ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးရပါမယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့နည်းလမ်းနဲ့ ဝိတ်ကျနိုင်ဖို့ အာဟာရပြည့်ဝတဲ့အစားအစာကို စားသုံးနိုင်ဖို့ကလည်းအလွန်မှပင် အရေးကြီးတယ်လို့ ဆိုပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေကတော့ မိမိစားတဲ့ အစားအစာမှ ပရိုတင်း ပြည့်ဝစွာ မရရှိတတ်ကြပါဘူး။ပရိုတင်းက မရှိမဖြစ်လိုအပ်တဲ့ အာဟရတစ်မျိုးဖြစ်ပြီး သူက စွမ်းအင်ရရှိအောင်ကူညီနိုင်ကာ ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ဆဲလ်အသစ်ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အစာအတွက်ကျေနပ်နှစ်သိမ့်မှုလည်း ရရှိနိုင်ပြီး အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိနိုင်ပါတယ်။ အသားစားသူတွေက ကြက်သားနဲ့ ငါးလိုမျိုး အသားအမျိုးမျိုးမှ ပရိုတင်းကို အပြည့်အဝ ရရှိနိုင်ပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေက ပရိုတင်းလုံလောက်အောင်ရရှိဖို့ ခက်ခဲနိုင်တာကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဖော်ပြပေးလိုက်ပါတယ်။#ဟင်းနုနယ်နှင့်ဘရိုကိုလီ။ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပရိုတင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ချက်ပြီးသား ဟင်းနုနယ်တစ်ခွက်စာမှာ […]
Author: Good Health Admin
ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အနှိပ်ခံတာကို ရှေးယခင်ထဲက အသုံးပြုခဲ့ကြပြီး သူက အန္တရာယ်ကင်းကာ သဘာဝအတိုင်း ဘဝအရည်အသွေး ကောင်းမွန်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ခြေထောက်အောက်ပိုင်းနဲ့ လက်ဖဝါးက အာရုံကြောကိုနှိုးဆွရတဲ့ နည်းလမ်းကို အသုံးပြုထားတာဖြစ်ပြီး အာရုံကြော တစ်ခုစီက ကိုယ်တွင်းက အင်္ဂါတွေနဲ့ ဂလင်းတွေ ဆက်သွယ်နေကြပါတယ်။ အနှိပ်ခံတာက ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်တဲ့ အံဩဖွယ်နည်းလမ်း ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်ဝေဒနာ၊ အအေးမိလက္ခဏာ၊ စိတ်ဖိစီးမှု နဲ့ နေ့စဉ် သက်သောင့်သက်သာ မရှိတာတွေ သက်သာနိုင်ပါတယ်။ ညစဉ် အိပ်ရာမဝင်ခင် ခြေဖဝါးကို အနှိပ်ခံတာကြောင့် တစ်နေ့တာလုံး ပင်ပန်းထားတဲ့ ခြေထောက် ညောင်းညာကိုက်ခဲတာ သက်သာသွားတဲ့ အပြင် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးကိုလည်း ရရှိနိုင်ပါတယ်။ #စိတ်ကျန်းမာရေးကောင်းမွန်နိုင်ခြင်း။ ခြေဖဝါးကို […]
ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ?
ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ? မနက်အိပ်ရာထခါစမှာ မျက်နှာအမ်းနေတာ ဒါမှမဟုတ် တစ်နေကုန် လမ်းလျှောက်အပြီး ခြေထောက်အမ်းနေတာက ပုံမှန် အခြေအနေ ဖြစ်ပေမဲ့ ဖောရောင်နေတာက ပြန်လျော့ကျ မသွားပဲ တစ်ချိန်လုံး ဖြစ်နေရင်တော့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ #ဖောရောင်သည်ဆိုသည်မှာ။ ခန္ဓာကိုယ်တစ်သျူးအတွင်း အရည်တွေ စုဆောင်းမှု များလာတာကို ဖောရောင်တယ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်နဲ့ ခြေသလုံးနေရာတွေမှာ ဖောနေတတ်ပါတယ်။ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက် အပါအဝင် ခန္ဓာကိုယ်ရဲ့ တစ်ခြားနေရာတွေမှာလည်း ဖောရောင် နိုင်ပါတယ်။ #သင့်မှာဖောရောင်ခြင်းရှိနေနိုင်သောလက္ခဏာများ။ – ဖောရောင်တဲ့နေရာက အရွယ်အစား ကြီးမားလာခြင်း – ဖောရောင်တဲ့ […]
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါကို ကမ္ဘာ့တစ်လွှားက တိုက်ထုတ်နေစဉ်မှာပဲ ကမ္ဘာ့နိုင်ငံအများအပြားကို ပျံ့နှံ့နေပြီ ဖြစ်တဲ့ မျောက်ကျောက်ရောဂါကို WHO က ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေလို့ သတ်မှတ်ပေးလိုက်ပါတယ်။ မျောက်ကျောက်ရောဂါက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပြီး ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ Smallpox နဲ့ ဆင်တူပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးရဲ့ ဗဟိုဌာနရဲ့ အဆိုအရ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ပြီလို့ သိရပါတယ်။ #မျောက်ကျောက်ရောဂါရဲ့လက္ခဏာ။ မျောက်ကျောက်ရောဂါက အဖြစ်များလာတာမို့ ရောဂါရဲ့လက္ခဏာတွေကို သိရှိရင် ရောဂါ မပျံ့ပွားအောင်ကာကွယ်နိုင်ပြီး အချိန်မီကုသနိုင်ပါလိမ့်တယ်။ ဒါပေမဲ့ ပြဿနာက ဒီရောဂါရဲ့ […]
ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင်
ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင် အချိန်ဘယ်လောက် လမ်းလျှောက်ရမလဲ ? #နှလုံးရောဂါဆိုသည်မှာ။ နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေ မျိုးစုံကို နှလုံးရောဂါ လို့ခေါ်ပါတယ်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုကို ဦးဆောင်နေတဲ့ ရောဂါ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်လွှားက လူပေါင်း ၁၇.၉ သန်းခန့်က ဒီရောဂါကြောင့် သေဆုံးနေကြတယ်လို့ WHO မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတဲ့ အစားအစာစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံ သောက်တာတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်တာကို ဖြစ်ပေါ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အေဂျင်စီက ထုတ်ဖော်ထားပါတယ်။သတင်းကောင်းတစ်ခုက နှလုံးရောဂါအများစုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ရောဂါကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့် […]
သင့်ကျားသဘာဝကို ကာကွယ်ပါ
အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါဟာ အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့မျိုးပွားအင်္ဂါနဲ့ သက်ဆိုင်ရာရောဂါတွေနဲ့ ပတ်သက်လို့ ဆေးဝါးကုသလိုစိတ် လွယ်လွယ်ကူကူရှိနေတတ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ အူကျွံရောဂါ (Hernia) ဖြစ်မဖြစ် ဆေး စစ်တဲ့ကိစ္စကလွဲလို့ သူတို့ရဲ့ကျန်းမာရေး နဲ့ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းကို လာ ပြခဲပါတယ်။ အဲဒီအတွက် အကျိုးဆက် ကတော့ အမျိုးသားတွေ မျိုးပွားအင်္ဂါဆိုင် ရာရောဂါတွေဖြစ်လာတဲ့အခါ ဘာလုပ်ရ မှန်းမသိ ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါ ဟာ လုံးဝမကောင်းပါဘူး။ ဘာလို့လဲ ဆိုရင် အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါတွေ နဲ့ပတ်သက်ပြီး ကင်ဆာရောဂါအပါ အဝင် ကျန်းမာရေးပြဿနာပေါင်းစုံ ဖြစ်နိုင်တဲ့အတွက် သင်ဟာ အမျိုးသား တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရင် နေမကောင်းဖြစ်နိုင်တယ်။ မြုံသွားနိုင်တယ်။ သေတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ဆောင်းပါးမှာပါတဲ့ပြဿနာ […]
တစ်ပတ်အတွင်း အိုမီခရွန်သတင်းများ
♦ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပါက အိုမီခရွန်ကြောင့် ဆေးရုံတက် သို့မဟုတ် သေဆုံးနိုင်ခြေ ၈၄ ရာခိုင်နှုန်းအထိ လျော့ကျနိုင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုး ထားပါက အိုမီခရွန်ကြောင့် သေဆုံးနိုင် ခြေ ၈၄ ရာခိုင်နှုန်း လျော့ကျနိုင်တယ်ဆို ပေမယ့် တတိယအကြိမ် ထိုးတာက ရောဂါမဖြစ်အောင် ယခင်ကထက် နှစ်ဆ ပိုမိုကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ pfizer အမျိုးအစားကာကွယ် ဆေးကို နှစ်ကြိမ်ထိုးထားသူတွေက ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေ ၈၃.၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး Covishield (Astra Zeneca) ကို နှစ်ကြိမ်ထိုးတာက အိုမီခရွန်ကြောင့် သေဆုံးနိုင်ခြေ ၇၇.၁ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာသူတွေက ထုတ် ဖော်လိုက်ပါတယ်။ ဒီကာကွယ်ဆေးနှစ် မျိုးစလုံးက ဆေးထိုးအပြီး သုံးလမှ ခြောက်လအတွင်း […]
ကိုဗစ် ၁၉ နှင့်ပတ်သက်သည့် သတင်းများ
♦ ကိုဗစ်ကာကွယ်ဆေးကို အရေပြား ကပ်ခွာအဖြစ် အသုံးပြုမည်။ ===== အရေပြားကပ်ခွာအဖြစ် အသုံးပြုမည့် ကိုဗစ်ကာကွယ်ဆေးအသစ်ကို Oxford မှ သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်အတွက် ရေရှည်ကာကွယ်မှု ရရှိနိုင်မှာဖြစ်ပြီး နှစ်စဉ် Booster Dose ထိုးရမယ့်အနေအထား ပြီးဆုံး တော့မည်ဟု ယုံကြည်ကြပါတယ်။ အရေပြားကပ်ခွာကိုဗစ်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို အဓိကတိုက်ထုတ်မယ့် T cell တွေကို လှုံ့ဆော်မှုပေးတာကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှ မရှိအောင် ကာကွယ်နိုင်ပါတယ်။ အခုအခါမှာ အဆင့် ၁ အနေ အထားကို ရောက်ရှိနေကာ ဆွစ်ဇာလန် နိုင်ငံမှ လူပေါင်း ၂၆ ယောက်ကို စမ်းသပ်ကာ ထိုးပြီးသွားပြီဖြစ်ပါတယ်။ အကယ်၍ အောင်မြင်ခဲ့ရင် ၂၀၂၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ အရေပြားကပ်ခွာ ကိုဗစ်ကာ […]
ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် အိုမီခရွန်နှင့်ပတ်သက်၍ ယနေ့အထိ သိထားသောအချက်များ
ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ WHO က ကိုရိုနာမျိုးစိတ် B.1.1.529 ကို သတိထားရမယ့်မျိုးစိတ်လို့ ထုတ်ပြန် လိုက်ပြီး အိုမီခရွန်လို့ နာမည်ပေးလိုက်ပါ တယ်။ ဒီဗိုင်းရပ်စ်က တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဘော့စ်ဝါးနား၊ အီတလီ၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျာမ နီ၊ ကနေဒါနဲ့ အစ္စရေးအပါအဝင် တိုက် ကြီးခြောက်တိုက်အတွင်းက လက်ရှိ နိုင်ငံပေါင်း ၂၆ ခုကျော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အိုမီခရွန်ဆိုတာက အယ်လ်ဖာ၊ ဘီတာ၊ ဂါမာနဲ့ ဒယ်လ်တာအပြီးမှာ WHO က အလေးအနက် သတိထားနေ ရတဲ့ ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်း ရပ်စ် နောက်ဆုံးမျိုးစိတ်သစ်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ […]
ကိုဗစ်ဖြစ်ပြီး ပျောက်ကင်းသူများတွင် ကျန်ရှိသည့် ရောဂါလက္ခဏာများနှင့် ဖြေရှင်းနည်း
၂၀၁၉ ဒီဇင်ဘာလဆန်းကတည်း က ကမ္ဘာ့ကပ်ရောဂါဖြစ်လာခဲ့တဲ့ COVID-19 ရောဂါနဲ့ ပြန်လည် ကောင်းမွန်သူပေါင်း သန်း ၂၀၀ ကျော် ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက ထက်ဝက်ကျော်လောက်မှာ ကိုဗစ်ရဲ့ လက္ခဏာတွေက ခြောက်လကျော်တဲ့အ ထိ ကျန်ရှိနေတယ်လို့ လေ့လာမှုကြီးတစ်ခုအရ သိရပါတယ်။ ဒါကို Long COVID Symptom လို့ ခေါ်ပြီး မောပန်းတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ် အောင့်တာ၊ အဆစ်အမျက်ကိုက်ခဲတာနဲ့ အနံ့အရသာပျောက်ကင်းတာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလေ့လာမှုကို အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ မတ်လအတွင်းက ကာကွယ်ဆေးမထိုးထားတဲ့ ကိုဗစ်လူနာပေါင်း၂၅၀၃၅၁ ယောက်ပါဝင်တယ်လို့ သိရပါတယ်။ လေ့လာမှုအရ လူကြီးရော၊ ကလေးငယ်တွေမှာပါ ကိုဗစ်ရောဂါဖြစ်ပြီး […]