လေဆာနဲ့ မျက်စိပါဝါဖျောက်မယ်ဆိုရင်

♦ မျက်စိပါဝါဖြစ်ရတဲ့အကြောင်းကို ရှင်းပြပေးပါဆရာ။
မျက်စိပါဝါဖြစ်တဲ့ အဓိကအကြောင်း က နှစ်ခုရှိတယ်၊ တစ်ခုက Eye Ball ရဲ့ ကန့်လန့်ဖြတ်အလျားကို Axial Length လို့ခေါ်တယ်၊ မျက်ကြည်လွှာရဲ့ Curvature ပေါ် မူတည်ပြီးတော့ မျက်မှန်ပါဝါ က ထွက်လာတယ်။ Axial Length ကို ပြောင်းလဲလို့ မရဘူး။ Curvature ကို  တော့ ပြောင်းလဲလို့ရတယ်။ Curvature ပြောင်းလဲဖို့ကို လေဆာနဲ့ပဲ ဖြစ်ဖြစ်၊ ခွဲ စိတ်ပြီးပဲဖြစ်ဖြစ် ပြောင်းလဲလိုက်ရင် ပါဝါ ကို လျှော့ချနိုင်ပါတယ်။ ဆရာတို့ ဆေးရုံ မှာတော့ LASIKလို့ခေါ်တဲ့ လေဆာနဲ့ မျက်စိပါဝါဖျောက်တာကို နောက်ဆုံးပေါ် စက်တွေနဲ့ ပြုလုပ်ပေးနေပါတယ်။ အရင် တစ်ချိန်တုန်းက Curvature ကို ပြောင်း ဖို့အတွက် ခွဲစိတ်ကုသပေးခဲ့တယ်။ ဒီ စနစ်ကနေ နောက်ပိုင်းမှာ ခွဲစိတ်ကုသမှု က လေဆာလောက်တိကျမှု မရှိတာ ကြောင့် မလုပ်တော့ဘဲ လေဆာနဲ့ပဲ ကု သမှုတွေ ပြုလုပ်ပေးပါတယ်။

♦ ခွဲစိတ်တာထက် လေဆာနဲ့ ကုသတာက ဘယ် လိုအားသာချက်တွေ ရှိပါသလဲဆရာ။
အရင်က ခွဲစိတ်ကုသမှုကို Radial Keratotomy (RK) လို့ ခေါ်တယ်။RK မှာက ခွဲစိတ်ရာ ပေးရတယ်။ တိကျမှုက လည်း နည်းတယ်။ LASIK မှာတော့ တိကျမှုက ရာနှုန်းပြည့်ရှိတယ်။RK နဲ့ LASIK ယှဉ်လိုက်ရင်LASIK  ကRK ထက် ကောင်းကိုပိုကောင်းရမယ်။

♦ LASIKနည်းနဲ့ လုပ်မရတဲ့သူတွေကော ရှိ ပါသလားဆရာ။
LASIK လုပ်ဖို့ကို တိုင်းလိုက်တဲ့အ ခါ မျက်ကြည်လွှာရဲ့ အထူက ၂၅၀ မိုက် ခရိုမီတာ အနည်းဆုံး ကျန်ရပါမယ်။ အဲဒီ လိုမကျန်ရင် LASIK နည်းနဲ့ လုပ်လို့ မရ ပါဘူး။ ဒီနည်းနဲ့ လုပ်မရသူတွေကို ဆရာ တို့ အခုလုပ်နေတာက Mirroring ကို မျက်ကြည်လွှာထဲကို ခွဲစိတ်ပြီး ထည့်ပေး ပါတယ်။

♦ လေဆာနဲ့ မျက်စိပါဝါဖျောက်ဖို့ လုပ်နိုင်သူ တွေက ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရပါမလဲ ဆရာ။
လေဆာနဲ့ မျက်စိပါဝါဖျောက်ပေး တာကို အသက် ၂၁ နှစ်ပြည့်ပြီး အသက် ၃၈ နှစ်အောက်ရှိသူတွေမှာ လုပ်ပေးပါ တယ်။ ဒါက အသက်အရွယ်အရ သတ် မှတ်ထားပါတယ်။ မျက်မှန်ကို စမ်းသပ်ပါ တယ်။ CRS Master ဆိုတာ စက်တစ်ခု နဲ့လည်း စမ်းသပ်ပါတယ်။ ဒီလိုစမ်းသပ် ပြီး မျက်ကြည်လွှာရဲ့အထူက အနည်းဆုံး ၂၅၀ မိုက်ခရိုမီတာရှိသူတွေကို လေဆာနဲ့ ပါဝါဖျောက်ပေးတာ ပြုလုပ်ပေးပါတယ်။

♦ လေဆာနဲ့ မျက်စိပါဝါဖျောက်ချင်တယ်ဆိုရင် ဘယ်မှာပြုလုပ်လို့ရပါသလဲ ဆရာ။
လူနာက မျက်စိပါဝါဖျောက်တာကို လေဆာနဲ့ ပြုလုပ်ချင်တယ်ဆိုရင် အပြင် ပုဂ္ဂလိကဆေးခန်းအနေနဲ့American Visoin Laser Eye Center မှာ ပြုလုပ် လို့ ရပါတယ်။

♦ မျက်စိပါဝါရှိသူတိုင်း LASIK နည်းကို အ သုံးပြုသင့်ပါသလားဆရာ။
မျက်စိပါဝါဆိုတာကEye Ball ရဲ့Axial နဲ့ Curvature နှစ်ခုပေါ်မှာ မူ တည်ပါတယ်။ ဆရာဆိုရင်လည်း မျက် မှန်တပ်ရတယ်။ အဲဒါကို လေဆာနဲ့ မျက် စိပါဝါဖျောက်တာကို လုပ်မယ်၊ မလုပ်ဘူး ဆိုတာကတော့ လူနာရဲ့ ဆုံးဖြတ်ချက်ပါ။ ဘာလို့လဲဆိုတော့ ဥပမာအားဖြင့် မျက်စိ အတွင်း တိမ်ဖြစ်တယ်၊ ရေတိမ်ဖြစ်တယ် ဆိုရင် ကုသမှု ခံယူကို ခံယူရပါမယ်။ မျက်မှန်တပ်တဲ့သူတစ်ယောက်အနေနဲ့ တော့ လေဆာနဲ့ မျက်စိပါဝါ ဖျောက်ကို ဖျောက်ရမယ်ဆိုတာမျိုးမရှိပါဘူး။ ဆရာ ဆိုရင် ဆရာနဲ့ မျက်မှန်နဲ့ အဆင်ပြေနေ တယ်၊ မျက်မှန်တပ်ရတာကိုလည်း ဆရာ က ကြိုက်တယ်ဆိုတော့ လေဆာနဲ့ မျက် စိပါဝါဖျောက်တာကို မလုပ်ဘူး။ တချို့ကျ တော့ သူ့လုပ်ငန်းခွင်အရ မျက်မှန်တပ်လို့ မရတာမျိုးတွေ ရှိပါတယ်။ တချို့ကျ တော့လည်း မျက်မှန်ကို မကြိုက်တာရှိ တယ်။ ဒါကြောင့် ဒီကုသနည်းကို Luxury Surgery လို့ ခေါ်တယ်။ နိုင်ငံ တကာမှာဆိုရင် အာမခံကုမ္ပဏီတွေက LASIK လုပ်ရင် အာမခံကြေး မပေးပါ ဘူး။ သွားတောင်းလို့ မရပါဘူး။ လူနာက သူ့အိတ်ထဲကပဲ ကျခံပြီး လုပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုကိုကုရမယ့် ဟာမျိုး မဟုတ်ဘူး။ တစ်နည်းအားဖြင့် ရောဂါမဟုတ်ဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ရပ်၊ ဖြစ်ချင်တဲ့ဆန္ဒတစ် ရပ်အနေနဲ့ လုပ်တာမျိုးပါ။

♦ လေဆာနဲ့ မျက်စိပါဝါဖျောက်ပြီးရင်ကော ပြန်ဖြစ်နိုင်ခြေရှိပါသလား ဆရာ။
ပြန်ဖြစ်နိုင်ပါတယ်။ ဆရာတို့က မျက်စိပါဝါဖျောက်ပေးတာကို အသက် ၂၁ နှစ် သတ်မှတ်တယ်ဆိုတာက Eye Ball ရဲ့ Micrometer တွေ မပြောင်း လဲတဲ့ အရွယ်ကို စောင့်တာပါ။ အသက် ၁၆ နှစ် အရွယ်၊ ၁၀ တန်းအောင်တယ်၊ စစ်တက်္ကသိုလ် သွားချင်တယ်၊ မျက်မှန်မ တပ်ရအောင် လေဆာနဲ့ မျက်စိပါဝါ ဖျောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ လုပ်မပေးပါဘူး။ အပြင်ဆေးခန်းတချို့မှာ ငွေကြေးတပ်မက်မှုနဲ့ လုပ်တာရှိတယ်လို့ ကြားမိပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာ လေဆာနဲ့ မျက်စိပါဝါဖျောက်လိုက်တယ် ဆိုရင် နောင်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မျက်စိပါဝါက ပြန်ဖြစ်လာတယ်။ စစ်တက္ကသိုလ်တက်တဲ့ကလေးဆိုရင် လေဆာနဲ့ မျက်စိပါဝါဖျောက်ပြီး တစ်နှစ်-နှစ်နှစ် အတွင်း မျက်စိပြန်မှုန်လာတော့ ကျောင်း တောင် မပြီးသေးဘူးဆိုတော့ အဆင်မ ပြေပါဘူး။ ဒါကြောင့် ဆရာတို့က အသက် သတ်မှတ်ပြီး လုပ်ပေးတာပါ။ ဆရာတို့ လုပ်သင့်တယ်လို့ ဆုံးဖြတ်လိုက်တဲ့သူ တွေမှာ ပြန်မဖြစ်ပါဘူး။ အရင်က -၈ လောက်ရှိတာကို လေဆာနဲ့ မျက်စိပါဝါ ဖျောက်ရင် ပြန်ဖြစ်လည်း အလွန်ဆုံး -၁ လောက်ပဲ ဖြစ်ပါတယ်။

♦ LASIKနည်းနဲ့ပတ်သက်ပြီး အကြံပြုပြော ကြားလိုတာများရှိရင်လည်း ပြောပြပေးပါဆရာ။
လေဆာနဲ့ပါဝါဖျောက်တာက လုပ် ကို လုပ်ရမယ့် အခြေအနေမျိုး မဟုတ် ပါဘူး။ လူနာရဲ့ လိုအပ်ချက်အရ လုပ်ရ တာပါ။ အဓိက အလုပ်အကိုင်နဲ့ အလှ အပကြောင့်ပါပဲ။ အဲဒီအတွက်ကြောင့်ပဲ အဓိက လုပ်ကြတာပါ။ ဘာကြောင့်လဲဆို တော့ လေဆာနဲ့ မျက်စိပါဝါဖျောက်တာ က ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ပါ။ လေဆာနဲ့ မျက်စိပါဝါဖျောက်တာကို လုပ်လိုက်တဲ့အခါ အရင်က ထူတဲ့မျက် ကြည်လွှာက ပါးသွားပါတယ်။ ဒီလိုပါး သွားတာကြောင့် ပါဝါမဖျောက်ခင်က လောက် မျက်စိကို ထိခိုက်ဒဏ်ရာဖြစ် လာရင် ခံနိုင်ရည် ရှိချင်မှ ရှိပါမယ်။ မျက် ကြည်လွှာကို လွှာပြီးလုပ်တာကြောင့် LASIK လုပ်သူတွေမှာ မျက်ရည်ခန်း ခြောက်တာဖြစ်ပါတယ်။ မျက်ရည်ခန်း ခြောက်တာအတွက် မျက်ရည်အတု ထည့် လို့ရတယ်ဆိုပေမယ့် မျက်လုံးအတွက် မျက်ရည်က လိုကိုလိုအပ်ပါတယ်။ မျက် ရည်က မျက်လုံးကို စွတ်စိုအောင် လုပ် ပေးပါတယ်။ မျက်ရည်ခန်းခြောက်သွား ရင် မျက်လုံးက ပုံရိပ်ကို ကောင်းကောင်း မမြင်ရတော့ဘဲ ဝါးနေတတ်ပါတယ်။ ဒါကြောင့် LASIKလုပ်မယ်ဆိုရင် ဘေး ထွက်ဆိုးကျိုးရှိတယ်ဆိုတာ သိသင့်ပါ တယ်။ မျက်မှန်မတပ်ရရင် ပြီးရောဆိုပြီး မလုပ်သင့်ပါဘူး။ အလုပ်အကိုင်အတွက် တကယ်လိုအပ်လို့ လုပ်တာပဲ ဖြစ်သင့်ပါ တယ်။ လုပ်တဲ့အခါမှာလည်း တကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပဲ လုပ်သင့်ပါတယ်။ ဆရာဝန်က လိုအပ် တယ်၊ လုပ်သင့်တယ်လို့ ပြောမှသာ လုပ် သင့်ပါတယ်။

♥ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal