ပေါင်ခြံတစ်ဝိုက် နီရဲယားယံနေလျှင်

ပေါင်ခြံတစ်ဝိုက်မှာ နီရဲယားယံ နေတဲ့အခါ လူရှေ့သူရှေ့မှာ ကုတ်ရ လည်းမလွယ်၊ ဒီတိုင်းနေပြန်တော့ လည်း ယားယံနေတာကြောင့် ကသိက အောက်ဖြစ်ရပါတယ်။ ဒါကို အောက်ပါ လွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်း နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ
အရမ်းပူခြင်း
ရာသီဥတုအရမ်းပူပြင်းတဲ့အခါ ပေါင်ခြံတစ်ဝိုက်မှာအနီစက်တွေ ထွက် လာပြီး ယားယံတာကို ခံစားရပါတယ်။ ကိုယ်အလေးချိန်များသူတွေ၊ ပေါင်ကြီး သူတွေမှာ ပိုမိုဖြစ်နိုင်ခြေများပါတယ်။

ပွတ်တိုက်မိခြင်း
ကျပ်လွန်းတဲ့အ၀တ်အစားတွေ ၀တ်ဆင်တာ၊ အ၀လွန်တာတွေကြောင့် ပေါင် နှစ်ချောင်းပွတ်မိရာကနေ နီရဲပြီး ပေါက်ပြဲတဲ့အထိလည်းဖြစ်နိုင်ပါတယ်။

ပိုးဝင်ခြင်း
ပေါင်ခြံတစ်ဝိုက်မှာ မှိုပိုးတွေ ကြောင့်လည်း ပိုးဝင်ပြီး နီရဲယားယံတာ ကို ခံစားရနိုင်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးအားနည်းသူတွေမှာ ပို တွေ့ရတတ်ပါတယ်။ အထူးသဖြင့် အတွင်းခံဘောင်းဘီ၊ တဘက် စတာ တွေကိုသူများတွေနဲ့ ဝေမျှသုံးစွဲတာ ကြောင့်လည်း ဖြစ်နိုင်ခြေများပါတယ်။

ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းနေသူတချို့ရဲ့ ပေါင်ခြံတစ်ဝိုက်မှာလည်း နီရဲယားယံ တာတွေဖြစ်ပွားတတ်ပါတယ်။ တချို့ တွေမှာယားယံတာအပြင် ပူစပ်ပူလောင် ဖြစ်တာကိုလည်း ခံစားရနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ရေခဲကပ်ပါ
ယားယံပြီး နီရဲရောင်ရမ်းတာကို သက်သာစေဖို့ ပေါင်ခြံတစ်ဝိုက်ကို ရေ ခဲကပ်ပေးနိုင်ပါတယ်။ တဘက်အသေး တစ်ထည်ကို ရေခဲရေထဲ ထည့်စိမ်ကာ ရေညှစ်ပြီး ပေါင်ခြံတစ်ဝိုက် ကပ်လိုက်၊ ရေခဲရေထဲ ထည့်စိမ်ပြီး ရေညှစ်လိုက် ကပ်လိုက်ပြုလုပ်ပေးပါ။ ရေခဲရေနဲ့ ရေ စိမ်ချိုးတာမျိုးလည်း ပြုလုပ်နိုင်ပါ တယ်။

ဆော်ဒါမှုန့် သုံးပါ
ပေါင်ခြံတစ်ဝိုက် စိုစွတ်မနေဘဲ ခြောက်သွေ့နေအောင် ထားရပါမယ်။ ရေချိုးပြီးတဲ့အခါ ပေါင်ခြံတစ်ဝိုက်ကို လည်း ခြောက်သွေ့အောင်ရေသုတ်ပြီး ဆော်ဒါမှုန့်လိမ်းပေးပါ။ ခြောက်သွေ့ နေတာကြောင့် ယားယံမှုကိုသက်သာ စေပါတယ်။

ရှားစောင်းလက်ပပ်ဂျယ်လီလိမ်းပါ
ရှားစောင်းလက်ပပ်ဂျယ်လီကြောင့် ချောမွေ့မှုကိုဖြစ်စေပါတယ်။ ပေါင်ခြံ တစ်ဝိုက်က နီရဲယားယံမှုတွေကို သက် သာစေဖို့ ရှားစောင်းလက်ပပ်အတွင်း သား ဂျယ်လီကိုရေခဲသေတ္တာထဲထည့် ပြီး အေးသွားမှ လိမ်းပေးရပါမယ်။ ၁၅-၂၀ မိနစ်လောက်ထားပြီး ရေနဲ့သန့် စင်ပေးပါ။

လက်ဖက်ဆီ
အလှကုန်ပစ္စည်းဆိုင်တွေမှာမေး ၀ယ်လို့ရနိုင်ပါတယ်။ လက်ဖက်ဆီကို ဒီတိုင်းအသုံးပြုမယ်ဆိုရင် ပြင်းနေလို့ ရေအနည်းငယ်ရောပြီးမှ ပေါင်ခြံတစ် ၀ိုက်လိမ်းပေးပါ။ ရေနဲ့ပြန်ဆေးစရာ မလိုပါဘူး။

သတိပြုရန်
အိမ်တွင်းနည်းလမ်းတွေ အသုံး ပြုတာ မသက်သာဘဲ ပိုဆိုးလာပါက ဆရာဝန်နဲ့ ပြသပါ။

 

◘ ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *