ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ ဒီအပြုအမူတွေကို ရှောင်ပါ

လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး ဆိုတာ မလုပ်မနေရ အလုပ်တစ်ခု ဖြစ်ပါ တယ်။ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ် ဖြစ်၊ လူမှုရေးရာကိစ္စတွေကြောင့်ဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ် လူအများနဲ့ ဆက်ဆံပြောဆိုနေရမှာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူကို လူအတော်များများက ခင်မင်တတ်ပါ တယ်။
ပေါင်းရ သင်းရလွယ်တယ်၊ သ ဘောကောင်းတယ်၊ ပွင့်လင်းတယ်၊ ရိုး သားတယ်၊ စိတ်ထားကောင်းတယ် စသ ဖြင့် လူတွေက ချီးမွမ်းတတ်သလို စိတ် ထားမကောင်းဘူး၊ ကပ်စေးနှဲတယ်၊ စ ကားပြောလို့မကောင်းဘူး၊ ဘ၀င်မြင့် တယ်၊ မာနကြီးတယ် စသဖြင့်လည်း ဝေ ဖန်တတ်ကြပါတယ်။ ဘယ်သူတွေ ဘာ ပြောပြော ဂရုမစိုက်သင့်တာမှန်ပေမယ့် ကိုယ့်ဘက်က မှန်မှန်ကန်ကန် နေတတ် ဖို့၊ ပေါင်းသင်းဆက်ဆံတတ်ဖို့လည်း လို ပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါ အထောက်အကူပြုနိုင်မယ့် အချက် (၄) ချက်ကို ရေးပေးလိုက်ပါတယ်။

(၁) သင့်အကြောင်းတွေချည်းပဲ အများ ကြီး ပြောမိတာ
ဘာအကြောင်းအရာကို ပြောရင် ကောင်းမလဲလို့ စဉ်းစားမိတာနဲ့ ကိုယ့်အ ကြောင်းကိုယ် အရင်ဆုံးတွေးမိပြီး ပြောမိ တာက သဘာဝပါပဲ။ ဟားဗတ်တက္ကသိုလ် က လေ့လာခဲ့တဲ့ သုတေသနတစ်ခုမှာ လည်း လူတွေက စကားပြောရင် ၃၀ – ၄၀ ရာခိုင်နှုန်းက ကိုယ့်အကြောင်းပြော ကြတယ်လို့ တွေ့ရှိထားပါတယ်။ ကိုယ့် အကြောင်းတွေချည်းပဲ ပြောနေပြီး တခြား လူကို စကားပြောခွင့်မပေးတာက ဆင် ခြင်သင့်တဲ့ အချက်ဖြစ်ပါတယ်။

(၂) သူတစ်ပါးစကားပြောတာကို သေချာ နားမထောင်တာ
သင်ကတော့စကားတွေပြောပြီး သူ တစ်ပါး စကားပြောတဲ့အခါ သေချာနားမ ထောင်ဘဲ အလိုက်သင့် ““အော်. . . အင်း”” စသဖြင့်ပဲ လိုက်ပြောနေတာက လည်း သင့်ကို လူတွေမကြိုက်စေတဲ့ အ ချက်ဖြစ်ပါတယ်။ လူတစ်ယောက်စကား ပြောနေတဲ့အခါ စိတ်ရဲ့ ၅၀ ရာခိုင်နှုန်း လောက်က ပျံ့လွင့်နေတတ်ပါတယ်။ ဒါ က သဘာဝပါပဲ။ လက်ရှိအချိန်မှာ စိတ် က ရှိမနေဘဲ၊ အတိတ်ကိုတွေးနေတာ၊ အနာဂတ်ကို တွေးနေတာတွေ ဖြစ်နေ တတ်ပါတယ်။ ဒါကြောင့် သင်နောက် ထပ် ဘာစကားထပ်ပြောရင်ကောင်းမလဲ ဆိုတာ စဉ်းစားမနေဘဲ စကားပြောနေသူ အတွက် active listener ကောင်းတစ် ယောက် ဖြစ်အောင်နေပါ။

(၃) လိုက်လျောညီထွေရှိအောင် မနေတာ
တစ်ခုခုဆို ဆန့်ကျင်ဘက်ပြောမယ်၊ ငြင်းဆိုမယ်၊ ထစ်ခနဲရှိ ဒေါသထွက်လွယ် တဲ့သူတွေ၊ တစ်ခုခုဆို Complain တက် ဖို့ချည်း လုပ်တတ်တဲ့သူတွေကို ဘယ်သူ မှ မနှစ်သက်ကြပါဘူး။ အရာတိုင်းကို အဆိုးဘက်ကစပြီးမြင်တတ်သူတွေကို ပေါင်းသင်းဆက်ဆံရခက်တဲ့လူတွေဆို ပြီးတော့ပဲ မြင်တတ်ကြတာများပါတယ်။ သင်ထင်မြင်တာနဲ့ လွဲနေတာကြုံတွေ့ ရရင် တခြားလူရဲ့ ထင်မြင်ယူဆချက်ကို လုံးဝငြင်းပယ်တာမျိုးမလုပ်ဘဲ သင် ကတော့ ဘယ်လိုမျိုးထင်တယ်ဆိုတာမျိုး အကြံပေးရုံလောက်ပဲ လုပ်ပါ။

(၄) အရမ်းပြင်ဆင်ခြယ်သလွန်း တာ
လူတိုင်း လှပကြော့ရှင်းပြီး စမတ် ကျတဲ့လူတွေကို အားကျကြပါတယ်။ သူတို့နဲ့လည်း မိတ်ဆွေအဖြစ် ပေါင်း သင်းဆက် ဆံရတာ သဘောကျကြပါ တယ်။ ဒါပေမဲ့ အလွန်အကျွံတော့မဖြစ်ပါ စေနဲ့။ ဆိုလိုချင်တာက အမြဲတမ်း ပွဲလမ်း သဘင် သွားသလိုမျိုး ပြင်ဆင်ခြယ်သ ပြီးနေတာ၊ ၀တ်စားဆင်ယင်ပုံက အပေါင်းအသင်းတွေနဲ့ ကန့်လန့်ကြီးဖြစ် နေတာမျိုး မလုပ်ပါနဲ့။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပြီး ကြည့်လိုက် ရင် သက်သောင့်သက်သာဖြစ်နေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် လုံ လောက်ပြီ ဖြစ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *