ကျောက်ကပ်ရောဂါရှိသူတွေရှိပါက သွေး ဖိအားကို နေ့စဉ်ပုံမှန်စစ်ဆေးဖို့လိုပါ တယ်။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ လည်း သွေးဖိအားကို နေ့စဉ်စစ်ဆေးပြီး ပုံမှန်သွေးဖိအားရအောင် ထိန်းသိမ်းထား ဖို့လိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင် ပါက သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ သွေးတွင်းကိုလက်စထရောနဲ့ ကိုယ်အလေး ချိန်တွေကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာ ကြောင့် အ၀လွန်လာတဲ့အခါ ဆီးချို၊ သွေး ချိုရောဂါ၊ သွေးတိုးရောဂါတွေဖြစ်ပွားပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို မြင့်မား စေပါတယ်။

ဆားလျှော့စားပါ
ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ၀က်ပေါင် ခြောက်၊ ၀က်အူချောင်း စတာတွေ စားသုံး တာက ဆားအများအပြား စားသုံးမိစေ ပါတယ်။ အဆင်သင့်စားသုံးနိုင်တဲ့ ခေါက် ဆွဲခြောက်ထုပ်၊ အာလူးချောင်းကြော်၊ အ စေ့အဆန်တွေမှာလည်း ဆားများစွာ ပါဝင်ပါတယ်။ ဆားက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ရေပြန်ဆွဲထားတာကြောင့် သွေးဖိအား မြင့်မားစေပါတယ်။ သွေးဖိ အားမြင့်မားတာကြောင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် အစား အစာတွေ ၀ယ်ယူတဲ့အခါ ဆားပါဝင်မှုကို သေချာစွာ ဖတ်ရှုပြီးမှ ၀ယ်ယူသင့်ပါတယ်။

ပရိုတင်း အလွန်အကျွံစားသုံးမှုကို လျှော့ပါ
အနီရောင်အသားတွေက အသားဓာတ် ရရှိတယ်ဆိုပေမယ့် အလွန်အကျွံစား သုံးတာကြောင့် ကျောက်ကပ်ကို နှစ်ဆပို အလုပ်လုပ်ရစေပါတယ်။ အမြဲတမ်း အ လုပ်ပိုလုပ်ရတဲ့အခါ ကျောက်ကပ်ဆဲလ် တွေ အားနည်းပြီး သေဆုံးကုန်ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အသား၊ ထမင်းတို့ကို ညီညွတ်မျှတစွာ စားသုံးဖို့ လိုပါတယ်။

ဗီတာမင် စီ အများအပြား မသုံးစွဲပါနဲ
ဗီတာမင် စီ ပမာဏ များများဖြည့် စွက်သောက်သုံးတာကြောင့် ကျောက် ကပ်ကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါ ရဲ့လား။ ဗီတာမင် စီကို တစ်နေ့ ၂၀၀၀ မီလီဂရမ် ဖြည့်စွက်သောက်သုံးတာ ကြောင့် ကျောက်ကပ်မှာ ကျောက်တည် နိုင်ခြေများပါတယ်။ ကျောက်ကပ်ကို မထိခိုက်စေဖို့ တစ်နေ့ ဗီတာမင် စီ ၅၀၀ မီလီဂရမ်သာ ဖြည့်စွက် သောက်သုံးသင့် ပါတယ်။

ကျောက်ကပ်စစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ
ဆရာဝန်နဲ့ပြသပြီး ခရစ်တနင်း၊ ယူရီးယားတွေ စစ်ဆေးပါ။ ဆီးထဲမှာ အသားဓာတ်ပါ၊ မပါကို စစ်ဆေးပြီး ကျောက်ကပ်ရောဂါ ရှိ၊ မရှိ သိရှိနိုင်ပါ တယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွှန် ကြားချက်နဲ့ ကျောက်ကပ်ရောဂါ ရှိ၊ မရှိ ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါ တယ်။ ကျောက်ကပ်ရောဂါတွေက ဖြစ် လာမှ ကုသမယ်ဆိုရင် ငွေကုန်ကြေးကျ များပြီး ခက်ခက်ခဲခဲ ကုသရတာကြောင့် မဖြစ်ခင်ကတည်းက ကြိုတင် ကာကွယ်မှု တွေ လုပ်ဆောင်သင့်ပါတယ်။ 

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *