လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ၀မ်းဗိုက်ချပ်ရပ်စေနိုင်သည့် အမူအကျင့်များ

ဝမ်းဗိုက်ပူစေရတဲ့အကြောင်းရင်း တွေထဲမှာ လေပွတာက ထိပ်ဆုံးက ဖြစ် ပါတယ်။ သင်ရဲ့ အစာအိမ်နဲ့ အူလမ်း ကြောင်းတစ်လျှောက်မှာ လေပမာဏ များနေရင် လေပွနိုင်ပါတယ်။ ပုံမှန်အား ဖြင့် လေ တစ်လီတာလောက်က အစာ အိမ်နဲ့ အူအတွင်းမှာ ရှိနေတတ်ပြီး ဘ၀ နေထိုင်မှုပုံစံနဲ့ စားသောက်မှုပုံစံတွေ ကြောင့် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အူထဲမှာ လေပါဝင်မှုပမာဏတွေ ကွဲပြား သွားနိုင်ပါတယ်။
သင်ဟာ လေပွတာကြောင့် ဗိုက်ပူ နေရင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

အဆုတ်နဲ့ ၀မ်းဗိုက်ခြားထားတဲ့ ကန့် လန့်ကာကြွက်သားအောက်နေရာကို နှိပ် နယ်ပေးပါ

ဒီနေရာက သင့်ချက်အပေါ် လက် လေးလုံးခန့်နေရာဖြစ်ပြီး အဲဒီနေရာကို နာရီလက်တံရွေ့တဲ့အတိုင်း ၂-၃ မိနစ် ခန့် နှိပ်ပေးပြီး နာရီလက်တံနဲ့ ပြောင်း ပြန်အတိုင်း ၂-၃ မိနစ်ခန့် နှိပ်ပေးပါ။ သင်ရဲ့ နှိပ်နည်းမှန်ကန်ခဲ့ရင် ခံတွင်း အတွင်းမှာ ချဉ်စုပ်စုပ်အရသာလိုမျိုး ခံစားရပါလိမ့်မယ်။ တံတွေးတွေလည်း ပိုမိုထွက်လာနိုင်ပါတယ်။ ဒီနည်းလမ်းက ၀မ်းဗိုက်ထဲက လေတွေကို လျော့ကျသွား စေနိုင်ပါတယ်။

ချက်အပေါ်နေရာကို နှိပ်နယ်ပေးပါ

ဒီနေရာကို နာရီလက်တံအတိုင်း ၂-၃ မိနစ်၊ နာရီလက်တံနဲ့ ပြောင်းပြန် အတိုင်း ၂-၃ မိနစ်ခန့် နှိပ်ပေးပါ။ လေ ထိုးလေအောင့်တာ သက်သာသွားနိုင် တဲ့အပြင် ကိုယ်အတွင်း ပိုလျှံနေတဲ့ ရေ တွေလည်း လျော့ကျသွားနိုင်ပါတယ်။

ဆီးစပ်အပေါ်နေရာကို နှိပ်နယ်ပေးပါ

ချက်အောက် လက်လေးလုံးနေရာ မှာ သင့်လက်တွေကိုထားပြီး နာရီ လက်တံအတိုင်း ၂-၃ မိနစ်၊ နာရီလက် တံနဲ့ ပြောင်းပြန်အတိုင်း ၂-၃ မိနစ်ခန့် နှိပ်ပေးပါ။

မနက်အိပ်ရာထ ရှောက်ရည်တစ်ခွက် သောက်ပေးပါ

ရေနွေးထဲကို ရှောက်သီးတစ်ဝက် စိမ်ပြီး သောက်တာက အစာအိမ်မှ အစာ ခြေရည်တွေ ထွက်ရှိနှုန်း လျော့ကျသွား အောင် ကူညီနိုင်ပါတယ်။ ရင်ပူနာနဲ့ လေ ပွနာလည်း သက်သာနိုင်တဲ့အပြင် ရှောက်သီးမှာ ပါဝင်တဲ့ ဗီတာမင် စီ ကို လည်း ရရှိသွားနိုင်ပါတယ်။

နွားနို့ ဒါမှမဟုတ် ကော်ဖီ တွေကို သိပ်များ များ မသောက်ပါနဲ့

နွားနို့ဟာ အစာအိမ်က အစာခြေ ရည်ထွက်ရှိနှုန်းမြင့်တက်စေနိုင်ပါတယ်။ နွားနို့သောက်မယ့်အစား ဒိန်ချဉ်သောက် တာက အစာခြေစနစ်ကို ကူညီပေးနိုင် တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းမှာရှိတဲ့ လေပမာဏတွေ လျော့ ကျသွားနိုင်ပါတယ်။

ထမင်းစားနေစဉ် ရေမသောက်ပါနဲ့

အစာစားနေစဉ် ရေသောက်တာက အစာအိမ်ထဲက အစာခြေအက်စစ်နဲ့ အင် ဇိုင်းတွေကို ရေနဲ့ ရောသွားသလို ဖြစ်ပြီး အားပျော့သွားတဲ့အတွက် အစာခြေဖို့ အချိန် ပိုလိုအပ်သွားပါတယ်။ အစာခြေ ဖို့ အချိန် ကြာလေလေ၊ အူလမ်းကြောင်း ထဲမှာ လေများများထွက်လာလေလေပါ။

အစာမရှိဘဲ အရက်မသောက်နဲ့

အရက်သောက်လိုက်တာက အစာ အိမ်ထဲက အက်စစ်ဓာတ်တွေ ပိုမိုထွက်ရှိ လာအောင် လှုံ့ဆော်ပေးပါတယ်။ အစာ အိမ်ထဲမှာ အစာမရှိတဲ့အတွက် အက်စစ် တွေက အစာအိမ်နံရံကို ဖျက်ဆီးလိုက် ပြီး လူ့အကျိုးပြုဘက်တီးရီးယားတွေကို လည်း သတ်ပစ်လိုက်ပါတယ်။ ဒီလိုဖြစ် တာကြောင့် အစာခြေစနစ် နှေးကွေးသွား ပြီး လေတွေ များလာတာဖြစ်ပါတယ်။ ဒါ ကြောင့် ဘီယာသောက်သူတွေ ဗိုက်ပူနေ ကြတာဖြစ်ပါတယ်။

ချင်းလက်ဖက်ရည်သောက်ပါ

ချင်းဟာ အစာကြေစေနိုင်ပြီး သွေး ကြဲစေတာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း လေထုတ်လုပ်မှု ကို လျော့ကျစေနိုင်တဲ့အတွက် လေပွတာ သက်သာသွားနိုင်ပါတယ်။

အဆင်သင့်စာတွေကို ရှောင်ကြဉ်ပါ

အဆီပါဝင်မှုများတဲ့အစားအစာ တွေက အစာခြေစနစ်ကို နှေးကွေးနိုင် ပါတယ်။ အဆင်သင့်စာတွေမှာ ဆီတွေ များစွာ ပါဝင်တဲ့အတွက် မစားသုံးသင့်ပါ ဘူး။ အဆီပါဝင်မှုများလေလေ၊ အစာ အိမ်ထဲ လေထွက်လာမှုများလေလေပါ။

လေတွေကို မမျိုချမိပါစေနဲ့

လေပွတာက အစာအိမ်အတွင်း လေထွက်ရှိမှုများလာတာကြောင့် ဖြစ် တာပါ။ လေပါတဲ့ ဖျော်ရည် (ဥပမာ ဆော်ဒါရည်)တွေကို သောက်တာ၊ အစာ မြန်မြန်စားတာ၊ ပါးစပ်ဖွင့်ပြီး အစာဝါး တာတွေက လေတွေ အစာမျိုပြွန်အတွင်း ရောက်ရှိစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါ တယ်။ ဆေးလိပ်သောက်တာ၊ ပီကေ၀ါး တာတွေကလည်း လေတွေကို မျိုချမိနိုင် ပါတယ်။ ဒါ့အပြင် ပီကေ၀ါးတာကြောင့် အစာအိမ်အက်စစ်တွေ ထွက်လာအောင် လှုံ့ဆော်နိုင်တဲ့အတွက် အစာအိမ်အမြှေး ပါးတွေ ပျက်စီးနိုင်ပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာ တွေကို အလွန်အကျွံမစားပါနဲ့

အမျှင်ဓာတ်ဟာ အစာခြေစနစ်အ တွက် အကူအညီရပေမယ့် အမျှင်ဓာတ် ပါဝင်မှုများလွန်းတဲ့အစာကို စားတာက အူလမ်းကြောင်းအတွင်း လေထွက်ရှိမှု ပမာဏတွေ များလာပြီး လုပ်ငန်းဆောင် တာတွေ အနှောင့်အယှက်ဖြစ်သွားနိုင်ပါ တယ်။

မိမိကိုယ်မိမိ ဖိအားသိပ်မပေးပါနဲ့

စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျ တာတွေက အူရဲ့ လုပ်ငန်းဆောင်တာ တွေအပေါ် သက်ရောက်မှုရှိပြီး အစာခြေ တဲ့လုပ်ငန်းစဉ်ကို နှေးကွေးသွားနိုင်ပါ တယ်။ စိတ်ဖိစီးမှုလျော့နည်းအောင် နေ့ စဉ် နာရီဝက်ခန့် တရားထိုင်ပေးပါ။
သင်ရဲ့ ၀မ်းဗိုက်ကအဆီတွေလျော့ ကျဖို့ အားကစားခန်းမကို နေ့စဉ်သွားပြီး လေ့ကျင့်နေမယ့်အစား အထက်ပါဘ၀ နေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်တာ က လေပွတာတွေ လျော့ကျသွားပြီး ခါး အတိုင်းအတာ သေးသွားနိုင်ပါတယ်။

◘ ဒေါက်တာ ခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *