သစ်တော်သီးအရွယ် အသည်းကင်ဆာကျိတ်ဟု ထင်မှတ်ကာ ခွဲစိတ်ခဲ့ပြီးမှ ကင်ဆာကျိတ်မဟုတ်ဘဲ ရှားပါးကပ်ပါးကောင်ကြောင့်ဖြစ်နေ

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ် အက်မွန်တန်မြို့ မှ ကက်စီဒီအမ်းစထရောင်းဆိုသူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက အသည်းမှာ သစ်တော်သီးအရွယ်ကင်ဆာ ကျိတ်ဖြစ်နေတယ်ဆိုပြီး ဆေးကုသမှုတွေနဲ့ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ပြီးမှာ ကင်ဆာကျိတ်လုံးဝမဟုတ်ဘဲ ရှားပါးကပ်ပါးတစ် မျိုးကြောင့်ဖြစ်ရတာလို့ သိရှိလိုက်ရပါတယ်။ ကက်စီက ကိုယ် အလေးချိန် ၂၅ ပေါင်လောက် ကျဆင်းသွားခဲ့ပြီး အစာခြေမှု ပြဿနာတွေလည်းဖြစ်လာခဲ့ကာ အိပ်မပျော်တဲ့အခြေအနေတွေ နဲ့ စစ်ဆေးကုသမှုခံယူခဲ့တာမှာ ဆရာဝန်တွေက ကက်စီရဲ့အ သည်းမှာ သစ်တော်သီးအရွယ်အကျိတ်လုံးကိုတွေ့ရှိခဲ့ပြီး fibr-olamellar carcinoma ဆိုတဲ့ရှားပါးအသည်းကင်ဆာဆိုပြီး ကုသပေးနေခဲ့ကြပါတယ်။ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးချိန်မှာ အကျိတ် ကို ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ရာမှာတော့ ကင်ဆာကျိတ်မဟုတ်ဘဲ ရှားပါးကပ်ပါးသန်ကောင်တစ်မျိုးဖြစ်တဲ့ Echinococcus multilocularis ကြောင့်ဖြစ်တဲ့ alveolar echinococcosis ဆိုတဲ့ကပ်ပါးရောဂါခံစားနေရတာလို့ ဆရာဝန်တွေက ဆိုပါ တယ်။ သူရဲ့အသည်းထဲမှာ နှစ်ပေါင်း […]

ဝမ်းပျက်ဝမ်းလျှောနှင့်ပတ်သတ်သည့် အယူအဆများ

မိမိ ဒါမှမဟုတ် မိမိကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် ခံစားရခက်တာ ကြောင့် အမြန်ပျောက်ကင်းအောင် အစာတွေရှောင်တဲ့ အယူအဆတွေရှိကြပါတယ်။ ဒီလိုအယူအဆများစွာထဲက အမှန်နဲ့အမှားကို ခွဲခြားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ အယူအဆ BRAT Diet စားတာက ဝေဒနာသက်သာနိုင်ပါတယ်။ မှားပါတယ် BRAT Diet ဆိုတာက B=Bananaa (ငှက်ပျောသီး)ယ R= Rice (ဆန်)A=Applesauce (ပန်းသီးယို)၊ T = Toast (ပေါင်မုန့်မီးကင်)ဖြစ်ပြီး တစ်ချိန်က သူတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ BRဗွှ အစားအစာမှာ ပရိုတင်းနဲ့ အဆီလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာ ရဓာတ်တွေ လုံလုံလောက်လောက် မပါဝင်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခါစမှာ ဆန် ပြုတ်လိုမျိုး အစားအစာနဲ့ အစာအပျော့တွေ စားနိုင်ပေမယ့် ပုံမှန်အစားအစာကိုတော့ တတ်နိုင်သမျှ […]

ပုံမှန်ဖြစ်သော ကလေးငယ်တို့၏ စိတ်တိုစရာကောင်းသောအမူအကျင့်များ

မိဘတိုင်းက မိမိကလေးအသက် နှစ်နှစ်အရွယ်လောက်မှာဖြစ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ အမူအကျင့် တွေကို ကြုံကြရမှာပါ။ ဒီအခါမှာ မိဘတွေအနေနဲ့ မိမိကလေးတွေကပဲ ဆိုးသွမ်းနေသလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုများရှိနေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာလား၊ ပုံမှန်အခြေအနေလား၊ ဘယ်လိုဖြေ ရှင်းရမလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းငြင်းဆန်နေခြင်း ငြိမ်ပြီး လိမ္မာနေတဲ့ကလေးငယ်က ရုတ်တရက် မိဘခိုင်းတာကို ငြင်းဆန်နေတာပါ။ သူတို့ကြိုက်နှစ် သက်တဲ့အရာကိုတောင်မှ ငြင်းပယ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲ ဒီပြဿနာက ကလေးနှစ်နှစ်ခွဲကနေ သုံးနှစ် အကြားအရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေက သူတို့ဘာသာသူတို့ ပြုလုပ်နိုင်တယ် လို့ ထင်မှတ်နေတာကြောင့်ပါ။ သူတို့က မိသားစုထဲ မှာ တစ်စိတ်တစ်ဒေသအနေနဲ့ အရေးပါချင်တာ ကြောင့်လည်းပါပါတယ်။ ဘာပြုလုပ်ရမလဲ အတတ်နိုင်ဆုံး သည်းခံပါ။ ကလေးငယ်တွေရဲ့ ဆန္ဒတွေကို မချိုးနှိမ်ပါနဲ့။ သူတို့ဘာသာသူတို့ ဆုံး […]

အစာအိမ်နဲ့ အူလမ်းကြောင်း အမြဲတမ်း ကျန်းမာအောင် ဘာတွေလိုက်နာသင့်လဲ

အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာဖို့ အမြဲတမ်း လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ အစားအသောက် ချင့်ချိန်စားပါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ကို စားသောက်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော် စာတွေ၊ ဆားဆော်ဒါတွေ၊ အချဉ်လွန်ကဲတဲ့အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ခရမ်းချဉ်သီး စားသုံးတာက သင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်သုံးတာက အစာ ရေမျိုပြွန်အဝရဲ့ ကျုံ့ညှစ်မှုကို အားနည်း စေတာကြောင့် အစာအိမ်ထဲက အက်စစ် နဲ့အစာတွေ နောက်ပြန်ထွက်စေပြီး ရင်ပူ တာကို ဖြစ်စေပါတယ်။ ဆေးလိပ်သောက် တာက အစာအိမ်အနာ ဖြစ်ပွားနိုင်ခြေ များတဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ အရက်အလွန်အကျွံ […]

သင့်မှာ နှလုံးရောဂါဖြစ်နေပြီလား သိရှိနိုင်အောင် ကိုယ်တိုင်စစ်ဆေးနည်း

ရင်တုန်ပန်းတုန်ဖြစ်တာ၊ အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာလိုမျိုးခံစား နေရရင် မိမိမှာ နှလုံးရောဂါရှိနေပြီလားလို့ ထင်မှတ်ကြပါတယ်။ အကြောင်းကြောင်း ကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ ခက်ခဲနေရင် မိမိမှာ နှလုံးရောဂါ ရှိ မရှိ သိနိုင် အောင် မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိပ်ပျော်နေစဉ် လန့်နိုးခြင်း သင်က အသက်ရှူရပ်သွားတဲ့အတွက် အိပ်ရာကနေ လန့်နိုးလာတာက သင့်ဦး နှောက်ထဲကို အောက်ဆီဂျင်တွေ လုံလုံလောက်လောက် မရောက်တာကြောင့်ပါ။ ဒီလိုအခြေအနေတွေမှာ ဦးနှောက်က သွေးလှည့်ပတ်မှုကောင်းမွန်ဖို့အတွက် အချက် ပြလိုက်တာကြောင့် သင့်နှလုံးနဲ့ သွေးကြောတွေက ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် သွေးတိုးလာတာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ လေဖြတ်တာနဲ့ နှလုံးအလုပ်မလုပ် နိုင်ခြေတွေ မြင့်တက်လာနိုင်ပါတယ်။ အိပ်ပျော်စဉ် လန့်နိုးတတ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့အတွက် ဒီလိုဖြစ်ခဲ့ရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ […]

အူမကြီးရောင်ရမ်းရောဂါ ကြာရှည်ခံစားနေရပါသလား

ကျွန်မတို့ မြန်မာတွေက ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်လာပြီဆိုရင် ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြားဖူးတာရော၊ ပတ်ဝန်းကျင်က အကြံပေးတာရော ပေါင်းပြီး ယုံကြည်လိုက်ကြတာပါပဲ။ မှန်လား၊ မှားလား သိပ်ပြီး ဝေခွဲမနေတတ်ပါဘူး။ တကယ်လို့ အူမကြီးရောင်ရမ်းရောဂါ ခံစားနေရတယ်ဆိုရင်တော့ အောက်ပါမှန်ကန်တဲ့နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။ အာဟာရ ညီညွတ်မျှတစွာ စားသုံးပါ အစားအသောက်တွေကြောင့် နာတာရှည် အူမကြီးရောင်ရောဂါဖြစ်စေ တာ မဟုတ်ပေမယ့် ဒီရောဂါကြောင့် အ စားအသောက် စားသောက်ရာမှာ အခက် အခဲ ဖြစ်စေပါတယ်။ ဟင်းနုနယ်ရွက် စားသုံးလိုက်လို့ ရောဂါလက္ခဏာတွေ ပိုမိုခံစားရရင် တခြားဟင်းသီးဟင်းရွက် တွေကို စားသုံးမှုလည်း အလိုလို လျှော့ ချမိပါလိမ့်မယ်။ အဲဒီလို လျှော့ချတာ ကြောင့် ခန္ဓာကိုယ်မှာ အာဟာရဓာတ် ချို့ တဲ့တတ်ပါတယ်။ […]

သွားဖြူအောင် ကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်း ၁၀

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွား တိုက်နေတယ်ဆိုပေမယ့် အစားအ သောက်တွေကြောင့် သင့်သွားတွေမှာ အရောင်တွေ စွန်းထင်းမှုကြောင့် မဖြူ တော့ဘဲ ဝါကျင့်ကျင့်ဖြစ်နေတတ်ပါတယ်။ သွားဖြူစေဖို့ ပိုက်ဆံမကုန်ဘဲ ကိုယ်တိုင်ပြု လုပ်နိုင်တဲ့ နည်းလမ်း ၁၀ နည်းကို ဖော်ပြ လိုက်ပါတယ်။ (၁) မုန့်ဖုတ်ဆော်ဒါ သင့်သွားတွေ ဝါနေတာကို မုန့်ဖုတ် ဆော်ဒါအသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ် ဆော်ဒါ ထမင်းစားဇွန်း နှစ်ဇွန်းကို ရေ အေးနဲ့ ရောပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ကို ၂-၃ ကြိမ် ပြုလုပ်ပေးပါ။ (၂) စတော်ဘယ်ရီ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ များစွာပါဝင်ပြီး သွားတွေကို ဖြူဖွေးစေပါ တယ်။ စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ခြေပြီး သွားတွေကို ပွတ်တိုက်ပေး ပါ။ တစ်နေ့နှစ်ကြိမ်နဲ့ […]

အသက် ၃၀ မတ်မတ်တို့အတွက် Fashion Tips

အသက်အရွယ် ပြောင်းလဲလာတာနဲ့အမျှ စဉ်းစားတွေးခေါ်ပုံ၊ အယူအဆတွေနဲ့ အဝတ်အစားရွေးချယ်တာတွေပါ လိုက်ပြီးပြောင်းလဲလာပါတယ်။ ဆယ်ကျော်သက်မှာ ဘာဝတ်ဝတ်လှတဲ့အရွယ်၊ နှစ်ဆယ်ကျော်သက်မှာ ခေတ်စနစ် လူငယ်ပုံစံဖက်ရှင်ဝတ်တဲ့ အရွယ်တွေကျော်လွန်လာပြီး သုံးဆယ်တန်းထိပ်စည်းပြောင်း ပြီဆိုရင်တော့ လူငယ်မဟုတ်၊ လူကြီးမဟုတ်တဲ့အရွယ်မို့ အဝတ်အစားရွေးချယ်တာမှာ တစ်ကျော့ပြန်ပြီး စဉ်းစား ရပါမယ်။ လူငယ်ပုံစံလိုက်ဝတ်တာမျိုးက မလိုက် ဖက်တာများသလို၊ သက်တူရွယ်တူ အနုပညာ ရှင်တွေပုံစံလိုက်ကြည့်ပြီး ဝတ်တာကလည်း လူတိုင်းအတွက် မလိုက်ဖက်တတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ရယ်၊ သင်ရဲ့ Image ကိုပါ ထည့်စဉ်းစားရမယ့်အရွယ် ရောက်လာ ပါပြီ။ ဒီတစ်ပတ်မှာ အသက် ၃၀ ဝန်းကျင် မတ်မတ်တို့အတွက် ဖက်ရှင် Tငဈ တွေကို ရေးပေးလိုက်ပါတယ်။ 30’s Fashion Tips (၁) လက်ကိုင်အိတ် မတ်မတ်တို့အတွက် လက်ကိုင်အိတ်က အရေးကြီး ပါတယ်။ တည်ကြည်ထက်မြတ် […]

သင့်ကလေးရဲ့အပြုအမူတွေကို စိုးရိမ်စိတ်ဝင်နေလား

မိဘအများစုက ကလေးတွေရဲ့ လှုပ်ရှားပြုမူတာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်တတ်ကြပါတယ်။ ကိုယ့်ကလေးက သူ များကလေးထက် ဆော့တာ၊ အော်ဟစ်တာ၊ စိတ်ဆိုးမာန်ဆိုးပြု မူတတ်တဲ့ အလေ့အထတွေကြောင့် စိုးရိမ်စိတ်တွေ လွန်ကဲ တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကလေးရဲ့အပြု အမူက ကလေးသဘာဝပဲလား၊ အပြု အမူဆိုင်ရာ မှားယွင်းနေတာကြောင့် လားဆိုတာ ခွဲခြားရခက်ပါတယ်။ ကလေး ငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးနေ တဲ့ အချက်တွေရှိပါတယ်။ စိတ်ဆိုးဒေါသထွက်ခြင်း ကလေးငယ်တွေမှာလည်း အလိုမ ကျတဲ့အခါ၊ သူတို့လိုတာလေးတွေ မရတဲ့ အခါမျိုးမှာ စိတ်ဆိုးဒေါသထွက်တတ် တာဟာ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ကျယ်လောင်စွာအော်တာ၊ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်နေတာ တွေက သာမန်ပါပဲ။ ဒါပေမဲ့ ကလေးတွေ ဟာ မိဘက ကလေးကစားကွင်း လိုက်ပို့ ပေးတာ၊ သူတို့နှစ်သက်တဲ့ […]

ကြေးချွတ်ခြင်း၏ ကောင်းကျိုး

အရေပြားက သူ့သက်တမ်းကုန်ရင် ဆဲလ် သေတွေအဖြစ် ကွာကျပါတယ်။ ဆဲလ်သေတွေ စုလာတဲ့အခါ အရေပြားပေါ်မှာ ထူပြီး ခြောက် သွေ့လာတာ ဖြစ်လာပါတယ်။ အဲဒါတွေကို ကြေး တွန်းဖယ်ရှားပေးဖို့ လိုပါတယ်။ ကြေးတွန်းတာ ကြောင့် အရေပြားပေါ်က အဆီနဲ့ ချွေးဂလင်းတွေ ကို လှုံ့ဆော်ပေးလို့ အသားအရေ စိုပြည်စေပါ တယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး အရေပြား ဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိစေ ပါတယ်။ ကြေးချွတ်ခြင်း၏ကောင်းကျိုး – ပြန်ရည်ကြောစနစ်ကို ကောင်းမွန်စေတယ် – ခုခံအားစနစ်ကို ကောင်းမွန်စေတယ် – သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ် – ဆဲလ်သေတွေကို ဖယ်ရှားပေးတယ် – အသားအရေ ကြည်လင်လှပစေတယ် – အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီး ပေးတယ် – […]