ခုခံအားစနစ် ကောင်းဖို့အတွက် ဗီတာမင်များ

အခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေပြန်ဖွင့်နေပြီး မကြာခင်နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တာကြောင့် ကိုဗစ်ကို ရင်ဆိုင်နိုင်ဖို့အတွက် Mask တပ်တာ၊ လက်ဆေးတာနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာတွေအပြင် ခုခံအား စနစ်ကိုလည်း သန်မာအောင်ပြုလုပ်ထားရပါတော့မယ်။ ခုခံအားစနစ်ကောင်းမွန်နေရင် ကိုဗစ်ရယ်မှ မဟုတ်ပါဘူး။ ခုလိုဆောင်းရာသီမှာဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေးနဲ့ တခြားကျန်းမာရေးပြဿနာတွေအတွက်လည်း ကာကွယ်နိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်အောင် အိပ်ရေးဝဝအိပ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေအပြင် ခန္ဓာကိုယ်က အောက်ဖော်ပြပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို ရရှိဖို့လိုအပ်ပါတယ်။ ♦ ဗီတာမင် စီ ဗီတာမင် စီက ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်တာ ဒါမှမဟုတ် ပိုးဝင်ရောက် ချိန်တိုတောင်းနိုင်ပါတယ်။ ဗီတာမင်စီက အချဉ်အရသာရှိတဲ့ အသီးတွေမှာ များစွာ ပါဝင်ပါတယ်။ အောက်ပါတို့မှာလည်း များစွာပါဝင်ပါတယ်။ – ဟင်းနုနယ် – ကိုက်လန် […]

ဆေး သောက် သူ တိုင်းဘာတွေသိထားဖို့လိုသလဲ…

ဆေးသောက်သူတိုင်းသိထားသင့်တဲ့ ဆေးဝါး ပညာရပ်ဆိုင်ရာ ဗဟုသုတတွေရစေဖို့ ရေးသား လိုက်ပါတယ်။ OTC (Over the Counter) ဆေးကောင်တာမှာ ဆေးညွှန်းစာမလိုဘဲ ဝယ် ယူလို့ရတဲ့ဆေးတွေဖြစ်ပါတယ်။ ဘယ်လိုဆေးတွေ ကိုဆေးညွှန်းစာမလိုဘဲ ဝယ်လို့ရလဲဆိုရင် အဖျားကျ ဆေး၊ ခေါင်းမူးပျောက်ဆေး၊ ကိုယ်လက်ကိုက်ခဲတာ သက်သာစေတဲ့ဆေး၊ ဝမ်းပျက်ဝမ်းလျှောရင်သောက် ရမယ့်ဆေး၊ လိမ်းဆေးအမျိုးမျိုး၊ ဖြည့်စွက်ဆေး၊ ဖြည့်စွက်စာ စတာတွေပါဝင်ပါတယ်။ OTC ဆေးတွေနဲ့ပတ်သက်ပြီးသိစေချင်တာကတော့ ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတယ်ဆိုပြီး သောက်ချင်သလိုသောက်လို့ရတယ်၊ Safe ဖြစ်တယ်၊ အန္တရာယ်မရှိဘူးလို့ တချို့က ယူဆထားပါ တယ်။ တကယ်တော့ ဒီဆေးတွေသောက်မယ်ဆိုရင် ဆေးဘူးမှာပါတဲ့ Indication အညွှန်းစာအတိုင်း တစ်နေ့ ဘယ်နှကြိမ်သောက်ရမလဲ၊ ဘယ်နှနာရီခြား ပြီးသောက်ရမလဲ၊ ဆေးပမာဏဘယ်လောက်ထိပဲ သောက်လို့ရလဲ၊ အစာစားပြီးသောက်ရမှာလား ဒါ မှမဟုတ် အစာမစားခင်သောက်ရမှာလား စတာတွေ ကို […]

အာရုံစူးစိုက်မှုကောင်းအောင် ဘာတွေလုပ်ကြမလဲ

တစ်ခါတစ်ရံမှာ အာရုံစူးစိုက်မရ တာ၊ စိတ်ပျံ့လွင့်နေတာမျိုး သင်လည်း ဖြစ်ဖူးမှာပါ။ ဒီလိုအချိန်မှာ အာရုံစူးစိုက်မှု အားကောင်းအောင် ဘာတွေလုပ်နိုင်မလဲ လေ့လာကြည့်ရအောင် . . . မနက်စာက ဦးနှောက်အတွက်အား ဖြည့် လောင်စာပါ အလုပ်ချိန်နီးတာကြောင့် မနက်စာ မစားဘဲ သွားခဲ့တဲ့နေ့တွေ များနေပါပြီ လား။ လေ့လာမှုအရ မနက်စာစားပါက ဦးနှောက်Óဏ်ရည်နဲ့ စူးစိုက်မှတ်Óဏ် ကို ခဏအတွင်းရရှိစေပါတယ်။ မနက်စာ ကို ပြည့်ပြည့်ဝ၀ စားသူတွေဟာ လုံးဝ မစားသူတွေထက် သိသိသာသာလုပ် ဆောင်မှုကောင်းတာ တွေ့ရပါတယ်။ အမျှင်ဓာတ်များတဲ့ ကောက်နှံတစ်ခုလုံး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ သစ်သီးတွေကို မနက်စာအဖြစ် စားသုံးပေးပါက ဦး နှောက်အတွက် အားအင်ဖြစ်စေပါတယ်။ ဒါပေမဲ့ မနက်စာအဖြစ် ကယ်လိုရီများ တာတွေကို အလွန်ပြည့်အင့်အောင် စားပါ […]

ဗီတာမင် D ချို့တဲ့နိုင်ပါသလား

♦ ဗီတာမင် D ဘာကြောင့် လိုအပ်သလဲ သင့်အူက ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ်လိုမျိုးသတ္တုဓာတ်ကို စုပ်ယူနိုင်ဖို့ ခန္ဓာ ကိုယ်က ဗီတာမင် D ကို အသုံးပြုရပါတယ်။ ဗီတာမင် D က အရိုးနဲ့ သွားကို သန်မာ စေနိုင်ပါတယ်။ ကြွက်သား၊ အာရုံကြောနဲ့ ခုခံအားစနစ်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်က အရေပြားပေါ် ကျရောက်တာ၊ ကြက်ဥ၊ အဆီများတဲ့ငါးနဲ့ ဗီတာမင်အားဖြည့်ထားတဲ့ နွားနို့နဲ့ ကွေကာတွေကို စားသုံးတာကနေ ရရှိနိုင်ပါတယ်။ ♦ ဘယ်သူတွေက ဘာကြောင့် ဗီတာမင် D ပိုလိုအပ်ပါသလဲ – သင့်ခန္ဓာကိုယ်က နေရောင်ခြည်ကို လုံလုံလောက်လောက် မရရှိခဲ့ရင် – သင်က သက်သတ်လွတ်စားတာ ဒါမှမဟုတ် နို့နဲ့ […]

အရေပြားအတွက် ဂလိုင်ကောလစ်အက်စစ်

ဂလိုင်ကောလစ်အက်စစ် (Glycolic Acid) ကို မျက်နှာ သစ်ဆေး၊ ကြေးချွတ်ဆေး၊ မျက်နှာကပ်တဲ့ Mask တွေ၊ လိုး ရှင်းတွေနဲ့ Skincare အလှကုန်တွေမှာ ထည့်သွင်းထုတ်လုပ် လာကြပါတယ်။ ဂလိုင်ကောလစ်အက်စစ်က ဘာအတွက် ကောင်းတာလဲဆိုတာ အမေးများလာတာကြောင့် ဒီအတွက် ဖြေပေးလိုက်ပါတယ်။ ♦ ဂလိုင်ကောလစ်အက်စစ်က အရေပြားပေါ်က ဆဲလ်သေ တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ချွေး ပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်တဲ့သူတွေ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ♦ အရေပြားကထွက်တဲ့အဆီနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်တွေပိတ်မိသွားတဲ့အခါ ဗက်တီးရီးယားပေါက် ဖွားမှုဖြစ်စေပြီး ဝက်ခြံထွက်တာဖြစ်ပါတယ်။ ဂလိုက်ကော လစ်အက်စစ်က ချွေးပေါက်တွေကို ပွင့်စေနိုင်တာကြောင့် အရေပြားပိုပြီးကြည်လာစေပါတယ်။ ♦ ဂလိုင်ကောလစ်အက်စစ်ပါဝင်တဲ့ Skincare တွေကို အလွန်အကျွံအသုံးမပြုဖို့နဲ့ ပါဝင်တဲ့ ဂလိုင်ကောလစ် အက်စစ်ရာခိုင်နှုန်းကို ကြည့်ဝယ်ဖို့တော့လိုပါတယ်။ […]

ကိုဗစ်ဒုတိယလှိုင်းမှာ ဘာတွေထိခိုက်သွားလဲ

အခုဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ Covid လူနာတွေများလာပြီး ဆေးရုံ တွေမှာလည်း နေရာမလုံလောက်တာ တွေ ရှိလာတော့လေ Covid ဒုတိယ လှိုင်းက စိုးရိမ်စရာအခြေအနေဖြစ်လာပြီ လား ဆရာ။ အခု Covid ဒုတိယလှိုင်းက စိုးရိမ် စရာအခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးဝန် ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အလှူ ရှင်တွေ၊ တခြားနှီးနွယ်ပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေရော အ ကုန်လုံးက ပင်ပန်းနေကြပြီ။ ခြေကုန် လက်ပန်းကျနေကြပြီ။ တချို့နိုင်ငံတွေဆို တတိယလှိုင်း၊ စတုတ္ထလှိုင်းတောင်ပြော နေကြပြီဆိုတော့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲ တိုင်းပြည်အတွက် ပိုပြီးတော့ စိုးထိတ်စရာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ တောင် (Mask) တွေ မတပ်ကြလို့၊ စည်းကမ်းတင်းကျပ်မှုတွေကို သေသေ ချာချာ […]

သွေးတွင်းကိုလက်စထရောများတာကြောင့် ခြေထောက်ကို ဘယ်လိုထိခိုက်နိုင်လဲ

သွေးတွင်းမှာ ကိုလက်စထရောများ တာကြောင့် သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့မှု ဖြစ်စေပါတယ်။ နှလုံးကို အောက်ဆီဂျင်တွေ ပြည့်ဝနေတဲ့ သွေး တွေ ထောက်ပံ့တဲ့အခါ သွေးတွင်းမှာ ကို လက်စထရောတွေ ပါလာတဲ့အခါ သွေး လွှတ်ကြောပိတ် ဆို့မှုတွေ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အစွန်အဖျား သွေးလွှတ် ကြောမှာ ပိတ်ဆို့တဲ့အခါ တချို့သွေးလွှတ် ကြောတွေက ခြေထောက်ကို ထောက်ပံ့ ပေးနေတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းမှာ ကိုလက်စထရောတွေ များ တဲ့အခါ ခြေထောက်မှာ အောက်ပါကျန်း မာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ခြေထောက်နာကျဉ်ခြင်း သွေးလွှတ်ကြောရောဂါတွေရဲ့ လက္ခဏာတစ်ခုက ခြေထောက်နာကျဉ် တာပါ။ အများအားဖြင့် ကိုယ်လက်လှုပ် ရှားပြီးတဲ့အခါ ဥပမာ – လမ်းလျှောက် တာ၊ ပြေးတာ၊ လှေကားတက်တာ များတဲ့ […]

ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားသင့်ပါသလား

မာလကာသီးကို ဝမ်းချုပ်တတ်တဲ့ အစားအစာ၊ အူအတက်ပေါက်နိုင်တဲ့ အစားအစာလို့ ထက်မှတ်ပြီး အရသာရှိလို့ စားချင်ပေမယ့် ရှောင်ကြဉ်ကြသူတွေ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ မလကာသီးကိုစားသုံး တာက အန္တရာယ်ကင်းနိုင်ပါသလားလို့ ဆိုရင်တော့ သူ့မှာ ကျန်းမာရေးအတွက် အကျိုးများစွာရှိတာမို့ ကိုယ်ဝန်ဆောင် ကာလတောက်လျှောက် စားသုံးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ မှည့်နေပြီး အခွံနွှာထားကာ အစေ့ကုန်အောင်ထုတ်ထား တဲ့ မာလကာသီး ဖြစ်ရမှာဖြစ်ပြီး တစ်နေ့ကို တစ်လုံးထက်ပို မစားသုံးရပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးစားသုံးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နိုင်ခြင်း။ မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ခုခံအား စနစ်ကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် မြင့် တက်စေကာ […]

ကိုဗစ်ရောဂါကာကွယ်ဆေးရရှိအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲ

နိုဝင်ဘာလ ၂၅ရက်က မြန်မာနိုင်ငံ Covid-19 ကာကွယ်ဆေး စီမံချက်အ တွက် Covid-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ Video – conferencing စနစ်နဲ့ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည် ထောင်စုဝန်ကြီးပြောကြားခဲ့တဲ့ အမှာ စကားကို ကောက်နုတ်ရေးသားထားတာ ဖြစ်ပါတယ်။ Covid-19 ကာကွယ်ဆေးထိုးရရှိချိန်မှာ ထိုးနှံပေးမယ့် အစီအစဉ်တွေအနေနဲ့ ဘယ်လိုဆောင်ရွက်ထားပါသလဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနအနေနဲ့ ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်တဲ့ Covid-19 ကာကွယ်ဆေးတွေရရှိလာတဲ့အခါ ပြည်သူ တွေကို ဦးစားပေးအစီအစဉ်အလိုက် စ နစ်တကျ ထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနအ နေနဲ့ မြန်မာနိုင်ငံ Covid-19 ကာကွယ် ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး စီမံ ခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee-CNCC) နဲ့ […]

ဘာကြောင့် မှိုဟင်းကို စားသင့်ပါသလဲ

ကမ္ဘာပေါ်မှာ မှို အမျိုးအစားပေါင်း ၁၄၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲက ထက် ဝက်ခန့်က စားသုံးလို့ရတဲ့အမျိုးအစားပါ။ အမျိုးအစားတစ်ခုစီမှာ ကိုယ်ပိုင်ပုံသဏ္ဌာန်၊ အရသာနဲ့ နူးညံ့မှုတွေ ကိုယ်စီရှိကြပါတယ်။ မှိုမှာ သဘာဝဗီတာမင်ပေါင်း များစွာပါဝင်ပါတယ်။ ဗီတာမင် B5, B3, B2 အစ ရှိတဲ့ ဗီတာမင် B အုပ်စုအပြင် ကော့ပါးနဲ့ ဆီလီနီယမ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင် D ၊ ကယ်လ်စီယမ်နဲ့ တခြားသတ္တု ဓာတ်တွေလည်း ပါဝင်ပါတယ်။ မှိုက ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့ရင် ဗီတာမင် D ကို ထုတ်လုပ်ပေးပါတယ်။ မှိုကြီးကြီးတစ်ပွင့်က ဗီတာမင် D လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းထိ ရရှိနိုင်ပါတယ်။ မှိုမှာ များစွာပါဝင်တဲ့ […]