ကျောက်ကပ်ရောဂါကြောင့် နာကျင်မှုများ အမြန်ဆုံး သက်သာစေရန်

ကျောက်ကပ်က ခန္ဓာကိုယ်မှာ အ ရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်ပေးပြီး အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေကို ပြန်လည်စုပ်ယူပေး ပါတယ်။ ကျောက်ကပ်က စားသုံးတဲ့ အာဟာရ ဓာတ်တွေ၊ ဗက်တီးရီးယား တွေနဲ့ ပိုးမွှားကူးစက်မှုတွေကြောင့် ပြောင်း လဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ကျောက် ကပ်ရဲ့ လုပ်ငန်းမကောင်းတာကြောင့် အနည်းငယ်နာကျင်မှုကနေ ပြင်းထန် တဲ့ နာကျင်မှုအထိ ခံစားရနိုင်ပါတယ်။
♦ ကျောက်ကပ်ကြောင့် နာကျင်မှုခံစားရနိုင် သော အကြောင်းရင်းများ
– ကျောက်ကပ်ထဲတွင် သွေးယိုခြင်း
– ဆီးမထွက်ဘဲ ပိတ်ဆို့နေခြင်း
– ကျောက်ကပ်သွေးပြန်ကြောအတွင်း သွေးခဲခြင်း
– ဆီးကျိတ်ကြီးခြင်း
– ကျောက်ကပ်ထဲ ကျောက်ရှိခြင်း
– ကျောက်ကပ်ထဲတွင် အကျိတ်ရှိခြင်း
– ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
နာကျင်မှုက မပြင်းထန်ဘူး၊ အနည်း ငယ်လောက်သာ ခံစားရတယ်ဆိုရင် အိမ်မှာပဲ အလွယ်တကူနည်းလမ်းတချို့ ကို အသုံးပြုတာ၊ အနားယူတာ၊ ကျန်း မာရေးနဲ့ ညီညွတ်တဲ့အစားအစာ စား သုံးတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
♦ အိမ်တွင်းနည်းလမ်းများ
ဖရဲသီး
ဖရဲသီးစားသုံးပါက ခန္ဓာကိုယ်ထဲ မှာရှိတဲ့ အဆိပ်အတောက်နဲ့ စွန့်ပစ်ပစ္စည်း တွေကို အပြင်ကို စွန့်ထုတ်ဖို့ အကူအ ညီ ဖြစ်စေပါတယ်။ ဆီးကို အက်စစ် ဓာတ်ဖြစ်စေပြီး ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်ကို စွန့်ထုတ်ဖို့လည်း အထောက် အကူဖြစ်စေပါတယ်။
သလဲသီး
သလဲသီးအစေ့တွေပါ ကြိတ်ခြေပြီး ဖျော်ထားတဲ့ ဖျော်ရည်က ကျောက်ကပ် မှာ ပိုးဝင်တာနဲ့ နာကျင်တာတွေကို သက် သာစေပါတယ်။ ရေဓာတ်ပါဝင်မှုများလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကင်းစင်စေပါတယ်။ တစ်နေ့ကို သလဲသီး ဖျော်ရည်တစ်ခွက်၊ ဒါမှမဟုတ် သလဲသီး တစ်လုံးစားပေးပါက ကျောက်ကပ်ကျန်း မာရေးကို များစွာ အထောက်အကူဖြစ်စေ ပါတယ်။
တရုတ်နံနံ
တရုတ်နံနံကို ဖျော်ရည်လုပ် သောက်တာကလည်း ကျောက်ကပ် ပြဿနာကြောင့် နာကျင်မှုတွေကို သက် သာစေပါတယ်။ တရုတ်နံနံမှာ သဘာဝ ပိုးသတ်အာနိသင်နဲ့ အဆိပ်အတောက် ကင်းစင်စေတဲ့အာနိသင်တွေ ပါဝင်ပါ တယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက် တွေကိုလည်း ပျော်စေပါတယ်။
ပူဒီနာ
ကျောက်ကပ်ဝေဒနာတွေ ခံစားနေ ရပါက ပူဒီနာစားသုံးပါက သက်သာစေ ပါတယ်။ အရည်ညှစ်ထားတဲ့ တရုတ်နံနံ နဲ့ ပျားရည်ဆတူရောပြီး သောက်နိုင်ပါ တယ်။ ၅ လလောက် သောက်ပေးပါက ကျောက်ကပ်ရောဂါကြောင့် နာကျင် မှုတွေကို သက်သာပျောက်ကင်းစေပါ တယ်။
ပဲကြီးစေ့
ပဲကြီးစေ့နဲ့ရေကို အိုးတစ်လုံးထဲ ထည့်ပြီး ပဲကြီးစေ့ နူးသွားတဲ့အထိ အပူ ရှိန်နည်းနည်းနဲ့ ပြုတ်ပေးပါ။ အဲဒီအရည် ကို မကြာခဏသောက်ပေးပါက ကျောက် ကပ်ကျန်းမာစေပြီး အစာအိမ်ရဲ့လုပ်ငန်း တွေကို ကောင်းမွန်စေပါတယ်။
သံပရာရည်
သံပရာရည်က ဆီးရွှင်စေပြီး ကျောက်ကပ်ထဲမှာရှိတဲ့ အဆိပ်အ တောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါ တယ်။ ကျောက်ကပ်မှာ ကျောက်တည် နေသူတွေ သောက်သုံးသင့်ပါတယ်။
သံလွင်ဆီ
ကျောက်ကပ်ဝေဒနာကြောင့် နာ ကျင်မှုတွေ သက်သာလိုပါက သံလွင်ဆီနဲ့ သံပရာရည်ကို ဆတူရောပြီး သောက်ပါ။
ခရမ်းချဉ်သီးဖျော်ရည်
မနက်စာ မစားခင် ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်သောက်ပါ။ ပြီးနောက် ရေတစ်ခွက်သောက်ပါ။ ကျောက်ကပ်ဝေ ဒနာကြောင့် နာကျင်မှုတွေ သက်သာ သွားပါလိမ့်မယ်။
ပေါင်မုန့်ညို
ပေါင်မုန့်ညိုကနေ အမျှင်ဓာတ်၊ အာဟာရဓာတ်တွေနဲ့ ပရိုတင်းတွေ များ စွာ ရရှိနိုင်ပါတယ်။ ကျောက်ကပ်ကျန်း မာရေးကို ကောင်းမွန်စေပြီး ကျောက်ကပ် ထဲမှာရှိတဲ့ အောက်ဆဲလစ်ကျောက်တွေ ကို ပျော်စေပါတယ်။
ရေ
တစ်နေ့ကို ရေ ၈-၁၀ ဖန်ခွက် သောက်ပေးပါက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေ ကင်းစင်စေပါ တယ်။ လိုအပ်တာထက်ပိုပြီး ရေ အလွန် အကျွံသောက်သုံးပါက ကျောက်ကပ် ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
Tips
ကျောက်ကပ်ကြောင့် နာကျင်မှုတွေ မခံမရပ်နိုင်အောင် ခံစားနေရမယ်ဆိုရင် တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါ တယ်။ ကျောက်ကပ်ပြဿနာတွေ မဖြစ် အောင် ကျန်းမာရေးနဲ့ညီညွတ်အောင် စား သောက်ပါ၊ ရေ များများသောက်ပါ၊ ဆီး သွားချင်တဲ့အခါ အောင့်မထားဘဲ သွားပါ။
♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal