ကျောက်ကပ်ရောဂါရှိသူတွေ ဘာစားသင့်သလဲ? ဘာရှောင်သင့်သလဲ?

ကျောက်ကပ်ရောဂါဖြစ်တဲ့ လူနာတွေက တခြားလူနာတွေနဲ့ မတူပါဘူး။ ဒါကြောင့် အစားအသောက်စားတဲ့အခါ သတိထားရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ ကယ်လိုရီပမာဏ၊ အသားဓာတ်၊ ကစီ ဓာတ်၊ အဆီဓာတ်၊ တခြားအာဟာရဓာတ် တွေကို မျှမျှတတ ရရှိပြီး စားသောက်တဲ့ အချိန်အဆမှန်ကန်ဖို့လည်း လိုပါတယ်။

♦ အသားဓာတ်စားသည့်အခါ
ကျာက်ကပ်ဆေးမယ့် လူနာတွေဆိုရင်လည်း ကျောက်ကပ်မဆေးခင်မှာ အသားဓာတ်ကို လျှော့စားပေးရပါမယ်။ တစ်ဆယ်သားလောက်တော့ စားလို့ရပါတယ်။ ကျောက်ကပ်ဆေးပြီးရင်တော့ အသားဓာတ်ကို အနည်းဆုံးနှစ်ဆယ် သားစားပေးရပါမယ်။

ကျောက်ကပ်အစားထိုး ကုသမှုလုပ်ပြီးရင်တော့ ပုံမှန်အတိုင်းစားပေးလို့ရပါပြီ။ အသားဓာတ်တစ်ဆယ်သားစားဖို့ ဆိုတာ လက်တွေ့မှာတော့ လူနာတွေက လုံးဝမစားနိုင်တဲ့အတွက် အသားအပြင် ကြက်ဥကိုပါ စားပေးရပါမတယ်။ ကျောက်ကပ်မဆေးခင်မှာ တစ်ရက်ကို ကြက်ဥနှစ်လုံး စားပေးနိုင်ပြီး ကျောက်ကပ်ဆေးပြီးရင်တော့ ကြက်ဥလေးလုံးစားပေးရမှာပါ။ ကြက်ဥလေးလုံးစားတဲ့အခါ တစ်လုံးကိုတော့ အကာနဲ့ အနှစ်နှစ်မျိုးလုံး စားပေးပြီး ကျန်သုံးလုံးကိုတော့ အကာပဲ စားပေးပါ။ တခြားဓာတ်တွေနဲ့ ယှဉ်ရင် အသားဓာတ်က ကျောက်ကပ်လူနာတွေအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ အသားဓာတ် အရမ်း အများကြီးစားမိရင်လည်း ယူရီယာနဲ့ ခရီ ယာတနင်း ဓာတ်များသွားတာမျိုး ဖြစ်တတ်ပါတယ်။

ခရီယာတနင်းဓာတ် ပြန်ကျဖို့ကတော့ ကျောက်ဖရုံသီး စားရပါမယ်။ ကျောက်ဖရုံသီးအပြင် သခွားသီးနဲ့ ဘူးသီးလည်း စားလို့ ရပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါဝေဒနာရှင်တွေအနေနဲ့ အသားဓာတ်ရရှိအောင် စားတဲ့အခါ ကျောက်ဖရုံသီး၊ ဘူးသီးစတာတွေနဲ့ရောချက်ပြီးစားပေးသင့်ပါတယ်။

အဆင့်မြင့် အသားဓာတ် ရရှိနိုင်မယ့် အသားတွေကတော့ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ငါးရံ့၊ ငါးရှဥ့်၊ ငါးပူတင်း၊ ငါးပုဏ္ဏား၊ ငါးကြင်း၊ တီလား ဘီယားငါး၊ ပုစွန်ထုပ်စတာတွေ ဖြစ်ပါတယ်။ ထမင်း၊ ပေါင်မုန့်၊ ပေါက်စီ၊ အာလူးပြုတ်၊ ကွေကာအုတ်၊ ပဲပြုတ်၊ ဘရာကြော်၊ နို့နဲ့ ဒိန်ချဉ်ကလည်း အသားဓာတ်ရနိုင်တဲ့အတွက် အဲဒီအစားအစာတွေကို စားပေးနိုင်ပါတယ်။ တကယ်လို့ ထမင်းမစားနိုင်ဘူးဆိုရင် ပေါင်မုန့်စားပေးရင် အဆင် ပြေပါတယ်။

♦ အဆီဓာတ်

အဆီဓာတ်ကတော့ မဖြစ်မနေ လိုအပ်တာကြောင့် စားပေးရပါမယ်။ ဒါပေမဲ့ အများကြီး စားဖို့တော့ မလိုပါဘူး။ အဆီဓာတ်ကို စားတဲ့နေရာမှာ ကောင်းတဲ့ အဆီတွေ ဖြစ်တဲ့ မပြည့်ဝဆီ(သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ) စားပေးနိုင်ပါတယ်။

♦ ပိုတက်စီယမ်ဓာတ်
ပိုတက်စီယမ်ဓာတ်က ကျောက်ကပ်အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာအတွက်ပါ အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်တွေ သွေးထဲမှာ မြင့်မားနေတဲ့အခါ နှလုံးရပ်တာမျိုး ဖြစ်တတ်ပြီး အသက်ဆုံးရှုံးနိုင်တာကြောင့် အကန့်အသတ်နဲ့ စားဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်အတော်များများမှာ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်တာကြောင့် ရွေးချယ်စားသောက် ပေးရပါမယ်။

ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေ အဓိက စားသုံးနိုင်ဖို့ ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းတဲ့ အစားအစာတွေကတော့ ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီးအပွ၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ဆောင်းဖရဲ၊ သခွားမွှေး၊ ဆလတ်ရွက်၊ ပဲပင်ပေါက်၊ တရုတ်မုန်လာ၊ ဟင်းသီးဟင်းရွက်စုံ၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပဲထောင့်ရှည်၊ ပြင် သစ်ပဲထောင့်၊ ကြက်သွန်နီ၊ သခွား၊ ဖရုံသီးတို့ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ် အသင့်အတင့် ပါဝင်ပြီး တစ်ပတ်ကို သုံးကြိမ်အထိ စားသောက်နိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ရုံးပတီသီး၊ တရုတ်ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ တရုတ်ကြက်သွန်မြိတ်အကြီး၊ တရုတ်နံနံ၊ ကဩတ်၊ ပဲနီလေး၊ ငရုတ်သီး(အစိမ်း၊ အနီ)၊ ပဲသီး၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာ၊ သကြားပြောင်း၊ ခရမ်းချဉ် သီးတို့ ဖြစ်ပါတယ်။ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး တစ်ပတ်ကို တစ်ကြိမ်ခန့်သာ စားသောက်နိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ကိုက်လန်၊ မုန်ညင်းရွက်၊ ဂေါ်ဖီ ထုတ်စိမ်း၊ မှို၊ အာလူး၊ မျှစ်၊ မျောက်ဥ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကြာ၊ ရေမှော်၊ ကုလားပဲတို့ ဖြစ်ပါတယ်။

♦ ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းသော သစ်သီးများ
ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး၊ စောင်းလျားသီး၊ နာနတ်သီး၊ ရှောက်ခါးသီးကြီး၊ သံပရိုသီး၊ မင်းကွတ်သီး၊ နှင်းသီး၊ တည်သီး၊ လိုင်ချီး(ဆီသွတ်)၊ မက်မွန် (ဆီသွတ်)၊ မက်မွန်ရည်၊ နာနတ်သီး၊ နာနတ်ရည်၊ သီးစုံ (ဆီသွတ်)၊ သီးစုံရည် တို့ ဖြစ်ပါတယ်။ ဒီ အသီးတွေက ပိုတက်စီယမ်ပါဝင်တဲ့ရာခိုင်နှုန်းနည်းတာကြောင့် ပုံမှန် စားပေးလို့ ရပါတယ်။ အချိုနည်း နည်းများတဲ့ ဖျော်ရည်တွေကိုတော့ ဆီး ချိုသွေးချို ရောဂါသည်တွေ ရှောင်ရပါမယ်။

ပိုတက်စီယမ်ဓာတ် အလတ်စား ပါဝင်ပြီး တစ်ပတ်ကို သုံးကြိမ် စားသုံးနိုင် တဲ့ သစ်သီးတွေကတော့ သင်္ဘောသီး၊ မာလကာသီး၊ လိမ္မော်သီး၊ သံပရာသီး၊ ကျွဲကောသီး၊ တရုတ်ဆီးသီး၊ ချယ်ရီသီး၊ စတော်ဘယ်ရီသီးတို့ ဖြစ်ပါတယ်။
ပိုတက်စီယမ်ဓာတ် ပါဝင်မှု မြင့်မားလို့ မဖြစ်မနေ ရှောင်ရှားရမယ့် သစ်သီးတွေကတော့ ငှက်ပျောသီး၊ သရက် သီး၊ ကီဝီသီး၊ သခွားမသီး၊ စပျစ်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ စွန်ပလွံသီး၊ သဖန်းသီး၊ ထောပတ်သီး၊ သလဲသီးနဲ့ ဆီးသီး ခြောက်တို့ ဖြစ်ပါတယ်။

အဓိက ရှောင်ရှားရမည့်အစားအစာများ

ချောကလက်၊ ကော်ဖီ၊ နွယ်ချို၊ အုန်း သီး၊ မြေပဲထောပတ်၊ ၀ိုင်၊ အရက်၊ ဆား အတု၊ ဖွဲနု၊ သကာရည်၊ တင်လဲရည်၊ အုန်းရည်တို့ ဖြစ်ပါတယ်။ ဒီအစားအစာ တွေကတော့ ပိုတက်စီယမ်ဓာတ်အများ အပြား ပါဝင်တာကြောင့် ဖြစ်နိုင်ရင် မစား တာကောင်းပါတယ်။

♦ ဆိုဒီယမ်ဓာတ်
ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းအရာတွေထဲမှာ သွေးတိုးရောဂါကလည်း တစ်ခုအပါအ၀င်ဖြစ်တာ ကြောင့် ဆိုဒီယမ် ပါဝင်မှုများတဲ့ အစား အစာတွေကို တတ်နိုင်သလောက် ရှောင် ရပါမယ်။ အဓိကတော့ ဆားလျှော့စားဖို့ ပါ။ နောက်ပြီး အသင့်စားနိုင်တဲ့ အစားအစာတွေ ဖြစ်တဲ့ အသားပြား၊ ကြက်အူချောင်း၊ ငါးသေတ္တာ၊ သနပ်အမျိုးမျိုး၊ ဆော့အချဉ်ရည်တွေကို အ တတ်နိုင်ဆုံး ရှောင်ပေးပါ။

ဆားများများစားတဲ့အခါ ရေငတ် တာကြောင့် ရေများများ သောက်မိပါ တယ်။ ရေသောက်များတဲ့အခါ ခန္ဓာကိုယ် ထဲမှာ ရေဓာတ်တွေ များပြီး မလိုအပ်ဘဲ ရောင်းရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင် တွေ အနေနဲ့ တစ်နေ့ကို ဆား ၇၅၀ ဂရမ် ကနေ ၁၀၀၀ ဂရမ်အထိပဲ စားရပါမယ်။ လက် ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ဆား ၂၅၀၀ ဂရမ် ပါဝင်ပါတယ်။ ဒီတော့ ဆား ကို လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံ လောက်ထိ လျှော့ချပြီး စားပေးပါ။

♦ ဖော့စဖရိတ်ဓာတ်
မီးစုန်းဓာတ်လို့ ခေါ်တဲ့ ဖော့စဖရိတ် ဓာတ်ကို တိရစ္ဆာန်တွေကနေ ရရှိပြီး အဓိက နို့ထွက်ပစ္စည်းတွေက ဖြစ်ပါတယ်။ အခွံမာ အစေ့အဆန်တွေကလည်း ရနိုင်ပါတယ်။ ဖော့စဖရိတ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ များရင်လည်း မကောင်းသလို နည်း သွားပြန်ရင်လည်း မကောင်းပါဘူး။ များသွားရင် ယားယံတာတွေဖြစ်စေပြီး ကယ်လ်စီယမ်ဓာတ်(ထုံးဓာတ်)ကိုလည်း လျော့နည်းစေနိုင်တာကြောင့် အရိုးတွေ အားနည်းပြီး ကျိုးလွယ်စေပါတယ်။ ဖော့စဖရိတ်ပါဝင်မှုများသည့် အစား အစာ တွေကတော့ အသည်း၊ ကျောက် ကပ်၊ အခွံမာ အစေ့အဆန်၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ဖရုံစေ့၊ ငါးသေတ္တာ၊ မုန့်ဖုတ် ဆိုဒါ၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို ကန့် သတ်ပြီး စားပေးရပါမယ်။

♦ သောက်သုံးရမည့် ရေဓာတ်ပမာဏ
ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေ အနေနဲ့ ရေသောက်တဲ့အခါ သက်ဆိုင် ရာ ဆရာဝန်တွေက ဩန်ကြားထားတဲ့ အတိုင်းသောက်ဖို့က အရေးကြီးပါ တယ်။ ရေပိုသောက်တာမျိုး ဖြစ်တဲ့အခါ ခန္ဓာ ကိုယ်ထဲမှာ ရေတွေ အများအပြား စုစည်း မိပြီး အသက်ရှုရ ခက်တာမျိုး၊ ရောင်ရမ်း တာ၊ သွေးဖိအား မြင့်မားတာ၊ အရည် အလေး ချိန်တိုးလာတာစတဲ့ ပြဿနာ တွေကိုကျောက်ကပ်ဆေးနေချိန် အတော် အတွင်းမှာ ကြုံရတတ်ပါ တယ်။ ဒါကြောင့် အရည်အလေးချိန်တိုးမြှင့်မှုကို ထိန်း ထားရမှာဖြစ်ပြီး ကျောက်ကပ်ဆေး ခြင်း ကုသမှု ကြားကာလရက်များတွင် အရည် အလေးချိန် ၂ ကီလိုထက်မပိုစေရပါဘူး။

♠  ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)  ♠

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *